ခရစ်ယာန်တို့၏ စည်းလုံးခြင်းသည် ရွေးချယ်ပြီးမှ ပြုလုပ်ရမည့်အရာမဟုတ်

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်း

ခရစ်ယာန်တို့၏ စည်းလုံးခြင်းသည် ရွေးချယ်ပြီးမှ ပြုလုပ်ရမည့်အရာမဟုတ်
ဇန်နဝါရီလ ၁၆၊ ၂၀၁၉

 

ကမ္ဘာပေါ်မှာ ရှိသောခရစ်ယာန်များအား ပြည့်ဝသောစည်းလုံးမူအတွက် လုပ်ဆောင်ကြရန်နှင့် ဆုတောင်းကြရန် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ တောင်းဆိုလိုက်ပါသည်။ အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်း မတိုင်မှီ ခရစ်ယာန်များစည်းလုံးခြင်း ဆုတောင်းရာ ရက်သတ္တပတ်ကို ဇန်နဝါရီလ ၁၈ ရက်မှ ၂၅ ရက်နေ့ ထိ သတ်မှတ်ထားကြောင်း သတိပေးခဲ့ပြီး ခရစ်ယာန်တို့၏ စည်းလုံးခြင်းသည် ရွေးချယ်ပြီးမှ ပြုလုပ်ရမည့်အရာမဟုတ် ကြောင်း နှိုး​ဆော်​လိုုိက်ပါသည်။

 

နှစ်စဉ်နှစ်တိုင်းဆုတောင်းနေကြ ရက်သတ္တပတ်၏ ရည်ရွယ်ချက်ကို တရားမျှတခြင်း အတွက်​ ရည်ရွယ်ဆုတောင်းကြဖို့ နှင့် ခရစ်ယာန်တို့၏ စည်းလုံးခြင်း ရက်သတ္တပတ် ဆု​တောင်းခြင်းအစီစဉ်ကို ရောမမြို့အပြင်ဖက် စိန့်ပေါ ဗာစီလိကားတွင် သောညနေ့ ညနေမေတ္တာ ရွတ်ဆိုခြင်းဖြင့် စတင်ရန် စီစဉ်ထားပါသည်။

 

ခရစ်ယာန်များအားလုံးကို ဘုရားသခင်၏ အလိုတော်ဖြစ်သော မိသားစုတစ်​စုတည်းဖြစ်ရေး တစ်ခုတည်းဖြစ်ရေး အတွက် ဆုတောင်းကြဖို့ ဖိတ်ခေါ်လိုက်ပါသည်။ လိုအပ်သောသူများကို ကူညီရန်​ထိရောက်သေချာသော လုပ်ဆောင်မူများနှင်​့ အတူတကွဖွံဖြိုးတက်တက်မူများဖြင့် စစ်မှန်သောတရားမျှတမူကို ဖော်ထုတ်ရာတွင် ခရစ်ယာန်တို့၏ စည်းလုံးခြင်းသည် ရွေးချယ်ပြီးမှ ပြုလုပ်ရမည့်အရာမဟုတ်ကြောင်း ထောက်ပြပြောကြားခဲ့ပါသည်။ ခရစ်ယာန်များသည် ကမ္ဘာကြီးအတွက် စံပြစည်းလုံးမူဖော်ဆောင်နိုင်သူများဖြစ်ရန် ဆုတောင်းရာ ရက်သတ္တပတ် ကို သတ်မှတ်ထားဖြင်းဖြစ်ပါသည်။ ဘာသာတရားနှီးနှောဖလှယ်ခြင်း၊ အတူတကွဆုတောင်းခြင်းအားဖြင့်မတူညီသော ခရစ်ယာန်ညီကိုမောင်နှမများ၊ အတူတကွ စုရုံးခွင့်ရ​​သော အခွင့်အရေးလည်းဖြစ်ပါသည်။ ယခုနှစ် ၂၀၁၉ ခုနှစ်အတွက် ဆုတောင်းရာရည်ရွယ်ချက်အဖြစ် တရားမျှတမူကို ရယူခြင်း အဖြစ် ရည်ရွယ်ထားပါသည်။

 

https://www.vaticannews.va/en/pope/news/2019-01/pope-francis-christian-u...

#pope, #generalaudience, #christianunity, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 8 =