ခရစ်ယာန်တို့ရဲ့ ဇီဝဆိုင်ရာ လူ့ကျင့်ဝတ် စိန်ခေါ်မှုကို တုံ့ပြန်နိုင်ဖို့ ကျွန်ုပ်တို့ ဆုတောင်း ကြပါစို့။

ခရစ်ယာန်တို့ရဲ့ ဇီဝဆိုင်ရာ လူ့ကျင့်ဝတ် စိန်ခေါ်မှုကို တုံ့ပြန်နိုင်ဖို့ ကျွန်ုပ်တို့ ဆုတောင်း ကြပါစို့။

သိပ္ပံပညာ တိုးတက်နေပြီး ဇီဝဆိုင်ရာလူ့ကျင့်ဝတ်ကနေ ပြဿနာ အပိုင်းတွေကို ဖော်ပြနေပြီ။ ဒီဟာက ကျွန်ုပ်တို့ ငှက်ကုလားအုတ်လိုမျိုး ခေါင်းပုန်း မနေဘဲ တုံ့ပြန် ဖြေရှင်း ရမှာပါ။ ဇီဝဆိုင်ရာ လူ့ကျင့်ဝတ်ဟာ လူ့ဂုဏ် သိက္ခာကို လေးစားခြင်းကနေ အမြဲတမ်း အခြေခံပါတယ်။ ဥပမာ-လူ့သန္ဓေသား တွေကို တစ်ခါသုံး ပစ္စည်း လိုမျိုး စွန့်ပစ်လိုက်လို့ မရပါဘူး။

ဒီလိုအလွယ်တကူ စွန့်ပစ်တဲ့ စရိုက် (ရိုးရာ)မျိုး အသုံးပြုလို့ လုံးဝ မရပါဘူး။ အဲဒီစရိုက်ကို ကျယ်ပြန့်စွာ အသုံးပြု လာခြင်းက ဆိုးကျိုးအများကြီး ဖြစ်စေပါတယ်။ ဇီဝလူ့ကျင့်ဝတ်ဆိုင်ရာ တွေကို သုတေသန လုပ်ဆောင်ရာမှာ ငွေကြေး ရရှိဖို့ ဦးစားပေး တာဟာလည်း ဆိုးကျိုးပဲ ဖြစ်ပါတယ်။

သေးငယ်တဲ့ စဉ်းစားဆုံးဖြတ်မှုနဲ့ ‌လေးနက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်‌ နေတာကို ကျွန်ုပ်တို့ နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒီအရာက နည်းပညာ တိုးတက်မှုကို ဟန့်တားနေတာ မဟုတ်ဘဲ ကျွန်ုပ်တို့ သူတို့ကို အဖော်ပြု ပေး ရပါမယ်။

ဒီအရာက တိုးတက်မှု တွေနဲ့အတူ လူ့ဂုဏ်သိက္ခာ မထိခိုက် ရ‌လေအောင် ကာကွယ်နေတာ ဖြစ်ပါတယ်။ ဖွံ့ဖြိုး တိုးတက်မှု နာမည်နဲ့ လူ့ဂုဏ် သိက္ခာကို ထိခိုက်အောင် လုပ်လို့မရပါဘူး။ အဲဒီနှစ်ခုက သဟဇာတ ညီမျှအောင် သွားနေရမှာ ဖြစ်ပါတယ်။

ဇီဝလူ့ကျင့်ဝတ် ပြဿနာကို ရင်ဆိုင် နေကြရတဲ့ ခရစ်ယာန်တွေ အတွက် ကျွန်ုပ်တို့ ဆုတောင်းကြပါစို့။ သူတို့တွေ ဆုတောင်းခြင်းနဲ့ လက်တွေ့လုပ်ဆောင်ခြင်း နဲ့အတူ လူအားလုံးရဲ့ လူ့ဂုဏ်သိက္ခာ ဆက်လက် ကာကွယ်နိုင် ကြပါစေ။

YouTube Link : https://bit.ly/3tj9RWI

Source: Vatican Media

✍️ ထန်းဟာ, SJ

#rvamyanmar #rvapastoralcare #PopeFrancisIntentionsforMarch2022

Add new comment

2 + 4 =