ခရစ်ယာန်တိုင်း "သာသာနာပြုတဲ့ တပည့်တော်" တွေ ဖြစ်လာဖို့

ခရစ်ယာန်တိုင်း "သာသာနာပြုတဲ့ တပည့်တော်" တွေ ဖြစ်လာဖို့

အောက်တိုဘာလ၊ ပုပ်ရမင်းကြီးရဲ့ ဆုတောင်း ရန်ရည်ရွယ်ချက် က ခရစ်ယာန်တိုင်း "သာသာနာပြုတဲ့ တပည့်တော်" တွေ ဖြစ်လာဖို့ ဖြစ်တယ်။

 

 "သာသာနာပြုတဲ့ တပည့်တွေဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလား"လို့ သင်နဲ့ ကျွန်ုပ်တို့အားလုံးကို သခင်ယေဇူးက မေးနေပါတယ်။ သခင့်ရဲ့ဖိတ်ခေါ်မှုကို ဖြေပြီး နေ့စဥ်လုပ်ဆောင်တဲ့ အရာတွေမှာ သခင်ယေဇူးနဲ့ ပေါင်းစည်း တုံ့ပြန်ချိန်ဟာ လုံလောက်တယ်။

 

နေ့စဥ်အလုပ်၊ တာဝန်ဝတ္တရား၊ တွေ့ကြုံရတဲ့လူတွေနဲ့ အဖြစ်ပျက်တိုင်းမှာ ကျွန်ုပ်တို့ ကိုယ်တိုင်ကနေ သန့်ရှင်းသော ဝိညာဥ်တော်ဘုရားရဲ့ အမြဲတမ်း ဦးဆောင် လမ်းညွှန် ပေးတာကို ခွင့်ပြုလမ်းဖွင့်ပေး လိုက်ပါ။ သခင်ယေဇူးရဲ့ထိတွေ့မှု၊ လမ်းညွှန်ပေးမှုနဲ့ သင်လုပ်ဆောင် တယ်ဆိုရင် တခြားသူတွေ တလွယ်တကူ သတိပြုလာကြလိမ့်မယ်။

 

သင့်ဘဝရဲ့သက်သေခံမှုက တခြားသူတွေကို အားကျစေပြီး အဲလိုအားကျတာကနေ သူတို့ကို သူတို့ မေးကြလိမ့်မယ်။ သူက ဘယ်လိုလုပ်ပြီး အဲဒီလို လုပ်နိုင်တာလဲ။ ဘယ်လိုချစ်ခြင်း မျိုးနဲ့ သူကလူတိုင်းကို ကြင်နာပြီး ပျော်ရွှင်စွာ ဆက်ဆံတာလဲ။ ကျွန်ုပ်တို့ရဲ့(မစ်ရှင်) သာသနာတာက ဘာသာထဲကို မသိမ်းသွင်းဘဲ "သခင်ယေဇူးကို ကျွန်ုပ် သိတယ်"ဆိုတဲ့ လူနဲ့ "သခင်ယေဇူးကို ကျွန်ုပ် သိချင်ပါတယ်" ဆိုသူတွေအကြားမှာ သက်သေခံ တွေ့ဆုံခြင်းအားဖြင့် မစ်ရှင် အလုပ်ကို အခြေခံတာ ဖြစ်ပါတယ်။

 

ညီအစ်ကို မောင်နှမ အပေါင်းတို့ ဆေးကြောခြင်းခံယူပြီးသူတိုင်း သတင်းကောင်း ဖြန့်ဝေးခြင်းမှာ တက်ကြွစွာ ပါဝင်လုပ်ဆောင်ပြီး ဧဝံဂေလိကျမ်းချက်ကို သက်သေခံရှင်သန်တဲ့ ဘဝအသက်တာနဲ့ မစ်ရှင် လုပ်ငန်းမှာ အချိန်ပေး ပါဝင်နိုင်ကြဖို့အတွက် ဆုတောင်းကြပါစို့။ 

 

✍️ထန်းဟာ, SJ✍️

#rvamyanmar #rvapastoralcare #PopeFrancis 

Add new comment

6 + 12 =