ခရစ်တော်၏လက်ဝါးကပ် တိုင်သည် မျှော်လင့်ခြင်းရောင်ခြည်ဖြစ်သည်။

ခရစ်တော်၏လက်ဝါးကပ် တိုင်သည် မျှော်လင့်ခြင်းရောင်ခြည်ဖြစ်သည်။

အပတ်စဉ် လူထုပရိတ်သတ်များတွေ့ဆုံနေစဉ် ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်သည် အီစတာထရစ်ဒီယမ် (Easter Tridiuum) နှင့် သခင်ခရစ် တော်၏ ဒုက္ခစရိယာခံထမ်းခြင်း၊ အသက်စွန့်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဟူသော နက်နဲလှသော ကယ်တင်ခြင်းကို ကျင်းပခြင်းတို့ကို ပွဲ့နေ့မတိုင်မီ အကြိုနေ့ ဖြစ်သော ဗုဒ္ဓ ဟူးနေ့ကပင် ဤအကြောင်း အရာများကို ဗဟိုပြု၍ မိန့်ကြားခဲ့သည်။

"ချစ်ခြင်းမေတ္တာ၏ပညတ်တော်သစ်"

သန့်ရှင်းသော ကြာသပ တေးနေ့ကြီးနှင့် သခင်ခရစ်တော်၏ ညစာစားပွဲကို ကြိုတွေးလျက် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က "ခရစ်တော်သည် တပည့်တော်ကြီးများ၏ ခြေကိုဆေးခြင်း၊ ချစ်ခြင်း၏ ပညတ်သစ်နှင့် ခရစ်တော်၏ လူသားအားလုံး ကယ်တင်ခြင်းအတွက် မိမိကိုယ်ခန္ဓာနှင့်အသွေးကိုယဇ်ပူဇော်ခြင်း ၏အထိမ်းအမှတ်အဖြစ် ကိုယ် တော်မြတ်ကို ဖန်ဆင်းခြင်းများကို ပြန်လည်အမှတ်ရစေခဲ့သည်။

"လက်ဝါးကပ်တိုင်အား သဒ္ဓါကြည်ညိုခြင်း"

သန့်ရှင်းသော သောကြာနေ့ဘက်သို့ ဦးတည်လျက် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်စ်က "ဘာသာရေးဆိုင်ရာ ပြင်းထန်သော ဓလေ့ထုံးတမ်းများအရ ကျွန်ုပ်တို့သည် လက်ဝါး ကပ်တိုင်ကို သဒ္ဓါကြည်ညိုခြင်း ပြုဖို့ရန်အတွက် ထားရှိမည်ဖြစ် သည်။ လက်ဝါးကပ်တိုင်ကို သဒ္ဓါကြည်ညိုခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းအတွက် ပူဇော်ခဲ့သော အပြစ်မဲ့သိုးသငယ်၏ ခရီးကို ပြန် လည်ခံစားကြရလိမ့်မည်။ ”

ထိုနေ့ရက်၌ -“ ကျွန်ုပ်တို့၏ စိတ်နှလုံးသားများ၌ မကျန်း မာသူများ၊ ဆင်းရဲသားများ၊ ဤကမ္ဘာကြီးမှ စွန့်ပစ်ခံလူ သားများ၏ ဒုက္ခများကို အောက်မေ့သတိရလျက် အ သက်စွန့်ခဲ့ကြသည့် အပြစ်မဲ့ သိုးသူငယ်များဖြစ်ကြသော -စစ်ဘေးဒုက္ခသည်များ ၊ အာဏာရှင်စနစ်များ၏ ကျေး ကျွန်အဖြစ် ရောက်ရှိနေရသူ များ၊ နေ့စဉ်နှင့် အမျှအကြမ်း ဖက်ခံရသူများနှင့် ကိုယ်ဝန်ဖျက်ချခြင်းများကို သတိရဆုတောင်းပေးကြရပါမည်။ ”

ပုပ်ရဟန်းမင်းကြီးက "လက်ဝါးကပ်တိုင်၌ အသေခံတော်မူသော ဘုရားသခင့် ပုံတော်ရှေ့မှောက်တွင် ကျွန်ုပ်တို့ လက်ထက်၌ အသက်စွန့်ပေး ဆပ်ခဲ့ကြသူများကို ဆုတောင်းမေတ္တာအားဖြင့် ကားတိုင်ရှေ့ မှောက်တွင် ယူဆောင်လာကြရပါမည်။ ထိုသူတို့သည် သခင်ခရစ်တော်ထံမှသာ သူတို့၏ ဒုက္ခခံထမ်းရခြင်း၏ အနှစ် သာရကို သိရှိကြပြီး နှစ်သိမ့်မှုကို ရရှိနိုင်ကြသည်။

“ ယေဇူးသခင်သည် လူသားများနှင့်သေခြင်းဒဏ်ရာများကို ခံယူလာသည့် အချိန်မှစ၍ ဘုရားရှင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့လူသားများ၏ သဲကန္တာရများကို ရေလောင်းပေးခဲ့ပြီး၊ ကျွန်ုပ်တို့၏အမှောင်ထုကိုလင်းစေခဲ့သည်။ ”

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က “အဘယ်ကြောင့် ကမ္ဘာကြီးသည် အမှောင်ထုထဲ၌ ရှိနေရတာလဲ။ ကျွန်ုပ်တို့သည် ကလေးငယ်များ အစာခေါင်းပါး၍ ပညာရေးမလုံလောက်သည့် ကမ္ဘာ၊ စစ်ပွဲများနှင့်ပြည့်နှက်နေသော ကမ္ဘာတွင်နေထိုင်နေကြောင်း မိန့်ကြားခဲ့သည်။ လူအများစုသည် အနည်းငယ်မျှသာသက် သာစေဖို့ မူးယစ်ဆေးဝါးသုံးကြခြင်းသည် တကယ့်ဆိုးဝါးသည့် ကန္တာရတစ်ခုဖြစ်သည်။ မိမိတို့၏ စိတ်နှလုံးသားများ၌ ပိုမိုကောင်းမွန်အောင် နေထိုင်လိုသည့် စိတ်ဆန္ဒရှိသည့် ဘု ရား၏ လူ‌မျိုးတော်များနေ ထိုင်ရာ သေးငယ်သော ကျွန်း အနည်းငယ်သာရှိသည်။ သို့ သော် ရင်ဆိုင်ကြပါစို့။ ဤ သေခြင်း၏ကာလ်ဝါရီတောင်ပေါ်တွင် သခင်ခရစ်တော်သည် တပည့်တော်ကြီးများ၌ ဒုက္ခခံထမ်းခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က "သခင်ခရစ်တော်၏ ဒဏ်ရာတော်များအားဖြင့် ကျွန်ုပ်တို့၏ အနာအဆာများသည် ပျောက်ကင်းသွားခဲ့ပြီး သူ၏ သေခြင်းတရားအားဖြင့်ကျွန်ုပ် တို့အားလုံးသည် အသစ်စက် စက် ပြန်လည်မွေးဖွားလာကြောင်း မိန့်ကြားခဲ့သည်။ လက်ဝါးကပ်တိုင်တွင်စွန့်ပစ်ခံထားရသောသခင်၏ကျေးဇူးတော်ကြောင့်“ သေမင်း ၏ အမှောင်ထုတွင်မည်သူတစ် ဦး တစ်ယောက်မျှနောက်တဖန်မနေရ” ဟူ၍လည်း မိန့်ကြားခဲ့သည်။

"ယုံကြည်သူတို့၏ မိခင်"

သန့်ရှင်းသော စနေနေ့ကြီးကို ထောက်ရှုလျက် ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်က ထိုနေ့ရက်ကို “ပထမ တပည့်များ ၏ မျက်ရည်ကျခြင်းနှင့်မိန်းမောတွေဝေခြင်း ကြုံတွေ့ရသည့်နေ့၊ တိတ်ဆိတ်သည့်နေ့” ဟူ၍ ဖော်ပြခဲ့သည်။ ဤစနေနေ့ကြီးသည် မေရီ၏နေ့လည်းဖြစ်သည်၊ သူမသည်လည်း မျက်ရည်များနှင့် ရှင် သန်နေခဲ့ရသော်လည်း သူမ ၏စိတ်နှလုံးထဲ၌ ပြီးပြည့်စုံသော ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းတို့ဖြင့် ပြည့်ဝနေခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက​မြွက် ကြားသည်မှာ "ဘုရား၏ မယ် တော်သည် သူမ၏ စိတ်နှလုံးကိုနာကျင်စွာ ထိုးဖောက်ခံရသည့်ကြားကပင် လက်ဝါး ကပ်တိုင်၏ ခြေရင်း၌ရှိနေခဲ့သည်။ သို့သော် အရာခပ်သိမ်းသည် ပြီးမြောက်သွားသည့်အခါ “သူမသည်သတိနှင့်စောင့် နေ၍ သေလွန်သောသူတို့ကိုထမြောက်စေတော်မူသေဘုရားသခင်၏ဂတိတော်ကိုမြော်လင့်လျက်နေ၏။ ” ဟူ၍ မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဤအရာကိုဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာကြီး၏ အမှောင်ဆုံးအချိန်တွင် သူမသည် ယုံကြည်သူတို့၏ မိခင်၊ အ သင်းတော်၏ မိခင်နှင့် မျှော် လင့်ခြင်းအမှတ်အသားတစ်ခု ဖြစ်လာခဲ့သည်” ဟုရှင်းပြခဲ့သည်။ သူမ၏သက်သေခံခြင်းနှင့်ကြားဝင်ဖြန်ဖြေခြင်းသည် ကျွန်ုပ်တို့၏ လက်ဝါးကပ်တိုင်သည် အလွန်လေးလံလာသည့်အခါ၌ ကျွန်ုပ်တို့အား အား ဖြည့်အထောက်အကူပေး သည်။

တဖန် ပုပ်ရဟန်းမင်းကြီးက ရှင်ပြန်ထမြောက်တော်မူကြောင်းကို ငြင်းပယ်သော သင်္ချိုင်း၌ရှိနေကြသော သခင်ယေဇူး၏ ရန်သူများကဲ့သို့, ပိုက်ဆံ၏မျက်နှာကိုထောက် ၍ မိမိတို့ ယုံကြည်သောအရာကို ငြင်းပယ် ဆန့်ကျင်ခြင်းကို သတိပေးခဲ့သည်။

သန့်ရှင်းသော စနေနေ့ကြီး၏ အမှောင်ထုထဲတွင် အီစတာ၏ နိုးနိုးကြားကြားရှိရိုးရာဓလေ့များနှင့် Alleluia ၏ သီချင်းသံ ပျော်ပွဲရွှင်ပွဲများနှင့်အတူဝမ်းမြောက်ရွှင်လန်းခြင်းနှင့်အလင်းများဖြတ်သန်းသွားပါလိမ့်မည်”

"မျှော်လင့်ခြင်း၏ ရောင်ခြည်"

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က တရားတော်ကို နိဂုံးချုပ်သည့်အနေဖြင့် ယခုနှစ်မှာလည်း ယုံကြည်သူများသည် အီစတာပွဲတော်ကို ကမ္ဘာ့ကူးစက်ပြန်

ပွားသည့် ရောဂါများကြားတွင် တဖန်ပြန်ကျင်းပကြရမည်ဖြစ်ကြောင်း မှတ်ချက်ချခဲ့ပါသည်။

သို့သော်သူသည်ဆင်းရဲဒုက္ခများစွာကိုခံစားခဲ့ရသော် လည်း“ ခရစ်တော်၏ ကားတိုင်တော်သည် မုန်းတိုင်းများကြားက ရုန်းကန်နေရသော သင်္ဘောငယ်ကို ဆိပ်ကမ်းသို့ ညွှန်ပေးသောရောင်ခြည်သ ဖွယ် ဖြစ်သည်။

ဤအရာသည် ကျွန်ုပ်တို့အား မည်သည့်အခါမျှ လဲကျမသွားစေမည့် မျက်ရည်တစ်စက်ကျခြင်း၊ငိုခြင်းများသည် ဘုရား ရှင်၏ ကယ်တင်ခြင်း အစီစဉ် ၌ ပျောက်ပျက်မသွားရ ဟူ၍ ပြောပြထားသည့် မျှော်လင့်ခြင်း၏အမှတ်လက္ခဏာဖြစ် သည်။

သာသာပြန်-Sr.Lucy Ciang,SJA

https://bit.ly/3rPzf21

Add new comment

3 + 3 =