ခရစ်ယာန်တစ်​ဦးသည် ဂျူးလူမျိုးမုန်းတီးရေးဝါဒီတယောက် မဖြစ်ရ

ကမ္ဘာ ပါရှန်း(အီရန်) ဂျူးလူမျိုးများညီလာခံ ကိုယ်စလှယ်အဖွဲ့ကို တနင်္လာ နေ့က ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် လက်ခံတွေ့ဆုံ
ခရစ်ယာန်တစ်​ဦးသည် ဂျူးလူမျိုးမုန်းတီးရေးဝါဒီတယောက် မဖြစ်ရ
နိုဝင်ဘာလ ၅၊ ၂၀၁၈
ကမ္ဘာ ပါရှန်း(အီရန်) ဂျူးလူမျိုးများညီလာခံ ကိုယ်စလှယ်အဖွဲ့ကို တနင်္လာ နေ့က ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းတွေ့ဆုံခြင်းတွင် ဂျာမန် နာဇီတို့၏ သတ်ဖြတ်ခြင်းခံခဲ့ရသော အတိတ်ဖြစ်ရပ်များကို ပြန်လည်ဖော်ထုတ်ရင်း၊ လူသားထုတစ်​ရပ်လုံးအား ရှင်းလင်းသုတ်သင်ခြင်းများကို ဖြစ်ပေါ်စေသော အမုန်းတရားဝါဒီ နှင့် ရုပ်ဝါဒီကို ဦးစားပေးသော အာဏာတပ်မက်ခြင်း တို့နေရာ၌ ဘုရားသခင်၏ ကောင်းမြတ်ခြင်းအားဖြင့် ပြန်လည်အစားထိုးကြရန်၊
ဘာသာတရားကို
လွတ်လပ်စွာကိုးကွယ်ခွင့်သည် လူတို့၏ အခြေခံရပိုင်ခွင့်ကိုကာကွယ်ခြင်း၊ အကြွင်းမဲ့အာဏာရှင် စနစ်ကျင့်သုံးခြင်းကို ခုခံကာကွယ်ပြီး၊ အမြင့်ဆုံးသော ကောင်းမြတ်ခြင်းကိုကာကွယ်ခြင်းဖြစ်သည်။
ခရစ်ယာန်တစ်​ဦးသည် ဂျူးလူမျိုးမုန်းတီးရေးဝါဒီတယောက် မဖြစ်ရ ပါ။ အဘယ်ကြောင့်ဆိုသော် ရေသောက်မြစ်တစ်​ခုတည်းက ထွက်လာသော အကိုင်းအခက်များဖြစ်သောကြာင့်၊ မိမိကိုယ်ကိုယ် ဆန့်​ကျင်သကဲ့သို့ဖြစ်နေမည်ဖြစ်ကြောင်းရှင်းပြခဲ့ပါသည်။ တစ်​ဦးနှင့် စည်းလုံးချစ်ခင်စွာနေထိုင်ကြဖို့၊ နားလည်သည်းခံမှု နှင့် ပြန်လည်သင့်မြတ်ရေးများတည်ဆောက်ကြဖို့၊ ပြောကြားရင်း ဟေဗြေဦး လူမျိုးတို့၏ ရိုးရာ ဓလေ့အတိုင်း ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ Shalom Aleichem ဟု ကမ္ဘာ ပါရှန်း(အီရန်) ဂျူးလူမျိုးများညီလာခံ ကိုယ်စလှယ်အဖွဲ့ကို ကောင်းကြီးပေးခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-audience-mountain-jews.html

#pope, #mountaijews,#meet, #peterkm
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 8 =