ခက်ခဲနေတဲ့အခိုက်အတန့်ထဲကျွန်ုပ်တို့ကိုဘုရားရဲ့ ချစ်ခြင်းကိုတွေ့ကြုံစေတဲ့အချိန်ကိုစဥ်းစားကြည့်ကြစို့

အလေ့အကျင့် တစ်ခုလုပ်ပြီး အများကြီး အကျိုးရှိစေမဲ့ အကြံဉာဏ် ကျွန်ုပ် ပေးချင်ပါတယ်။ ဒီနေ့ ကျွန်ုပ်တို့ရဲ့ မှတ်ဉာဏ်ကနေ ကျွန်ုပ်တို့ ဘဝမှာ သခင်ယေဇူးရဲ့လုပ်ဆောင်ချက် လက္ခဏာကို ရှာဖွေကြည့်ကြပါစို့။ ကျွန်ုပ်ရဲ့ဘဝမှာ သခင်ယေဇူးဘာလက္ခဏာတွေ လုပ်ဆောင် ခဲ့သလဲလို့ အယောက်စီတိုင်း မေးကြည့်ကြပါ။ သခင်ယေဇူးက ကျွန်ုပ်တို့ကို ချစ်တဲ့ လက္ခဏာတွေနဲ့ သူ့ရဲ့တည်ရှိမှု သဲလွန်စတွေက ဘာတွေ ဖြစ်မလဲ။ ခက်ခဲနေတဲ့အခိုက်အတန့်ထဲ ကျွန်ုပ်တို့ကို ဘုရားရဲ့ ချစ်ခြင်းကို တွေ့ကြုံစေတဲ့ အချိန်ကို စဥ်းစားကြည့် ကြပါစို့။ ဘုရားရဲ့သနားကြင်နာခြင်းကို ခံစားရတဲ့ ထင်ရှားတဲ့ ချစ်ခြင်း လက္ခဏာတွေ ကျွန်ုပ်မှာ ရှိသလားလို့ ကျွန်ုပ်တို့ မိမိကိုယ်ကို မေးကြည့် ကြပါစို့။ ဘယ်အချိန်မှာ ဘုရားနဲ့ကျွန်ုပ် အနီးကပ်ဆုံးလို့ ခံစား ခဲ့ရသလဲ။ ဘယ်အချိန်မှာ ဘုရားရဲ့ ကရုဏာနဲ့ သနားကြင်နာခြင်းကို ပိုပြီး ခံစား ခဲ့ရသလဲ။ ကျွန်ုပ်တို့အယောက်စီရဲ့ ကိုယ်ပိုင်သမိုင်း ကျွန်ုပ်တို့ ကိုယ်စီမှာလည်း အဲဒီလိုမျိုး ခံစားချက်တွေ ရှိကြပါတယ်။ အဲဒီလိုမျိုး လက္ခဏာတွေကို ကျွန်ုပ်တို့ သွားရှာကြပါစို့၊ အဲဒါတွေကိုလည်း ကျွန်ုပ်တို့ သတိရ ကြပါစို့။

✍️ထန်းဟာ, SJ

Add new comment

4 + 10 =