ကရုဏာတရားရဲ့ဖြူစင်ခြင်းက ကမ္ဘာကြီးနဲ့အသင်းတော်ကို ပြောင်းလဲစေတယ်

Rosminian အသင်းဂိုဏ်း အထွေထွေ အစည်းအဝေးသို့ တက်ရောက်လာသောကိုယ်စလှယ်များနှင့် တွေ့ဆုံခြင်း
ကရုဏာတရားရဲ့ဖြူစင်ခြင်းက ကမ္ဘာကြီးနဲ့အသင်းတော်ကို ပြောင်းလဲစေတယ်
အောက်တိုဘာ ၁၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-10/pope-francis-rosminians-holiness-charity.html

#rosminian, #pope, #charity, #holiness, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အောက်တိုဘာလ ၁ ရက် တနင်္လာနေ့ ဗာတီကန်နန်းတော်တွင် Rosminian အသင်းဂိုဏ်း အထွေထွေ အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စလှယ်များနှင့် တွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကရုဏာတရားရဲ့ဖြူစင်ခြင်းက ကမ္ဘာကြီးနဲ့အသင်းတော်ကို ပြောင်းလဲစေနိုင်သည့်အကြောင်းကို ပြောပြခဲ့ပါသည်။
သနားကြင်နာကြလော့ ပြည့်ဝစုံလင်ကြလော့ ခေါင်းစဉ်ခြင့် Rosminian အသင်းဂိုဏ်း အထွေထွေ အစည်းအဝေးသို့ တက်ရောက်လာသောကိုယ်စလှယ်များနှင့် တွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သန့်ရှင်းစင်ကြယ်ခြင်းသည် ထိမ်းသိမ်းထားရန် ကျေးဇူးတော်မဟုတ် ကရုဏာလုပ်ငန်းနှင့်ယှဉ်တွဲ၍ လက်တွေ့ကျင့်သုံးအသက်ရှင်ရမည့်အရာဖြစ်ကြောင်း၊ အထူးသဖြင့် မိမိဘဝကို ဘုရားသခင်ထံဆက်ကပ်ထားသူများ ခရစ်တော်အပေါ်သစ္စာရှိမှုနှင့် မိမိဘဝအသက်တာ ပေးဆပ်မှုတို့အားဖြင့် လက်တွေ့အသုံးပြု ရှင်သန်နေရမည် ဖြစ်သည်။
အရာအားလုံး၏ အထက်မှာ သနားကြင်နာမှုရှိရမည် ဟူသောခေါင်းစဉ်ဖြင့် အတွင်းစိတ်ငြိမ်သက်ခြင်း၏ အကျိုးရလဒ်၊ ပြင်ပထိန်းချုပ် နှုတ်ဆိတ်နိုင်ခြင်း၏ ရဲးရင့်သောသတ္တိတို့သည် အသင်းဂိုဏ်း၏ အသီးအပွင်များ ဖြစ်သည်။
ဖြူစင်သော စိတ်နှလုံးမရှိဘဲ ကရုဏာရေးလုပ်ငန်းသည် ရှေ့ဆက်လုပ်ဆောင်၍မရနိုင်ပါ။
သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ အကူအညီရယူပြီး
ဘာသာရေး၊ လူမှုရေး၊ ဝိညာဉ်ရေး၊ အသိဉာဏ်တိုးပွားရေး၊ သာသနာလုပ်ငန်းများကို လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ပါသည်။

Rosminian အသင်းဂိုဏ်းသည် ၁၉ ရာစု အစောပိုင်း က ရဟန္တာအန်တိုးနီယို ရောစ်မီနီက တည်ထောင်ခဲ့သော ကရုဏာရေး အသင်ဂိုဏ်း တစ်ခုဖြစ်ပြီး ဒုက္ခရောက်သူ များနှင့် အနီးကပ် ပြုစုကူညီပေးသော အသင်းဂိုဏ်းတစ်ခုဖြစ်ပါသည်။

Add new comment

4 + 3 =