ကွန်မြူးနစ် ဝါဒကျင့်သုံးသူတို့၏ လက်ချက်ဖြင့် ယုံကြည်ခြင်းအတွက် အသက်ပေးသွားကြသော ဂရိနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး ၇ ပါး

သူတော်မြတ် ရပါး တင်မြှောက်ခြင်းအခမ်းအနား

ကွန်မြူးနစ် ဝါဒကျင့်သုံးသူတို့၏ လက်ချက်ဖြင့် ယုံကြည်ခြင်းအတွက် အသက်ပေးသွားကြသော ဂရိနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး ၇ ပါး
ဇွန်လ၂၊ ၂၀၁၉

ကွန်မြူနစ် ဝါဒကျင့်သုံးသူတို့၏ လက်ချက်ဖြင့် ယုံကြည်ခြင်းအတွက် အသက်ပေးသွားကြသော ဂရိနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး ၇ ပါးကို ရိုမေးနီးယား တွင် ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ သူတော်မြတ်​ ၇ ပါးအဖြစ် ၂၀၁၉ ဇွန်လ ၂ ရက်နေ့က ရိုးမေးနီးယာန် ဂရိ ကက်သလစ်ဘာသာဝင်တို့၏ ဘာသာရေး နှင့် ယဉ်​​ကျေးမှု ဗဟို ဌာနဖြစ်သော တရန်စီဗေးနီးရား နယ် Blaj မြို့တွင် တင်မြှောက်ခဲ့ပါသည်။ ယင်းအခမ်​းအနားတွင် ယုံကြည်သူဘာသာဝင် တစ်သိန်​း​ကျော် ပါဝင်ခဲ့ပါသည်။

ဂရိနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး ရပါး ကို ကွန်မြူနစ် ဝါဒကျင်သုံးသော အုပ်ချုပ်မှုစနစ်အောက်တွင် ၁၉၄၈ ခုနှစ်က ဖမ်စီးထောင်ချခံခဲ့ရပါသည်။ ပြင်းထန်စွာအလုပ်ခိုင်စေခံရခြင်း၊ အစာရေစာ လုံလောက်စွာမစားသောက်ရခြင်း၊ ပြင်းထန်သောရာသီဥတုဒဏ် ရောဂါဝေဒနာတို့ဖြင့် ထောင်ထဲတွင် ဆရာတော်ခုနှစ်ပါးလုံး သေဆုံးခဲ့ရပါသည်၊ ပို၍ဆိုးဝါးသည်မှာ သူတို့ကို မည်သည့်​နေရာတွင်မြုပ်နှံသဂြိုင်္လ်​ခဲ့သည်ကိုပင်မသိရှိခဲ့ကြရပါ။

သူတော်မြတ် ရပါး တင်မြှောက်ခြင်းအခမ်းအနားတွင် အသုံးပြုခဲ့သော ထိုင်ခုံသည် ဆရာတော်ကြီးများအား ဖမ်းစီးထောင်ချခဲ့သည် အကျင်းထောင်တွင် ထောင်သားများအိပ်သော သစ်သားကုတင်များမှ သစ်သားများ၊ ထောင်တံခါးတိုင်သစ်သားများဖြင့်ပြုလုပ်ထားသည်​့ထိုင်ခုံဖြစ်ပါသည်။

ကွန်မြူနစ် ဝါဒကျင့်သုံးသူတို့၏ လက်ချက်ဖြင့် ယုံကြည်ခြင်းအတွက် အသက်ပေးသွားကြသော ဂရိနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး ရပါးမှာ -

♥ Iuliu Hossu
ရိုမေးနီးယား နိုင်ငံသည် ဆိုဗီယက်တို့လက်ထဲကျရောက်ပြီး Nicolae Ceausescu အုပ်ချုပ်စဉ်ကာလ Iuliu Hossu သည် ရောမမြို့၌ ရဟန်းတို့တက်​အပ်​သော ဓမ္မသဂြိုင်္ လ်​ပညာသင်ကြားစီးပူးအပြီ ပြန်အလာတွင် ဖမ်​းစီးခံခဲ့ရပြီး ထောင်ထဲတွင် ၂၂ နှစ်ကြာ နေထိုင်ခဲ့ရပါသည်။ သူရဲ့နောက်ဆုံးစကားမှာ ငါ၏တိုက်ပွဲပြီးပြီ သင်တို့ဆက်လက်တိုက်ကြပါဟု မှာကြားခဲ့ပါသည်။ သူကို ရဟန်းမင်းကြီး ဆဌမမြောက် ပေါလ်​မှ ရဟန်းမင်းအမတ်ကာဒီနယ် အဆင့်သို့ ၁၉၆၉ ခုနှစ်က တင်မြှောက်ပေးခဲခြင်းကိုပင် သိမသွားရှာခဲ့ရပါ။

♥ Vasile Aftenie
Vasile Aftenie သည်လည်ပဲ ရောမမြို့တွင် ရဟန်းတို့တပ်အပ်​သော ဓမ္မသဂြိုင်္ လ်​ပညာသင်ကြားစီးပူးခဲ့ပါသည်။ သူ ဖမ်းခံရအပြီး တစ်​နှစ်ကြာတွင် လူသူအသိနည်းသောအရပ်သို့ပိုဆောင်ခံရပြီး ထိုအရပ်တွင်ပြင်ထန်စွာညှင်းပမ်​း်နှိတ်စက်ခံခဲ့ရကာ ထိုဒဏ်ရာများဖြင့် ၁၉၅၀ ခုနှစ်တွင်ပျံလွန်ခဲ့ပါသည်။

♥ Ioan Balan
Ioan Balan ကို ဗာတီကန်ရဟန်းမင်းကြီးရုံးတော်မှ အရှေ့တိုင်းအသင်းတော်များနှင့်ပတ်သက်ပြီး ကာနန်ဥပဒေ အသစ်ရေးဆွဲရန် ၁၉၂၉ ခုနှစ်က ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါသည်။ သူသည်၁၉၄၈ ခုနှစ်က အဖမ်းခံခဲ့ရပြီး ဘာအပြစ်ဒဏ်မှမချမှတ်ပဲ အမှောင်ခန်းတွင် တစ်​ဦးတည်း အကျင်းချထားခံခဲ့ရသူဖြစ်ပြီး ၁၉၅၉ တွင်ထောင်တွင်း၌ပျံလွန်ခဲ့ပါသည်။

♥ Valeriu Traian Frentiu
Valeriu Traian Frentiu သည် သက်တော် ၃၇ နှစ်သာရှိသေးသောအရွယ်တွင် ဆရာတော် သိက္ခာအပ်နှင်းခံရသူဖြစ်ပါသည်။ သူသည် ၁၉၄၈ ခုနှစ်တွင်အဖမ်​းခံခဲ့ရပြီး သူဘဝတစ်​လျောက်လုံး စစ်အကျင်းစခန်းတွင် ထိမ်းသိမ်းထားခံခဲ့ရပြီး ၁၉၅၂ ခုနှစ်တွင်ပျံလွန်ခဲ့ကာ သူ၏အလောင်းအား အမှတ်အသားမရှိသော နေရာတွင် အများ နည်းတူ မြုပ်နှံသဂြိုလ် ခြင်းခံခဲ့ရပါသည်။

♥ Ioan Suciu
Ioan Suciu သည် ၁၉၃၁ ခုနှစ်တွင် ရဟန်းသိက္ခာ ခံယူခဲ့ပါသည်။ သူသည်လည်းပဲ အဖမ်းခံရပြီး ထောင်ထဲတွင် အစာရေစာ ငတ်မွတ်ခြင်း၊ ရောဂါဝေဒနာ တို့ခံစားရပြီးပျံလွန်ခဲ့ပါသည်။ သခင်ခရစ်တော် နှင့် အသင်းတော်ကို ငါတို့ရောင်းလို့မရဘူး၊ အကျိုးမရှိစကားတွေ၊ အလိမ်အညာတွေနဲ့ ကတိစကာစတွေကို နားမယောင်မိကြစေနဲ့ ဟု သူအဖမ်​းမခံရခင် ဘာသာသူများပေးသောစာတွင် ဖော်ပြထားပါသည်။

♥ Tito Liviu Chinezu
Tito Liviu ၁၉၀၄ တွင်မွေးဖွားခဲ့ပါသည်။ သူသည် ထောင်ထဲတွင် သူနှင့်အတူထောင်ကျနေသော ဆရာတော်ကြီးများမှ ဆရာတော်သိက္ခာတင်မြှောက်ပေးခဲ့ပါသည်။ ယင်း ထောင်တွင်း သိက္ခာတင်ခြင်းသတင်းပေါက်ကြားသွားသဖြင့် သူအား တခြားထောင်သို့ပို့ဆောင်ခဲ့ပြီး ယင်းနေရာတွင် အအေးဒဏ် အစာငတ်မွတ်ခြင်းတို့ဖြင့် ပျံလွန်ခဲ့ရပါသည်။

♥ Alexandru Rusu
Alexandru Rusu သည် ၁၉၃၁ တွင် ဆရာတော်သိက္ခာခံယူခဲ့ပါသည်။ သူအားဘာသာတရားသွေးထိုးလှုံစော်မူ့ နိုင်ငံတော် သစ္စာဖောက်မူ့ စွဲချက်များဖြင့် ၁၉၄၈ ခုနှစ်က ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရပြီး ၁၉၆၃ ခုနှစ်တွင်ထောင်ထည်း၌ ပျံလွန်တော်မူခဲ့ပြီး ထောင်သချိုင်းတွင် ဘာသာရေးအခန်းအနာမပါပဲ မြုပ်နှံသဂြိုလ် ခြင်းခံခဲ့ရပါသည်။

https://www.vaticannews.va/en/pope/news/2019-06/pope-francis-romania-bea...

#pope, #romania, #visit, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

9 + 5 =