ကွန်ဂို နိုင်ငံအတွက် ရဟန်းမင်းကြီး ဆုတောင်းပေး


ကွန်ဂို နိုင်ငံအတွက် ရဟန်းမင်းကြီး ဆုတောင်းပေး
ဒီဇင်္ဘာ ၃၀၊ ၂၀၁၈

အပတ်စဉ် တနင်္ဂနွေနေ့ တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် ကွန်ဂို နိုင်ငံအတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဦးဆောင်ပြီး စိန့်ပီတာ ရင်ပြင်တွင် စုရုံးနေကြသော ဘုရားဖူးသူတော်စင်​များနှင့်အတူတကွ အီဘိုလာ ရောဂါဒဏ် နှင့် အကြမ်းဖက်တိုက်ခိုက်မူများ ခံစားနေရသော ကွန်ဂို နိုင်ငံသူ၊ သား များအတွက် ရဟန်းမင်းကြီး ဆုတောင်းပေးခဲ့ပါသည်။

ကွန်ဂိုနိုင်ငံသည် နိုင်ငံ၏ ပထမဦးဆုံးသော ငြိမ်းချမ်းစွာ ဒီမိုကရေစီ အာဏာ လွဲ​ပြောင်းနိုင်ခြင်း သမိုင်ဝင် ရွေးကောက်ပွဲကို ကျင်းပနေသော အချိန်ဖြစ်ပါသည်။ သို့​ပေ​သော်လည်း လူတစ်သန်းလောက်သည် သေစေနိုင်သော အီဘိုလာ ရောဂါကူးစက်ခံစားနေကြရသဖြင့် မဲ​​​ပေးခြင်းကန့်သတ်​ ခံထားကြရပါသည်။ မဲ​ပေးရန် ကန့်သတ်ြ​ခင်းသည် မဲ​ပေးမူအပေါ် ယုံကြည်မူ တိုးတက်စေရန်ဖြစ်ကြောင်း ဖော်ပြပါသည်။

အန်ဂျေးလူမေတ္တာမရွတ်ဆိုမှီ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ကွန်ဂိုနိုင်ငံသူ၊သားများအား ငြိမ်းချမ်းစွာ ​ရွေး​ကောက်​ပွဲ​ကိုကျင်းပနိုင်ရန် တည်ငြိမ်အေးချမ်းမူကို စိတ်ရောကိုယ်ပါ ပါဝင်ထိန်း​သိမ်းကြဖို့ ရဟန်းမင်းကြီးမှ မျှော်လင့်ကြောင်းဖော်ပြခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-angelus-pra...

#congo, #pope, #angelus, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

12 + 1 =