ကြီးမား​သောယုံကြည်ခြင်းကို အိုင်ယာလန်နိုင်ငံ တွင် ကျွနု်ပ်တွေ့ရှိခဲ့ဟု ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် မြွက်ကြား

ရောမမြို့ သို့အပြန် လေယာဉ်ပေါ်တွင် သူ၏အတွေ့အကြုံများကို သတင်းထောက်များအား ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဝေမျှခဲ့

ကြီးမား​သောယုံကြည်ခြင်းကို အိုင်ယာလန်နိုင်ငံ တွင် ကျွနု်ပ်တွေ့ရှိခဲ့ဟု ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် မြွက်ကြား
သြဂုတ်လ ၂၇၊ ၂၀၁၈

https://www.vaticannews.va/…/pope-francis-i-found-so-much-f…

#pope, #family, #dublin, #phoenix, #irelnad, #peterkm #world, #meeting, #families,

Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အိုင်ယာလန်နိုင်ငံ မှ ရောမမြို့ သို့အပြန် လေယာဉ်ပေါ်တွင် သူ၏အတွေ့အကြုံများကို သတင်းထောက်များအား ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဝေမျှခဲ့ပါသည်။ ဒီ၂ရက်တာ ခရီးစဉ်တွင် ကြီးမား​သောယုံကြည်ခြင်းကို အိုင်ယာလန်နိုင်ငံ တွင်ကျွနု်ပ်တွေရှိခဲ့ပါသည်။ အိုင်ရစ်ရှ် လူမျိုးများသည် ဘာသာရေးခေါင်​း​ဆောင်တချို့၏ မှားယွင်သော ပုံသက်သေများ၊ ဂိုဏ်းကွဲညီကို ခရစ်ယာန်များနှင့် ပြသနာပေါင်းစုံကြုံတွေခဲ့ကြရသော်လည်း သူတို့အတွင်း၌ ခိုင်မာသောယုံကြည်ခြင်း မပျက်ပြယ်ဘဲ ရှိနေကြောင်း၊ သေချာ​တွေခဲ့ရပါသည်ဟု ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ်မှ ပြောပြခဲ့ပါသည်။ ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေး၊ ရဟန်းတော်များ၏ မှားယွင်းသော အနေအထိုင်အပြုအမှုများ၊ သတင်းသမားများလည်း သတင်းကိုမှန်ကန်တိကျစွာဖော်ပြကြရန် မဟုတ်မမှန်စွပ်စွဲမှုများကြောင့် အရှက်တကွဲဖြစ်ခဲ့ကြရသူများကို စာနာစေလိုကြောင်း၊ အကောင်းကို ဦးတည်၍ပြုပြင်ကြစေလိုကြောင်း၊ အပြစ်တင်ခြင်းထက် ဆုတောင်းပေးခြင်းဖြင့်ပြုပြင်စေလိုကြောင်း၊ တွေဆုံဆွေးနွေး​ပြောဆိုခြင်း၊ ပြောရဲလာအောင် လမ်းဖွင့်ပေးခြင်း အားဖြင့်ပြသနာများကို ဖြေရှင်းကြစေလိုကြောင်း၊ အသင်းတော်မှ တာဝန်ယူလုပ်ဆောင်ရမည့်အရာများတွင် သတင်းအတိအကျစုံစမ်းဖော်ထုတ်ပြီးမှဆုံးဖြတ်ကြစေလိုကြောင်း နှင့် ပြသနာများကို ထိန်​ချန်​ဖုံးကွယ်မထားဘဲ ဖော်ထုတ်ကြစေလိုကြောင်းစသည်များကို ရောမမြို့အပြန် လေယာဉ်ပေါ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ပြောကြားခဲ့ပါသည်။

 

Add new comment

9 + 6 =