ကျွန်ုပ်တို့ ရှင်သန်သောယနေ့အချိန် ဘုရားရှင်ကို ဆုတောင်းခြင်း၌တွေ့မြင်နိုင်သည်။

ကျွန်ုပ်တို့ ရှင်သန်သောယနေ့အချိန် ဘုရားရှင်ကို ဆုတောင်းခြင်း၌တွေ့မြင်နိုင်သည်။

ကျွန်ုပ်တို့ ရှင်သန်သောယနေ့အချိန် ဘုရားရှင်ကို ဆုတောင်းခြင်း၌တွေ့မြင်နိုင်သည်။

ခရစ်ယာန်တို့၏ဆုတောင်းခြင်း၌ ဘုရားတရားသွန်သင်ချက်များများကို ဆက်လက် မြွက်ကြားရာ၌ ပုပ်ရဟန်းမင်းကြီူအရှင်သူမြတ်က နေ့စဉ်အသက်တာ အဖြစ်အပျက်တိုင်း၌ကျွန်ုပ်တို့သည် အဘယ်ကြောင့် ဆုတောင်းသင့်သည်၊ မည်သို့ဆုတောင်းသင့်သည်ကို ထောက်ရှုခဲ့ပါသည်။ လွန်ခဲ့သည့်အပတ်တွင် လူထုတွေ့ဆုံရာ၌ ဝိနည်းစာအုပ်၌ ခရစ်ယာန်တို့၏ ဆုတောင်းခြင်းသည် မည်သို့ အမြစ်တွယ်နေကြောင်းကို မိန့်ကြားခဲ့သည်။ ယခုအပတ်တွင်မူ တိုက်ရိုက်ထုတ်လွင့်မှုအစီအစဉ်မှ ရဟန်းမင်းကြီးအရှင်သူမြတ်က ဝိနည်းမှဆုတောင်းမေတ္တာများသည် နေ့စဉ်အလုပ်အကိုင်များလုပ်ဆောင်ရာ နေရာများဖြစ်သော လမ်းမပေါ်၊ ရုံးများနှင့် လူထုဆက်သွယ်သည့် နေရာများသို့ ဆက်စပ်ပြန်လှည့်လာပုံကို ရှင်းပြခဲ့သည်။ “အခြေခံအားဖြင့် အရာအရာတိုင်းသည် ဆုတောင်းခြင်းဟူသော ဘုရားရှင်နှင့် စကားအပြန်အလှန်ပြောခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

“ဆုတောင်းခြင်းသည် အသက်တာ၌ မီးစကဲ့သို့ အမြဲရှင်သန်နေပြီး နှုတ်ဖြင့် မပြောပြသော်လည်း နှလုံးသားက ဖွင့်ဟပြောဆိုသည်။" "ခရစ်ယာန်တို့၏ ဆုတောင်းခြင်းသည် လူတို့စိတ်၌ မမြင်နိုင်သော မျှော်လင့်ချက်ကို သွတ်သွင်းပေးသည်။ ကျွန်ုပ်တို့ဘဝ၌ ထိတွေ့ရသည့် အရာမှန်သမျှသည် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာအားဖြင့် အကောင်းဘက်သို့ ပြောင်းလဲနိုင်သည်။

"ယနေ့ပစ္စုပန်မျက်မှောက်ကာလ၌ ဆုတောင်းခြင်း"

ဤအကြောင်းနှင့် စပ်လျဉ်း၍ ရဟန်းမင်းကြီးဖရန့်စစ်က ကက်သလစ်သာသနာ၏ ဘုရားစကားသွန်သင်ချက်ကို ကိုးကား၍ "ကျွန်ုပ်တို့သည် ဘုရားရှင်၏ နှုတ်တော်ထွက်စကားကို ကြားနာ၍ ပါစကား၏ နက်နဲဖွယ်ရာအချက်ကို ဝေမျှခြင်းအားဖြင့် ဆုတောင်းခြင်းကို သင်ယူလာကြသည်။ သို့သော် ဘုရားရှင်၏ ဝိညာဉ်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိနေပြီး ဆုတောင်းခြင်းကို ကျွန်ုပ်တို့အတွင်းစိတ်နှလုံးထဲမှ ထွက်ပေါ်စေသည်။ “အချိန်သည် ခမည်းတော်ဘုရား၏ လက်တော်၌ရှိပြီး အတိတ်မဟုတ်၊ အနာဂတ်လည်းမဟုတ် သို့သော် ပစ္စုပန်ဖြစ်သော ယခုလက်ရှိအချိန်၌ ဘုရားရှင်ကို တွေ့မြင်နိုင်သည်။ အချို့သောသူများသည် ယနေ့ဖြစ်ပျက်နေသည့်အရာကို လက်ခံခြင်းမရှိပဲ အနာဂတ်ကိုသာစောင့်မျှော်နေတတ်သည်။ သူတို့သည် စိတ်ကူးယာဉ် အိပ်မက် ကမ္ဘာ၌သာ နေကြသောကြောင့် လက်ရှိ ဖြစ်ရပ်မှန်၌ မည်သို့ ရှင်သန်ရမည်ကို မသိကြပေ။

ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အားပြောင်းလဲစေသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဆုတောင်းခြင်းသည် ယနေ့တွင် ကျွန်ုပ်တို့အား ကျေးဇူးတော်နှင့် ရှင်သန်ရန် ပြောင်းလဲပေးသည်။ ဆုတောင်းခြင်းသည် အမြတ်ဒေါသကို ပြေ‌ပျောက်စေပြီး ချစ်ခြင်းမေတ္တာကို အားဖြည့်ပေးသည်သာမက ဝမ်းမြောက်ခြင်းကို တိုးပွားစေကာ တစ်ပါးသူအား ခွင့်လွှတ်‌နိုင်ရန်အတွက် ခွန်အားများကို တိုးပွားစေပါသည်။ ကျေးဇူးတော်သည် ကျွန်ုပ်တို့အထဲ၌ ရှင်သန်လှုပ်ရှားနေပြီး တွေ့ကြုံရသည့်ပြဿနာများကိုပင် အခက်အခဲ၊အဟန့်အတားများဟု မမြင်တော့ပဲ ဘုရားရှင်ကို တွေ့မြင်နိုင်ရန်အတွက် ဘုရားရှင်ထံမှ လာသော တောင်းခံမှုတစ်ခုသာဖြစ်ကြောင်း သိမြင်စေသည်။ ဒေါသထွက်၍ မပျော်ရွှင်သည့်အတွေးများက ခါးသီးခြင်းကို ဖြစ်စေသည့်အချိန်တွင် ခေတ္တရပ်၍ ဘုရားရှင်ထံသို့ လှည့်သင့်သည်။ ဘုရားရှင်သည် ၎င်းခါးသီးမှုများမပါပဲ ရှေ့ဆက်တိုးရန်အတွက်၊ သင့်လျော်သော စကားနှင့် အကြံအစည်ကို ကျွန်ုပ်တို့အားပေးရန် ဘုရားရှင်တည်ရှိနေသည်။ ဘုရားရှင်နှင့်အတူရှင်သန်နေသူတစ်ဦးသည် ပိုမို သတ္တိရှိခြင်း၊ ပိုမို လွတ်လပ်ခြင်း၊နှင့် ပိုမိုပျော်ရွှင်နေခြင်းတို့ကို ခံစားတတ်ကြသည်။

ဘယ်သူတွေအတွက် ဆုတောင်းရမလဲ?

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် ကျွန်ုပ်တို့ဆုတောင်းသောအခါ မိမိချစ်ခင်မြတ်နိုးရသော သူများအတွက် သာမက လူတိုင်းအတွက်၊ မိမိမသိသေးသော သူများအတွက်ပင် အမြဲဆုတောင်းပေးသင့်ကြောင်း ခရစ်ယာန်များအားတိုက်တွန်းခဲ့သည်။ " ကျမ်းစာတော်မြတ်တွင် ကျွန်ုပ်တို့အား ဖိတ်ခေါ်ထားသည့်အတိုင်း ကျွန်ုပ်တို့၏ ရန်သူများအတွက်လည်း ဆုတောင်းပေးသင့်သည်။ ဆုတောင်းမေတ္တာသည် ပေါများကြွယ်ဝသော ချစ်ခြင်းမေတ္တာဆီသို့ ကျွန်ုပ်တို့အား ပို့ဆောင်ပေးသည်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် အထီးကျန်သူများနှင့် မျှော်လင့်ချက်မဲ့၍ စိတ်ပျက်နေသူများ၊ ထိုသူတို့အား ချစ်ခင်ကြင်နာမည့် သူများရှိလေမလားဟု ငေးမောနေ‌သူများအတွက် ဆုတောင်းပေးကြရန် ဖိတ်ခေါ်ခဲ့သည်။ ခရစ်ယာန်တို့၏ ဆုတောင်းခြင်းသည် ဒုက္ခဆင်းရဲနေသူများအတွက် သခင်ခရစ်တော်၏ သနားကြင်နာခြင်းကို တည်ရှိကြောင်း ပြသခြင်းအားဖြင့် အံ့ဖွယ်အမှုအရာများကို ပြုလုပ်နိုင်သည်။ သခင်ယေဇူးသည် သိုးထိန်းမရှိသော သိုးများနှင့်တူသည့် စိုးရိမ်ကြောင့်ကြနေသူများနှင့် လမ်းပျောက်နေသူ ပရိသတ်အား နူးညံ့သိမ်မွေ့ခြင်းကြီးစွာဖြင့် ကြည့်ခဲ့သည်။ သနားကြင်နာခြင်း၊ရင်းနှီးခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့သည် သခင်ခရစ်တော်၏ ကျင့်စဉ်များဖြစ်ကြောင်း ရဟန်းမင်းကြီးအရှင်သူမြတ်က လေးလေးနက်နက်‌ မြွက်ကြားခဲ့သည်။

ကျွန်ုပ်တို့သည် ဘုရားရှင်၏ ချစ်မြတ်နိုးခြင်းကို ခံစားကြသော အပြစ်သားများဖြစ်သည်။

ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အား အခြားသူတို့၏ ပြစ်မှားမှုများအစား ချစ်မြတ်နိုးနိုင်အောင် အကူအညီပေးသည်။ လူပုဂ္ဂိုလ်သည် သူတို့၏ အပြုအမူထက်အရေးကြီးကြောင်း ရဟန်းမင်းကြီးက လေးလေးနက်နက်မြွက်ကြားခဲ့သည်။ သခင်ခရစ်တော်သည် ထိုနည်းတူ ပြုလုပ်ခဲ့ပြီး ကမ္ဘာကြီးကို စီရင်မည့်အစား ကယ်တင်ခြင်းကို ပေးခဲ့သည်။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် အခြားသူအားစီရင်အပြစ်တင်တတ်သောသူတို့၏ ဘဝသည် မည်မျှပင် ဆိုး၍ စိတ်ညစ်ဖွယ်ကောင်းသည်ကို တွေးတောနေခဲ့သည်။ ထိုသို့ နေမည့်အစား နှလုံးသားများကိုပွင့်၍ အခြားသူကို ခွင့်လွှတ်၍ မျှမျှတတဆက်ဆံကာ၊ ရင်းရင်းနှီးနှီး ဆက်ဆံပြီး ကြင်နာသနားခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ထားရမည့်အကြောင်း တိုက်တွန်းခဲ့သည်။

 

ဘာသာပြန်- စစ္စတာရ်လူစီလာနိုင်ကျဲန်

https://bit.ly/3qzbUBU

Add new comment

1 + 2 =