ကျွန်ုပ်တို့ ဘယ်လို ယုံကြည်ချက်နဲ့ အသက်ရှင် နေကြသလဲ

ကျွန်ုပ်တို့ ဘယ်လို ယုံကြည်ချက်နဲ့ အသက်ရှင် နေကြသလဲ

ကျွန်ုပ်တို့ ဘယ်လို ယုံကြည်ချက်နဲ့ အသက်ရှင် နေကြသလဲ

************************************************************

သခင်ယေဇူးရဲ့ ချစ်ခြင်း၊ ပေးဆပ်ခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းဟာ ကယ်တင်ခြင်းရဲ့အရင်းအမြစ်တစ်ခုအဖြစ် ကျွန်ုပ်တို့ဘဝဗဟိုချက် ဖြစ်နေပြီလား။ ဒါမှမဟုတ်ရင် ကျွန်ုပ်တို့ နည်းနည်းရင်းနှီးနေတဲ့ ဘာသာရေးအသိလေးနဲ့ပဲ ကျေနပ်နေပြီး ကျွန်ုပ်တို့ရဲ့ သြတ္တပ္ပစိတ်ကို ကယ်နေကြသလား။ ကျွန်ုပ်တို့ ဘယ်လို ယုံကြည်ချက်နဲ့ အသက်ရှင် နေကြသလဲ။ သခင်ယေဇူးရဲ့ ဆန်းသစ်တဲ့အလှလို အဖိုးထိုက်တဲ့ ရတနာကို အလေးထားနေကြသလား။ ဒါမှမဟုတ် ခဏတာ ပျော်ရွှင်စေပြီး အတွင်းစိတ်မှာဗလာနတ္တိ ဖြစ်စေတဲ့ အရာကိုပဲ ပိုနှစ်သက် ကြသလား။ ခဏတာ အရာတွေက ကျွန်ုပ်တို့ရဲ့အသက်တာကို မကြာခဏ ဆိုသလို တီးခေါက် တတ်ကြတယ်။ ဒါပေမဲ့ အဲဒါက အပေါ်ယံကိုသာ လုပ်ဆောင် စေပြီး အဓိပ္ပာယ်မရှိတဲ့ ဘဝဖြစ်လာအောင် မဆန်းစစ်တတ်အောင် ကျွန်ုပ်တို့ကို ဟန့်တားတဲ့ ဝမ်းနည်းစရာ အထင်မှား တစ်ခုပဲ ဖြစ်ပါတယ်။ ညီအစ်ကို မောင်နှမ အပေါင်းတို့ ကျွန်ုပ်တို့ဟာ လမ်းမှား သွားအောင် နှောက်ယှက်ခြင်း ခံရပေမဲ့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို သူရဲ့ စွမ်းရည်တွေကို ဆက်လက် ပေးနေတယ် ဆိုတာ သတိရ ကြပါစို့။

✍️ထန်းဟာ, SJ

#rvamyanmar #rvapastoralcare #PopeMessage

Add new comment

4 + 5 =