ကျွန်ုပ်တို့​၏ ဦးတည်ရာ ပန်းတိုင်မှာ ကောင်းကင် နိုင်ငံသာဖြစ်သည်

ကျွန်ုပ်တို့​၏ ဦးတည်ရာ ပန်းတိုင်မှာ ကောင်းကင် နိုင်ငံသာဖြစ်သည်

လွန်ခဲ့သော ဗုဒ္ဓနေ့က လူထုတွေ့စုံပွဲတွင် အိုမင်းသောအသက်အရွယ်အကြောင်းနှင့် သေခြင်း​၏နောက်ကွယ် မျှော်လင့်ရည်မှန်းချက် အကြောင်းနှင့် ပါတ်သက်၍ ပြောကြား ခဲ့ပါသည်။

မယ်တော်သခင်မ ကောင်းကင်ဘုံ သို့ပင့်ဆောင်ခြင်းခံရသည့် အကြောင်းကို အောက်မေ့လျက် ခရစ်ယာန်တို့​၏ မျှော်လင့်ချက်ဖြစ်သည့် ခန္ဓာကိုယ် အသက်သာကုန်ဆုံးချိန်တွင် ရှင်ပြန်ထမြောက်ရမည့် အကြောင်းကို ပြန်လည်ထုတ်ဖော်ပြောကြားခဲ့သည်။

"မကြာသေးမီကပင် ကျွန်ုပ်တို့သည် ယေဇူးရှင်​၏ မိခင် မယ်တော်ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသည့် ပွဲတော်ကို ကျင်းပခဲ့ကြသည်။ ဤအံ့ဩဘွယ်ရာ အချက်သည် မယ်တော်​၏ ဘဝသက်တာကို ပုံဖော်ပေးခဲ့သည့် ကျေးဇူးတော် သည် ပြည့်စုံခြင်းသို့ ရောက်ရှိကြောင်းကို မီးမောင်းထိုးပြ နေခြင်းပင်တည်းဟု " ဩဂုတ်လ ၂၄ ရက်နေ့က ဗာတီကန်တွင် ရဟန်းမင်းကြီးက ပြောကြားခဲ့ပြီး ကျွန်ုပ်တို့​၏ ပန်းတိုင်သည်လည်း ကောင်းကင်ဘုံသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

The Paul VI ခန်းမတွင် ပြုလုပ်ခဲ့သည့် အပါတ်စဉ် လူထုတွေ့ဆုံပွဲ တွင် ထိုအကြောင်းအရာများ မိန့်ကြားခဲ့ခြင်း ဖြစ်ပြီး သက်ကြီးရွယ်အိုဘဝ ခေါင်းစဉ်နှင့် ဘုရားစကားသင်ကြားပေးလာခြင်း သည် နောက်ဆုံး ရက်ဖြစ်ကြောင်း လည်းပြောခဲ့သည်။

သက်တော် ၈၅ နှစ် ရှိပြီ ဖြစ်သည့် လမ်းလျှောက်ရာတွင် ခက်ခဲ့သည့်အတွေ့အကြုံ ခံစားနေရသောပါပါးသည် စင်မြင့်ဆီသို့ ဘီးတပ်ကုလားထိုင်နှင့် လာခဲ့ရပြီး တနာရီကြာ အချိန်ကာလ တလျောက်လုံး ထိုင်လျက်သာ ဟောကြားနိုင်ခဲ့သည်။

ပရိသတ်သည် ရှင်ပေါလုမှ ရောမမြို့သားတို့ထံပေးစာ ၈:၂၂-၂၄ ထိ ဖတ်ကြားခြင်းဖြင့် အစပြုခဲ့သည်။ " ယခုခေတ်ကာလထိတိုင်အောင် ဖန်ဆင်းခံအရာအားလုံးတို့သည် နာကျင်ငြီးတွားမှု့နှင့် လုပ်ကိုင်နေကြရကြောင်း ကျွန်ုပ်တို့ အသိပင်ဖြစ်သည်၊ ထိုမျှမက ဝိညာဉ်တော်​၏ အသီးဦး ကျွန်ုပ်တို့ ကိုယ်တိုင်သည်လည်း ခန္ဓာကိုယ် ရှင်ပြန်ထမြောက် ခြင်းကို စောင့်ဆိုင်းနေရချိန်တွင် ငြီးတွားကြရသည်။ သို့သော် မျှော်လင့်ခြင်း၌ ကျွန်ုပ်တို့ ကယ်တင်ခြင်းခံခဲ့ကြရပြီ၊" ဟု ဟောကြားခဲ့သည်။

တပည့်တော်ကြီး ရှင်ပေါလု ဟောကြားခဲ့သည့် ကလေးဘဝဖွားမြင်ခြင်း၌ နာကျင်မှုသည်တိုက်ဆိုင်မှုတခု မဟုတ်ပေဟု " ပါပါးဖရန်စစ်က ပြောကြားခဲ့သည်။ မိခင်​၏ ဝမ်းတွင်းမှ ထွက်လာရသည့် အချိန်အခိုက်အတန့် ကဲ့သို့ပင် ယခုလည်း အတူတူပင် မိခင်ဝမ်းတွင်းကအတိုင်းပင် လူသားအဖြစ် တည်နေပေသည် ထို့ကြောင့် သေဆုံးပြီးချိန်တွင်လည်း ဘုရားရှင်​၏ နေရာ ကောင်းကင်ဘုံအတွက် မွေးဖွားခြင်းပင် ဖြစ်ပြီး ကမ္ဘာကြီးပေါ်တွင် လျှောက်လှမ်းခဲ့ဖူးသည့် ကျွန်ုပ်တို့ကိုယ်တိုင် အဖြစ် ဆက်လက်တည်ရှိနေမည်ပင်ဖြစ်သည်ဟု " သူကမိန့်ဆိုခဲ့သည်။

ထို့ပြင် သခင်ခရစ်တော်ကိုယ်တိုင် ကမ္ဘာမြေပေါ်မှ မထွက်ခွာမီ သူ​၏ နောက်လိုက်တပည့်တော်ကြီးများကို ပေးခဲ့သည့် ကတိတော်ကို ပြန်လည် အောက်မေ့လျက် " ငါသည် သင်တို့အတွက် ပြင်ဆင်ရန် သွားရမည် မှန်လျှင် တဖန် ပြန်လည်ကြွလာပြီး သင်တို့ကိုလည်း ကျွန်ုပ်နှင့် သင်တို့ အတူရှိနိုင်မည့် နေရာသို့ ပြန်လည် ခေါ်ဆောင်တော်မူမည် ( ယောဟန် ၁၄:၃) ဆိုသည့် အကြောင်းကို " ပုပ်ဖရန်စစ်မှ အောက်မေ့ ပြောကြားခဲ့သည်။

"ရှင်ပြန်ထမြောက်တော်မူသော ကိုယ်တော်ရှင်သည် ဘုရားသခင်​၏ နိုင်ငံတော်၌ နေထိုင်တော်မူပြီ ထိုနေရာသည်ကား ကမ္ဘာသစ်ဖြစ်သည့် ကောင်းကင် မြို့တော်ကြီးပင်ဖြစ်ပြီး လူသားတယောက်တိုင်းအတွက် ပြင်ဆင်ထားသည့် နောက်ဆုံးသော နေထိုင်ရာ နေရာတခုပင်ဖြစ်သည်ဟု" ပါပါးက ပြောကြားခဲ့သည်။ "ကျွန်ုပ်တို့​၏ သေစေနိုင်သော ကိုယ်ခန္ဓာ​၏ အဆင်းသဏ္ဍန်ပြောင်းလဲခြင်းသည် တွေးဆ၍ မရနိုင်သော်လည်း ဂရုပြုမိ၍ရနိုင်သော အဆင်းသဏ္ဌာန်နှင့်အတူ ဘုရားရှင်​၏ကောင်းကင်နိုင်ငံတော်၌ လူသားဘဝကို ဆက်လက်တည်မြဲနေခွင့်ပြုတော်မူမည် မှာ အသေအချာပင်ဖြစ်သည်။"

ဘုရားရှင်​၏ နိုင်ငံတော်နှင့် ပါတ်သက်၍ ယေဇူးသခင် ဟောကြားခဲ့ရာတွင် မိတ်ဆွေအပေါင်းသင်းများနှင့်အတူ ကျင်းပလေ့ရှိသည့် မင်္ဂလာဆောင်ပွဲ အခမ်းအနား အနေနှင့် ဖော်ပြခဲ့ကြောင်း ပါပါးက ရှင်းပြခဲ့ပြီး ကောင်းကင်နိုင်ငံအကြောင်း ဟောကြားခဲ့သည့် ခရစ်တော်​၏ နှုတ်ထွက်စကားများကို လူတိုင်း အလေးအနက်မှတ်ယူရန် နှင့် မိမိတို့​၏ မြေကြီးသားဘဝ အသက်တာ ​၏ "ပန်းတိုင်" ထာဝရ အသက်တာကို စိတ်နှလုံးသွင်းထားကြပါရန် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း ပြောကြားခဲ့သည်။

" ကျွန်ုနှင့် ရွယ်တူများတို့ ယခုလို အသက်ရွယ်ရလာချိန်တွင် ဘဝသက်တာအတွင်း လုပ်ဆောင်ခဲ့ကြရသည့် များစွာသော အသေးစိပ် အကြောင်းအရာများ - အပြုံး၊ ကိုယ်ဟန်အမူအရာ၊ အသိမှတ်ပြုဖွယ် အားစိုက်ထုတ်မှုများ၊ မမျှော်လင့်ခဲ့သည့် အံ့ဩခြင်းများ၊ ဂရုပြုမှု့များ ၊ ဖော်ရွေသည့် ပီတိဝမ်းမြောက်ခြင်းများနှင့် သစ္စာရှိသော နှောင်ကြိုးများသည် အလွန်အရေးပါ ခဲ့ကြပြီး ယခုတွင်မူ ပို၍ တိုတောင်းလာပြီ" ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

"ကျွန်ုပ်တို့​၏ နှုတ်ဆက် ရမည့်အချိန် နီးကပ်လာသည်နှင့်အမျှ ကျွန်ုပ်တို့ မြတ်နိုးလှစွာ ဖက်တွယ်ထားသည့် ဘဝ​၏ မရှိမဖြစ် အရေးပါမှုများသည် လည်း ထင်ရှားပြတ်သားလာခဲ့ပေပြီ၊ အကောင်းဆုံးသော ဘဝ အခြေနေလည်း ရောက်လာတော့မည်ဟု " ပါပါးက သက်ကြီးရွယ်အိုများကို ဦးတည်မြွက်ကြားခဲ့သည်။

ကျွန်ုပ်တို့​၏ ဘဝသက်တာတခု လုံးသည်လည်း မျိုးစေ့ ကဲ့သို့ပင် ဖြစ်သည်၊ အသီးအပွင့်များ သီးပွင့်နိုင်စေရန် အလို့ငှာ မျိုးစေ့ လေးသည် မြှုပ်နှံ ခံရပေမည် ၊ သူသည်လည်း ကမ္ဘာပေါ်ရှိ အားလုံးသော အခြားအရာများနှင့်အတူပင် မွေးဖွားခံရလိမ်မည်ဟု ဆက်လက်ပြောကြားခဲ့သည်။ နာကျင်မှု မရှိဘဲ မဟုတ် မွေးဖွားခံရလိမ်မည်။

"ကိုယ်ခန္ဓာ ရှင်ပြန်ထမြောက် ပြီးသော ဘဝ အသက်တာတွင်မူကား ယခု ဤကမ္ဘာပေါ်တွင် မြည်းစမ်းခွင့်ရခဲ့သည်များထက် အစ ရာပေါင်းထောင်ပေါင်းများစွာ ပို၍ ရှင်သန်တက်ကြွ ရပါလိမ်မည်" ဟု ပါပါးက မြွက်ကြားခဲ့ပါသည်။

အာဗီအေဘာသာပြန်- မာကုစ် ညီညီထွန်း

https://bit.ly/3pNiZQK

Add new comment

2 + 16 =