ကျွန်ုပ်တို့အပြစ်ရှိသည်ကိုပင်မထောက်ဘဲဘုရားသခင်သည်ကောင်းကြီးပေးသည်’

ကျွန်ုပ်တို့အပြစ်ရှိသည်ကိုပင်မထောက်ဘဲဘုရားသခင်သည်ကောင်းကြီးပေးသည်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်’

ဖန်ဆင်းခြင်း၌ဘုရားသခင်မင်္ဂလာရှိစွာမိန့်ကြား

ပြီးခဲ့သောဗုဒ္ဓဟူးနေက ရဟန်း မင်းကြီးဖရန်စစ်သည် အပတ် စဉ်ဘုရားဖူးများနှင့်တွေ့ဆုံ ၍သွန်သင်ချက်များပေးရာ၌ ကမ္ဘာဦးကျမ်းမှထောက်ရူချက်ကိုကိုးကား၍ ကောင်းကြီးမင်္ဂလာသည်မရှိမဖြစ်လိုအပ်သော ဆုတောင်းခြင်း၏ အ ခြားအခြေ အနေတစ်ခုဖြစ် သည်။ ဘုရားသခင်သည်ဖန်ဆင်းခြင်းအမူကိုပြုနေရင်းဖြင့် အသက်ကိုကောင်းကြီးပေးနေသည်။ အသက်ဟုဆိုရာ၌တိရစ္ဆန်များ၊ လူသားများ၊ ဥပုသ်နေ့တို့ပါ၀င်သည်။ လူတို့ကောင်းကြီးပေးသည့်အခါ၌လည်းထိုကောင်းကြီး တော်၏အစွမ်းသည် ခံယူရရှိ သောသူတို့၏ဘ၀အသက်တာတစ် လျှောက်လုံး၌ပါသွားသည်။ ထိုကောင်းကြီးတော်သည်ခံယူသူ၏ အသက်တာကိုပြောင်းလဲပေးရန် ဘုရား သခင်ကိုမိမိ၏နှလုံးသားထဲသို့ပင့်ဖိတ်ခြင်းဖြစ်သည်။

‘မင်္ဂလာရှိခြင်း (သို့) ကောင်းကြီး တော်’ (Bless) နှင့်ပတ်သက်၍ရဟန်းမင်းကြီးကအောက်ပါအတိုင်းရှင်းပြထားသည်။ သို့သော်ရဟန်း မင်းကြီး သည်အီတလီဘာ သာစကား ‘benedire’ ကိုအခြေခံ၍ရှင်းပြထားသည်။

အဆိုပါစကားလုံး၏လုံး ကောက်အဓိပ္ပါယ်မှာ ‘အ ကောင်းပြောခြင်း’ ဟုဆို လိုသည်။ ထို့ကြောင့်ဘုရားသခင် သည် ‘မကောင်းမပြော။ အ ကောင်းပြောသူဖြစ်သည်။’ အကောင်း ပြောခြင်းသည်မင်္ဂလာရှိ၏။ မင်္ဂလာရှိလျှင်ကောင်းကြီးခံရ၏။

ဘုရားသခင်သည် သူ၏လက် ရာတော်များဖြစ်သောလူကိုဖန် ဆင်းခြင်းနှင့်ဖန်ဆင်းခြင်းအားလုံးကောင်းပြီး၊ တင့် တယ်သည်ကိုဖူးလိုက်ရသည်။

အပြစ်သင့်နေသော်လည်းကျွန်ုပ်တို့သည်မည်သည့်အရာဖြင့်ပုံမျှချေဖျက်မရသောဘု ရား သခင် ၏မျက်နှာတော် သို့သော်ဤဖန်ဆင်းခြင်း၌လည်းထည့်သွင်းပေးထားခဲ့သောအ လှအပများသည်မကြာမီလူတို့၏မကောင်းဉာဏ်၊ အတ္တအကြံများကြောင့်ဖျက်ဆီးခြင်းခံရတော့မည်။

လူတို့၏ဉာဏ်နီဉာဏ်နက်များ မည်မျှပင်အားကောင်းမောင်းသန်စေကာမူဘုရား သ ခင်ထည့်သွင်းပေးထားသောကောင်းမြတ်ခြင်းကိုမူလူ့ အ စွမ်းဖြင့်မဖယ်ထုတ်နိုင်ပေ။ ထိုကောင်းမြတ်ခြင်းကာကောင်း မြတ်ခြင်းကိုပြုရန်နှင့်ကောင်း မြတ်ခြင်းကိုခံယူရန်ဖြစ်သည်။

ကမ္ဘာကြီး၏မျှော်လင့်ချက်သည်ဘုရားသခင်၏ ကောင်း မြတ် တော်မူခြင်း၌လုံး၀တည်မှီနေပါသည်။ ဘုရားသခင်သည်သူ၏ဖန်ဆင်းခံများအား ကောင်းစေလိုသောအလိုတော်ကြီးမား သည်။ ဖန်ဆင်းခံတို့ ၏ကောင်းမြတ်ခြင်းကိုဦးဆုံးလိုလားသူမှာဘုရားသခင်ဖြစ် သည်။ ထို့ကြောင့်ပင်လျင် ဘုရား သခင်၏ အကြီးမြတ်ဆုံးသောကောင်းကြီးတော်ကား ‘ယေဇူးခရစ္စတူး’ ပင်ဖြစ်သည်။ ယေဇူးခရစ္စတူး သည်ထာ၀ရနှုတ်တော်ထွက် စကားဖြစ်သည်။ စိန့်ပေါလ်က ‘ကျွန်ုပ်တို့သည်အပြစ်သားများဖြစ်နေသော်လည်း ဘုရား သခင်သည်ကျွန်ုပ်တို့ကိုကောင်း ကြီးပေးနေသည်’ ဟုဆိုပါသည်။

စိန့်ပေါလ်က ‘ကျွန်ုပ်တို့၏ သခင်ယေဇူးခရစ္စတူး၏ ခ မည်း တော်ဘုရားသည်မင်္ဂ လာရှိစေ သတည်း။ မကြောင်းမူကားခရစ္စတူးသခင်အားဖြင့် ကျွန်ုပ်တို့အားကောင်းကင်နှင့်ဆိုင်သောကောင်း ကြီးများကိုသွန်း လောင်းပေးတော်မူသည်’ ဟုဘုရားသခင် ၏ ကောင်းမြတ်ခြင်းကိုစိတ်လှုပ်ရှားစွာဖြင့်ကြေငြာထား သည်။

ကျွန်ုပ်တို့၌ခတ်နှိပ်ထားသော ဘုရားသခင်၏ရွှေရုပ်လွှာကိုမည်သည့်အပြစ်ကမျှမချေ ဖျက် နိုင်။ အပြစ်သည်ဘုရား သခင်၏ရွှေရုပ်လွှာကိုရုပ်ပျက်ရုံမျှသာဖန်တီးနိုင်သည်။ ကျွန်ုပ်တို့ သည်အပြစ်ထဲ၌အဘယ်မျှကြာနစ်မွန်းနေစေကာမူ ကျွန်ုပ် တို့ထံမှဘုရား သခင် ၏သနားခြင်းကိုမူမဖယ်ရှားနိုင်ပါ။ ဘုရားသခင်သည်တစ် နေ့ကျွန်ုပ်တို့နောင်တဖြင့်သူ့ထံသို့ပြန်လည်ဦး လှည့်လာချိန်အထိစိတ်ရှည်လက်ရှည်စောင့်နေမည်။ ကျွန်ုပ်တို့ ၏ခိုင်မာခက်ထန်သောနှလုံး သားသည်ပွင့်လာပြီး၊ ပြောင်း လဲ သွားသည့်အချိန်ထိမျှော် လင့်နေမည်။

ဘုရားသခင်သည်အလွန်ကောင်းသောဖခင်၊ မိခင်တို့နှင့်တူ၏။ သူတို့၏သားသမီးများ အဘယ်မျှဆိုးသွမ်းစေကာမူ တောင်းစုပ်ပလုံးစုပ်သာပစ်ရိုးရှိသည်။ သားဆိုးသမီးဆိုးကိုပစ်ရိုးထုံးမရှိပေ။

သားသမီးများ ကျူးလွန်သောအပြစ်ကြီးငယ်သည်သေခန်း ပြတ်ရန်အကြောင်းလုံး၀မရှိပေ။ ဤအ ချက်နှင့်စပ်လျင်း၍ ရဟန်းမင်းကြီးကအဂျင်တီးနာ၌ဂိုဏ်းချုပ်ဆရာ တော်အဖြစ်အမူထမ်းနေစဉ်ကကြုံ တွေ့ခဲ့ သောအဖြစ်အပျက်ကိုပြန်လည်ဖောက်သည်ချပါ သည်။ ထောင်၀င်စာရသောနေ့များ၌ အကျဉ်းသားတို့၏မိခင်များသည် ထောင်ဗူး၀၌နေပူ၊ မိုးရွားဒဏ်ခံကာသူတို့၏ သားသမီးများကိုတွေ့ဆုံရန်တန်းစီနေကြသည်။ သားသမီးများကြောင့်အိပ်ရေး ပျက်ခဲ့ရသော် လည်းအချစ်မပြယ်။ ၄င်းတို့ရပ်စောင့်နေသော ထောင်ဗူး၀ရှေ့မှဖြတ်သွားသောကားပေါ်မှခရီးသွားများအနက် ၄င်းတို့ကိုသိသူ၊ မသိသူများပါမည်။ သို့သော်မရှက်နိုင်အား။ သူတို့အားအဘယ် သို့အထင်အမြင်သေးသွားကြမည်၊ အဘယ် သို့ပြောသွားကြမည်ကိုမတွေးအား။ အကျဉ်းကျနေသောသားသမီးများနှင့်တွေ့ဆုံရရေးကား ဘေးမှပြောဆိုလေကန်ကြ မည့်သူတို့၏အပြော ထက်ပို၍အရေးကြီးသည်။ ထို့အတူပင်ကျွန်ုပ်တို့အားလုံးသည် အ ပြစ်များထက်ဘုရားသခင်အတွက်အ လွန်အရေးကြီးသောသားသမီးများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော်သူသည်ကျွန်ုပ်တို့၏ ဖ ခင်၊ မိခင်၊ ကျွန်ုပ်တို့အားစင် ကြယ်သောချစ်ခြင်းဖြင့်ချစ် သည်။ ကောင်းကြီးပေးသည်။ ကျေးဇူးပြုခြင်းမှလည်းဘယ် တော့မျှရပ်တန်သွားမည်ဟုတ်ပါ။

ဘုရားသခင်သည်အပြစ်ရှိ သောသားသမီးများကိုလည်း ကောင်းကြီးပေးမြဲဖြစ်သည်။

ယခုထောက်ရူသောကျမ်းစာလာအခြေအနေသည် ဆိုး သွမ်း၍အကျဉ်းကျခံ၊ ပြန် လည်ပြုပြင်ထိန်းသိမ်းရေးစခန်း သို့ရောက်နေသောသူများအတွက်လည်းခွန်အားယူစရာဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည်အဘယ်မျှကြီး လေးသောအပြစ်အမှား၊ ပြစ်မူကိုကျူးလွန်ခဲ့စေကာမူ ဆက် လက်၍ဘုရားကောင်းကြီးကိုခံစားနေရသည်။ ဘုရားသခင် သည်သူတို့၏ပြန်လည်ကောင်းမွန်လိမ်မာလာမည့်နေ့ကိုစောင့်စားနေသည်။ တစ်နေ့သ၌ဆိုးမိုက်ပြီးနောက် အ ကျင့်ပြောင်း လဲလာမည်ကိုမျှော်လင့်နေသည်။

အကယ်၍မိဘများ၊ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများ၏စွန့်ပစ်ခြင်းခံရသည့်တိုင် သူ တို့သည်ဘုရား သခင် ၏သားသမီးများဖြစ်ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၌ခတ်နှိပ်ထားသောဘုရားသခင်၏သား သမီးဖြစ်ခွင့်အမှတ်တံဆိပ်ကိုမချေဖျက်နိုင်ပေ။ ထို့ကြောင့်ပင်လူ့ဘ၀ ၌မည်မျှပင်ဆိုးသွမ်းနေစေကာမူအထူးအဆန်းများဖြစ် ပွားကြသည်။ လူ့ဘ၀များမမျှော် လင့်ဘဲပြောင်းလဲသွားကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ဖြစ်ရှိနေသည့်အ တိုင်းလက်ခံ သည်။ သို့ကျွန်ုပ်တို့ဖြစ်နေသည့်အတိုင်းမည်သည့်အကူအညီမျှမပေးဘဲလစ်လျူရူချန်မထားပေ။

ရဟန်းမင်းကြီးသည်အခွန်ခံဇာခေဦး၏ဘ၀ဖြစ်စဉ်ကိုကိုးကား၍မိန့်သည်မှာ ဘာသာရေးခေါင်းဆောင်များ၊ သူ၏ ပတ်၀န်းကျင်ကအပြစ်ရှိသူဟုသူ့အားသတ်မုတ်ကြသော် လည်း ယေဇူးသခင်မူကားသူ၌ရှိနေသောကောင်းမြတ်ခြင်းရောင် ခြည်ကိုမြင်တွေ့ခဲ့သည်။ ဇာခေဦး၏စပ်စပ်စုစုအမူအကျင့်သည် ဘုရား သခင်၏သနားခြင်းကိုရယူပိုင်ဆိုင်ရန်အကြောင်းတ ရားဖြစ်သွားခဲ့ပြီး၊ သူ့ဘ၀ကိုလုံး ၀ပြောင်းလဲသွားစေခဲ့သည်။ ယေဇူးသခင်သည် ဇာခေဦးအား လူများအဘယ်သို့မြင် ၍သ မုတ်စေကာမူ ချေဖျက်မရသောခမည်းတော်ဘုရား ၏ကောင်းကြီးကိုကြည့်သည်။

ယေဇူးသခင်သည်သူ့အားလိုအပ်သူများ နှင့်တစ်စိတ်တစ်ကိုယ်တည်းပုံဖော်ရှင်သန်သည်။ သံမာတေဦး၏ဧဝံဂေလိကျမ်းစာ၌ဖော်ပြထားသကဲ့ သို့ ‘ငါသည်ဆာဟု လောင်မွတ်သိပ်သောအခါ၊ အ၀တ်အချည်းစည်းရှိသောအခါ၊ ထောင်ကျခံနေရစဉ်အခါ၊ နေထိုင်မကောင်းဖြစ်စဉ်ခါ’ ဟူထို အခြေအနေမျိုးရှိနေသူ၊ ဖြစ်နေသူများအားအဘယ်သို့ဆက်ဆံခဲ့သည်ကိုထောက် ၍ သူ့ကိုယ်သူခိုင်းနှိုင်း၍စီရင်ဆုံးဖြတ်မည် ဖြစ်သည်။

ကျွန်ုပ်တို့လည်းဘုရားသခင်အားကောင်းမြတ်ခြင်း (မင်္ဂ လာရှိစွာ) ဖြင့်တုန့်ပြန်ကြပါစို့။

ရဟန်းမင်းကြီးဖရန်စစ်သည် ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများအားပြုလုပ်သောပုံမှန်သွန် သင်ချက်အဆုံး၌ကျွန်ုပ်တို့ အားကောင်းမြတ်သော (ကောင်းကြီးပေးသော) ဘုရားသခင်အား ကျွန်ုပ်တို့လူသားများသည်ကောင်းမြတ်ခြင်းဖြင့်ပြန် လည်တုန့်ပြန်ရမည်ဖြစ်သည်။ ကောင်းမြတ်ခြင်းဖြင့်တုန့်ပြန်ရာ၌ ဆု တောင်းချီးမွှမ်းခြင်း၊ ကိုး ကွယ်၀တ်ပြုခြင်း၊ ကျေးဇူး ဆပ်တင်ခြင်းတို့ဖြင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆု တောင်းခြင်းပျော်ရွှင်မူနှင့်သတိတရားကိုမွေးဖွားပေး သည်။ ဘု ရားသခင်သည်ကျွန်ုပ်တို့အသက်တာပြောင်း လဲသည်အထိစောင့်၍ ကျွန်ုပ်တို့ကိုချစ်ရန်မစောင့်စားပါ။ သူသည်ကျွန်ုပ်တို့ အားချစ်နေခဲ့သည်မှာကျွန်ုပ်တို့အပြစ်မကျူးလွန်မီကပင်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3lN5UTd

Add new comment

11 + 9 =