ကျွန်ုပ်တို့ဟာ ကျေးဇူးသိတတ်တဲ့ သူတွေဖြစ်တယ်ဆိုလို့ရှိရင် ကျေးဇူးတင်ဖို့ကို မမေ့သင့်ပါ

ကျွန်ုပ်တို့ဟာ ကျေးဇူးသိတတ်တဲ့ သူတွေဖြစ်တယ်ဆိုလို့ရှိရင် ကျေးဇူးတင်ဖို့ကို မမေ့သင့်ပါဘူး။ ကမ္ဘာကြီးက နည်းနည်းလေးပဲဖြစ်ဖြစ်ပိုကောင်းလာမယ်။ အဲဒီဟာကနေ (သေးငယ်တဲ့)မျှော်လင့်ခြင်းအဖြစ်ကို ပြောင်းလဲပေးဖို့ လုံ လောက်ပါတယ်။

ကမ္ဘာကြီးက မျှော်လင့်ခြင်း လိုအပ်နေတယ်။ ကျေးဇူးသိတတ်၊(ချီးမွမ်းတတ်) ကျေးဇူး တင်တတ်ခြင်းနဲ့ "ကျေးဇူး တင်ပါတယ်" လို့ ပြောတတ်တဲ့ အကျင့်ကနေ (သေးငယ်တဲ့) မျှော်လင့်ခြင်းအဖြစ် ကျွန်ုပ်တို့ပြောင်းလိုက်တယ်။

အရာအားလုံးဟာ ပေါင်းစည်းဆက်နွယ်နေလို့ နေရာတိုင်းမှာ ရှိနေကြတဲ့လူတိုင်းမှာ မိမိတို့အပိုင်းကို လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ပျော်ရွှင်ခြင်းရဲ့လမ်းစဉ်ကတော့ စိန့်ပေါလ်ကနေပြီး သူရေးတဲ့စာစောင်ရဲ့ နောက်ဆုံးအပိုင်းမှာဖော်ပြသလို...

"ဆုတောင်းခြင်းကို အဆက် မပြတ် ပြုလုပ်ကြလော။ အခြေ အနေ အမျိုးမျိုး၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော။ အကြောင်းမူကား ဘုရားသခင်သည် ခရစ်တော်ယေဇူး၌ ရှိသောသင်တို့အား ဤသို့ပြုလုပ်စေခြင်းငှာ အလို ရှိတော်မူ၏။ ဝိညာဉ်တော်ကို မတားဆီးကြနှင့်။

(၁-သက်ဆာလောနိက ၅:၁၇-၁၉)

ဝိညာဉ်တော်ကို မတားဆီးတဲ့ အသက်တာ အစီအစဉ်က ဘယ်လောက်လှလိုက်မလဲ။ ကျွန်ုပ်ရဲ့အတွင်းမှာ တည်ရှိနေပြီးကျေးဇူးတော်ကိုချီးမွမ်းနိုင်စေတဲ့ ဝိညာဉ်တော်ကို မတား ဆီးကြပါနဲ့။

✍️ ထန်းဟာ, SJ

#PopeFrancis #rvapastoral #Popemessage #rvamyanmar

Add new comment

5 + 15 =