ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၊ ဆုတောင်းခြင်းနှင့် ဒဏ်ဆပ်ဖြေခြင်းအားဖြင့် နတ်ဆိုးကို အောင်နိုင်သည်

ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၊ ဆုတောင်းခြင်းနှင့် ဒဏ်ဆပ်ဖြေခြင်းအားဖြင့် နတ်ဆိုးကို အောင်နိုင်သည်

ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၊ ဆုတောင်းခြင်းနှင့် ဒဏ်ဆပ်ဖြေခြင်းအားဖြင့် နတ်ဆိုးကို အောင်နိုင်သည်။

တနင်္ဂနွေနေ့ အန်ဂျေလူးစ်မေတ္တာဆိုသည့်နေရာ၌ ရောက်ရှိနေကြသော လူထုနှင့် စကားပြောရာ၌ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဘုရားသခင်၏ နှုတ်ကပါဌ်တော်သည် ကျွန်ုပ်တို့အား ဝါတွင်းကာလ ရက်ပေါင်း ၄၀ ကို အကျိုးရှိစွာဖြင့် ရှင်သန်နေထိုင်ရမည့် လမ်းကို မည်သို့ပြသခဲ့ကြောင်းကိုရှင်းပြခဲ့သည်။

ဝါတွင်းကာလ၏ ပထမတနင်္ဂနွေနေ့၌ ဖော်ပြသော သံမာရ်ကု၏ ဧဝံဂေလိတရားတော်မြတ်သည် ဝိညာဉ်တော်သည် ယေဇူးအား သဲဂန္တာရသို့ ခေါ်ဆောင်သွားခဲ့သည့် အကြောင်းကို လေးလေးနက်နက်ဖော်ပြခဲ့သည်။ ထိုသဲကန္တာရ၌ သခင်ခရစ်တော်သည် ရက်ပေါင်းလေးဆယ် ပတ်လုံး အစာရှောင်ဝါရှောင်၍ နတ်ဆိုး၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ "သဲကန္တာရ" ၏ သဘောသဘာဝနှင့် သင်္ကေတမှာ " လူသား၏စိတ်နှလုံးတွင် ဘုရားရှင်သည် စကားပြော၍ လူသည် ဆုတောင်းခြင်းအားဖြင့် ဖြေကြားသည့်နေရာ" ဖြစ်သည်။ သို့သော်ထိုနေရာသည် စုံစမ်းနှောင့်ယှက်ခြင်းခံရသည့်နေရာ၊ သခင်ယေဇူးနှင့် စာတန်နတ်ဆိုးတို့ ယှဉ်ပြိုင်အနိုင်လုပွဲ စတင်သည့်နေရာနှင့် ဒုက္ခစရိယာ၊ ကားတိုင်နှင့်အတူ အဆုံးသတ်သည့်နေရာ ဖြစ်သည်။

တစ်ဆက်တည်းမှာပင် သခင်ခရစ်တော်သည် သူ့အားသက်ဝင်လှုပ်ရှားစေ၍ လှုံဆော်လမ်းညွှန်မှုပေးသော ဝိညာဉ်တော်ဘုရား၏ လမ်းညွှန်မှုအောက်၌ မိမိကိုယ်ကို အပ်နှံခဲ့သည်။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က ခရစ်တော်၏ ကယ်တင်ခြင်းလုပ်ငန်းတစ်ခုလုံးသည် နတ်ဆိုးအားဆန့်ကျင်တိုက်ခိုက်သော အနာရောဂါမှ ကုသပျောက်ကင်းစေခြင်း၊ နတ်ဆိုးပူးခြင်းမှ လွတ်မယမြှောက်စေခြင်းခြင်းနှင့် အပြစ်လွတ်ခြင်းစသည့် ခက်ခဲမှုများဖြင့် အမှတ်အသားပြုသည်သည်။ ဘုရားသခင်၏ သားတော်ကိုငြင်းပယ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် သေဒဏ်ချမှတ်လိုက်ချိန်တွင်နတ်ဆိုးသည် အနိုင်ရပုံပေါ်သော်လည်း နောက်ဆုံး၌ နတ်ဆိုးကို အောင်နိုင်ရန် သေခြင်းတရားသည် လက်ဝါးကားတိုင်သို့သွားသော နောက်ဆုံး သဲကန္တာရဖြစ်ပြီး ၎င်းသည် ကျွန်ုပ်တို့အားလွတ်မြောက်စေသည်။

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က သဲကန္တာရနှင့်စုံစမ်းနှောင့်ယှက်ခြင်း‌အကြောင်းကို ဖတ်သည့်အခါ ကျွန်ုပ်တို့သည် သခင်ဘုရား၏ ခြေရာကိုလိုက်လျှောက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အသက်တာသည်လည်း နတ်ဆိုးများကို တွန်းလှန်နိုင်သည့်မကောင်းသောစိတ်ဓာတ်ကိုချေမှုန်းနိုင်ရန်ဖြစ်ကြောင်းသတိပေးနေသည်။ ကျွန်ုပ်တို့သည် “ ထာဝရ အပြစ်စီရင်ခြင်း၊ ရှုံးနိမ့်ခြင်းကို ဖြစ်ပေါ်စေသော နတ်ဆိုးရှိကြောင်း သတိပြုလျက် ထိုနတ်ဆိုးအား ယှဉ်ပြိုင်တိုက်ခိုက်၍ မိမိကိုယ်ကို ကာကွယ်နိုင်ရန် ပြင်ဆင်သင့်သည်။

သခင်ယေဇူးသည် နတ်ဆိုးနှင့် မည်သည့်အခါမျှ ညှိနှိုင်းဆွေးနွေးခြင်း၊ စကားပြောခြင်းများမပြုခဲ့ပေ။ ထိုသို့ အစား နတ်ဆိုးအားမောင်းထုတ်၍ ဘုရားရှင်၏နှုတ်တော်ထွက်စကားအားဖြင့် ချေပခဲ့သည်။ ကျွန်ုပ်တို့သည်လည်း နတ်ဆိုးနှင့် မည်သည့်အခါမျှ ညှိနှိုင်းဆွေးနွေးခြင်းစကားပြောခြင်းများ၊ နတ်ဆိုး၏ ဖျားယောင်းသွေးဆောင်ခြင်းများ၌ မပါဝင်သင့်ပါ။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ကျေးဇူးတော်သည် ကျွန်ုပ်တို့အား "ယုံကြည်ခြင်း၊ ဆုတောင်းခြင်းနှင့် ဒဏ်ဆပ်ဖြေခြင်းတို့ဖြင့် ရန်သူကိုအနိုင်ယူနိုင်မည့်အကြောင်း အာမခံသည်။

နိဂုံးချုပ်အနေဖြင့်ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က “ ကျွန်ုပ်တို့သည် စာတန်နှင့်သူ၏ လုပ်ရပ်များ၊ အချည်းနှီးသော သူ၏ ကတိများကို စွန့်လွှတ်သည်” ဟူသော ကျွန်ုပ်တို့၏ ဆေးကြောခြင်း မင်္ဂလာကတိတော်များကို ပြန်ဆိုခြင်းအားဖြင့် ဘုရားသခင်၏ ခြေရာတော်၌ လျှောက်လှမ်းရန် ဖိတ်ခေါ်ခြင်းခံရသည်။" ဟူ၍ မိန့်ကြားတော်မူပြီးနောက် ကျွန်ုပ်တို့အား မယ်တော်၏ ကြားဝင်ဆုတောင်းပေးခြင်းကို တောင်း ဆိုရန် တိုက်တွန်းနှိုးဆော်ကာ ဩဝါဒတရားတော်မြတ်ကို အဆုံးသတ်ခဲ့ပါသည်။

 

ဘာသာပြန်- စစ္စတာရ်လူစီလားနိုင်ကျဲန် SJA

http://bit.ly/3aNxI7o

Add new comment

10 + 8 =