ကျွန်ုပ်တို့သည်အစဉ်အမြဲ ဆုတောင်းသင့်သည်။

ကျွန်ုပ်တို့သည်အစဉ်အမြဲ ဆုတောင်းသင့်သည်။

ကျွန်ုပ်တို့သည်အစဉ်အမြဲ ဆုတောင်းသင့်သည်။

လူထုပရိတ်သတ်နှင့် တွေ့ဆုံရာမှာ ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" က အဆက်မပြတ်ဆုတောင်းခြင်း၏ အရေးပါမှုကို အလေးပေးသော "သခင်ယေဇူး" ၏ ပုံဥပမာသုံးခုကို ထောက်ရှုသုံးသပ်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" သည် ဗုဒ္ဓဟူးနေ့ ဆုတောင်းခြင်း၌ သူ၏ တရားတော်မြတ် သွန်သင်ခြင်းကို ဆက်လက်ပြုလုပ်ရာတွင် ဆုတောင်းခြင်း ၌ ဇွဲရှိခြင်း၏ အရည် အချင်းကိုအဓိကထား၍ သွန်သင်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီး အ ရှင်သူမြတ်က “သခင်ခရစ် တော်ကိုယ်တိုင် အဆက် မ ပြတ် ဆုတောင်းခြင်းပုံဥပမာကို ဇွဲရှိရှိ လက်တွေ့ကျင့်ကြံခြင်းအားဖြင့် ပုံသက်သေကို ပြခဲ့ပြီ” ဟု ဆိုခဲ့သည်။

"အဆက်မပြတ် ဆုတောင်းခြင်း၏ ပုံဥပမာများ"

ပုပ်ရဟန်းမင်းကြီးက မှတ် ချက် ပြုရာတွင်ကက်သလစ်အသင်းတော်၏ သွန်သင်ချက်သည် အထူးမီးမောင်းထိုးပြသော ဆုတောင်းခြင်း၏ ပုံဥပမာသုံးခုကို တွေ့ရှိခဲ့သည်။ ညဥ့်နက်သန်းခေါင်အချိန်တွင် ညရောက်ရှိလာသော မျှော်လင့်မထားသည့်ဧည့် သည် ပုံဥပမာတွင် ကျွန်ုပ်တို့သည် ဆုတောင်းခြင်း၌ စိတ်အားထက်သန်ရမည့် အကြောင်း လေ့လာရသည်။ ကျွန်ုပ်တို့ လိုအပ်သည့်အရာများကို အဖဘုရားရှင်သည် သိမြင်တော်မူသည်။ "မရမက တောင်း‌လျှောက်ခြင်းသည် ဘုရားရှင်အား အသိပေးရန် (သို့မဟုတ်) ဘုရားရှင် လက်ခံယုံကြည်ရန် မလိုအပ်ပါ။ သို့ သော် ကျွန်ုပ်တို့၌ အလိုဆန္ဒနှင့် မျှော်လင့်ခြင်းကို ပြုစုပျိုး ထောင်ရန် လိုအပ်သည်။

မတရားသော တရားသူကြီး ၏ ပုံဥပမာသည် ကျွန်ုပ်တို့ကို ယုံကြည်ခြင်းသည် ခဏတာရွေးချယ်ခြင်းမဟုတ်ပါ။ သို့ သော် မကောင်းမှုကိုပြုခြင်းနှင့် မတရားပြုခြင်းတို့မှ နှုတ် ထွက်ခြင်းမပြုဘဲ ဘုရားရှင်နှင့် ငြင်းခုံသည့်တိုင်အောင် ဘုရားသခင် အထံတော်၌ ဆု တောင်းရန် သတ္တိရှိသော ဆုံး ဖြတ်ချက်ဖြစ်သည်။

"ဖာရိရှဲ" နှင့် အခွန်ခံပုံ ဥပမာတွင် "သခင်ယေဇူး" က “ဘု ရားသခင်သည် မာန ထောင် လွှားသူတို့၏ ဆုတောင်းသံကို နားညောင်းတော်မမူကြောင်း၊ သို့သော် စိတ်နှိမ့်ချသောသူတို့ ၏ ဆုတောင်းသံကို ကိုယ် တော် နားညောင်းတော်မူကြောင်း” မိန့်ကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" အရှင်သူမြတ်က “စိတ်နှိမ့်ချခြင်းမရှိဘဲ စစ်မှန်‌သော ဆု တောင်းခြင်းသည်လည်း မရှိပါ" ဟူ၍ မြွက်ကြားခဲ့သည်။

"ကျွန်ုပ်တို့သည် အစဉ်အမြဲ ဆုတောင်းသင့်သည်"

ပုပ်ရဟန်းမင်းကြီး "ဖရန်စစ်" က “ဧဝံဂေလိ တရားတော်၏ သွန်သင်ချက်သည် ရှင်းလင်းလှပါသည်။ အရာရာသည် အ ချည်းနှီးသာ ဖြစ်နေသည်ဟု ထင်ရသည့်တိုင်အောင် ကျွန်ုပ်တို့သည် အစဉ်အမြဲ ဆု တောင်း ရန်လိုအပ်သည်။ ဆုတောင်းရန်ခက်ခဲ‌၍ ဘုရား သခင်သည် ကျွန်ုပ်တို့ ဆု တောင်းသံကို နားမထောင်ဟု ထင်ရသည့်တိုင် ဆုတောင်းခြင်း၌ ဇွဲရှိရန် လိုအပ်သည်။ ထိုကဲ့သို့ အခက်ခဲတွေ့သော ညများတွင် ဆုတောင်း‌ သောသူများသည် မည်သည့်အခါမျှ တစ်ယောက်တည်း ရှိမည်မဟုတ်။ သခင်ခရစ်တော်သည် ဆုတောင်းသောသူတို့နှင့် အမြဲ တည်ရှိသည်။ သခင်ယေဇူးနှင့်အတူ "သခင်ယေဇူး" ၌ ကျွန်ုပ်တို့ ဆုတောင်းရန် သူ၏ ဆုတောင်းခြင်း၌ ကျွန်ုပ်အား ဖိတ်ခေါ်ကြိုဆိုနေသည်။ ဤအရာသည် "သန့်ရှင်းသောဝိညာဉ်တော်" ၏ လုပ်ရပ်ဖြစ်သည်။ "သခင်ယေဇူး" ၏ ဆုတောင်းခြင်းနှင့် ဆက်သွယ်မှုရှိခြင်းသည် “လူတစ်ယောက်၏ ဆု တောင်းခြင်း၌ ထိုသူ အမြဲ တမ်းပိုင်ဆိုင်ချင်‌သော တောင် ပံ တွေကိုပေးတယ်” ဟူ၍ ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" က မိန့်ကြားခဲ့သည်။

"ဆုတောင်းသောခရစ်ယာန်သည် မည်သည့်အရာကိုမျှ မကြောက်"

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် ဘုရားရှင်အား ယုံ ကြည်စိတ်ချခြင်း၏ ဆာလံဖြစ်သော ဆာလံ ၉၁ ၌ ပါရှိ သော စကားလုံးများကို ပြန် ပြောပြခဲ့သည်။ “ခရစ်တော်၌ ဤအံ့ဘွယ်ရာ ဆုတောင်းခြင်းသည် ပြည့်စုံခဲ့ပြီး၊ ထိုသခင်၌ ၎င်း၏ ပြည့်စုံသော အမှန်တရားကို ရှာတွေ့နိုင်သည်။ "ခရစ်တော်" မှ လွဲ၍ “ကျွန်ုပ်တို့၏ အားစိုက်၍ ဆုတောင်းခြင်းသည် လူတို့၏ ကြိုးစားအားထုတ်မှုကို လျှော့ချနိုင်ကြောင်းသတိပေးသည်။ သို့ သော် "သခင်ယေဇူး" သည်လူသားတို့၏ ဆုတောင်းခြင်းကို မိမိကိုယ်ကိုခံယူသည်။

ပုပ်ရဟန်းမင်းကြီး "ဖရန်စစ်" က ""သခင်ယေဇူး" သည် ကျွန်ုပ်တို့ ဆုတောင်းခြင်းအသက်တာ၌ပင်ကျွန်ုပ်တို့အတွက် အလုံးစုံဖြစ်သည်” "စိန့်သြဂုတ်စတင်း" ၏ ဘုရား စကား သွန်သင်ချက်မှ‌ ရေးသားခဲ့သည့် ""ယေဇူးသခင်" သည် ကျွန်ုပ်တို့၏ ရဟန်းတစ်ပါးအနေဖြင့် ကျွန်ုပ်တို့အတွက်ဆုတောင်းပေးသည်။ ကျွန်ုပ်တို့၏ ခေါင်း‌‌ ဆောင်တစ်ယောက်အနေဖြင့် ကျွန်ုပ်တို့အလယ်၌ ဆု တောင်းသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အသံသည် ကိုယ်တော်၌ရှိ၍ ကိုယ် တော် ၏ အသံသည် ကျွန်ုပ်တို့၌ ရှိကြောင်းကို အသိအမှတ် ပြုကြပါစို့။ ဤသည်မှာ ဆု တောင်း သော ခရစ်ယာန်များ မကြောက်ရသည့်‌ အကြောင်း တရား ဖြစ်သည်” ဟု ​မြွက်ကြားခဲ့သည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/36IljOP

Add new comment

8 + 0 =