ကျွန်ုပ်တို့သည်ဘုရားသခင်၏ဘဏ္ဍာစိုးများဖြစ်ကြသည်။ သစ္စာရှိရမည်။

ကျွန်ုပ်တို့သည်ဘုရားသခင်၏ဘဏ္ဍာစိုးများဖြစ်ကြသည်။ သစ္စာရှိရမည်။

ကျွန်ုပ်တို့သည်ဘုရားသခင်၏ဘဏ္ဍာစိုးများဖြစ်ကြသည်။ သစ္စာရှိရမည်။

ဗုဒ္ဓဟူးနေ့ဘုရားဖူးများနှင့်တွေ့ဆုံစဉ်က ရဟန်းမင်းကြီးသည်သူ၏သွန်သင်ချက်ဖြစ်သော ‘ကမ္ဘာ ကြီးကိုကုစားပါ’ ခေါင်းစဉ်ဖြင့်ဆက်လက်သင်ကြားခဲ့သည်။ ထိုသွန်သင်မူ၌ခရစ္စတူးထံမှလာသောမျှော် လင့်ခြင်းလက်ဆောင်ကိုခံယူကြရန်၊ အထူးသဖြင့်ယခုကပ်ရောဂါဆိုးကာလ၌မျှော်လင့်ခြင်းလက်ဆောင် ကိုခံယူကြပါ။ လူအတော်များများသည်ဤကဲ့သို့ခက်ခဲသောကာလ၌ထိုမျှော်လင့်ချက်များပျောက်ဆုံးနေ ကြသည်။ ကျွန်ုပ်တို့၏နောက်ဆုံးအချိန်ထိလွှမ်းမိုးမထားနိုင်သောမကျန်းမမာဖြစ်ခြင်း၊ သေခြင်း၊ မတရား ခြင်းများကိုကိုင်တွယ်ထိန်းကျောင်းသူမှာခရစ္စတူးဖြစ်ကြောင်းရှင်းပြခဲ့သည်။

ကပ်ရောဂါဆိုးနှင့်လူမူရေးမညီမျှမူ

လူမူရေးနယ်ပယ်၌တန်းတူညီမျှမူမရှိခြင်းကိုမီးမောင်းထိုးပြပြီး၊ ထိုမညီမျှမူသည်ကပ်ရောဂါဆိုး ကြီးကိုအလွန်ဆိုးရွားစေသည်။ ကလေးအတော်များများသည် ပညာသင်ကြားရမည့်အချိန်၌မသင်ကြား နိုင်ဘဲ၊ ကလေးအချို့သည်ပညာများကိုအေးအေးလူလူသင်ကြားနေကြသည်။ အချို့သည်သူတို့၏အလုပ် ကိုအိမ်မှလုပ်၍မရဘဲဖြစ်နေချိန်၊ အခြားသောသူများသည်အိမ်၌နေ၍အလုပ်လုပ်ကိုင်မပျက်လုပ်ကိုင် လျှက်ရှိသည်။ နိုင်ငံအတော်များများသည် ဤအရေးပေါ်ကာလကိုကိုင်တွယ်ဖြေရှင်းရန်ငွေကြေးမထုတ် ပေးနိုင်စဉ်၌ အခြားသောနိုင်ငံများကပြုလုပ်နေကြသည်။

ဤသို့တူညီမူမရှိခြင်းသည်လူမူရေးကိုဆိုးရွားစွာ ထိခိုက်စေသည်။ ဤအခြေအနေသည်ကူးစက်တတ်သောပိုးနှင့်တူသည်။ ထိုပိုးသည်မတည်မငြိမ်၊ တန်းတူ ညီမျှမရှိသောစီးပွားရေးနယ်ပယ်မှလာသည်။ တန်းတူညီမျှမရှိဘဲ စီးပွားရေးကြီးထွားလာမူသည်အခြေခံလူ မူကျင့်၀တ်နှင့်တန်ဖိုးကိုဖောက်ဖျက်လာသည်။ ယနေ့ကမ္ဘာကြီး၌ချမ်းသာကြွယ်၀သောသူအနည်းငယ် သည်လူသားထုတစ်ရပ်လုံးနီးပါး၏ချမ်းသာမူကိုပိုင်ဆိုင်ထားကြသည်။ ဤသို့ဖြစ်ရခြင်းမှာမတရားပေ။

ဖန်ဆင်းခြင်း၏လုပ်ဆောင်ချက်ကိုထောက်ရူပါ။

လိုအပ်ခြင်းမဟုတ်ဘဲ၊ လိုချင်သည့်စိတ်ဖြင့်ပိုင်ဆိုင်နိုင်အောင်ကြိုးစားကာညီအစ်ကိုမောင်နှမ၊ သဘာ၀၊ ဘုရားသခင်ကိုယ်တိုင်ကိုလည်းကောင်းလွှမ်းမိုးချုပ်ကိုင်နိုင်ရန်အားထုတ်ခြင်းသည်ဖန်ဆင်းရှင် ၏အစီအမံမဟုတ်ပေ။ ဘုရားသခင်သည်ကမ္ဘာကြီးအားလူတိုင်းကိုပေးအပ်ခဲ့သည်။ ပေးအပ်သည့်ရည်ရွယ် ချက်မှာထွန်ယှက်စိုက်ပျိုးရန်နှင့်စောင့်ရှောက်ထိန်းသိမ်းရန်ဖြစ်သည်။ ကမ္ဘာကြီးကိုဘုရားသခင်၏နာမ တော်၌အုပ်စိုးရန်၊ ထွန်ယှက်စိုက်ပျိုးရန်၊ စောင့်ရှောင်ထိန်းသိမ်းရန်ဖြစ်ကြောင်း၊ ဤကမ္ဘာကြီးသည်လူ သားတိုင်း၏ဥယျာဉ်ဖြစ်ကြောင်း၊ ထို့ကြောင့်လူတိုင်းကာကွယ်ရမည်၊ ထိန်းသိမ်းရမည်။ ကာကွယ်စောင့် ရှောက်မည်ဟုဆိုရာ၌လူသားတို့စိတ်ကြိုက်ပြုလုပ်နိုင်ခြင်းကိုမဆိုလိုပါ။ လူသားထုတစ်ရပ်လုံးကိုပေးထား ခဲ့သောကြောင့်အားလုံးနှင့်ဆိုင်သည်။ အားလုံးတာ၀န်ရှိသည်။ ကမ္ဘာကြီး၏အပွင့်အသီးများသည်လူတစ်စု၊ တစ်ဖွဲ့အတွက်သာမဟုတ်။ လူသားထုတစ်ရပ်လုံးအတွက်ဖြစ်သည်။

နိုင်ငံရေးအာဏာစက်

ဘုရားသခင်ပေးအပ်ထားသောကျွန်ုပ်တို့၏ပိုင်ဆိုင်ရာသည် လူသားထုတစ်ရပ်လုံးကိုကောင်းကျိုး သယ်ဆောင်လာရန်အတွက် စည်းမျဉ်းစည်းကမ်းကိုနိုင်ငံရေးအာဏာပိုင်များကချမှတ်ရန်လုပ်ပိုင်ခွင့်နှင့်အ ခွင့်အရေးရှိသည်။ ဥစ္စာနှင့်ငွေကြေးသည်ကြားခံဖြစ်သော်လည်း များသောအားဖြင့်ဘ၀၌အရာရာကိုလုပ် ပေးနိုင်စွမ်းသောအရာအဖြစ်မှားယွင်းစွာသတ်မှတ်ခံယူနေကြသည်။ ဤသို့ဖြစ်လာသောအခါသည်ငွေ ကြေးဥစ္စာမျှအရေးမကြီးတော့သည့်အတွက်လူ့တန်ဖိုးကျဆင်းစေလာသည်။ ကျွန်ုပ်တို့သည်ဘုရားသခင်၏ ရုပ်ပုံလွှာနှင့်တူအောင်ဖန်ဆင်းခြင်းသည် ကျွန်ုပ်တို့သည်တစ်ဦးတစ်ယောက်တည်းနေသောသတ္တ၀◌ါမ ဟုတ်။ တီထွင်ဖန်တီးပေးနိုင်သော၊ ပေါင်းစည်းနိုင်သော၊ ချစ်ခြင်းအားကြီးသောသတ္တ၀ါဖြစ်သည်။

ကျွန်ုပ်တို့၏အကြည့်ကို ယေဇူးသခင်ထံသို့စူးစိုက်ထားပြီး၊ ယေဇူးသခင်၏ချစ်ခြင်းသည် တပည့် တော်ကြီးအစုအဖွဲ့၏လုပ်ဆောင်ချက်ဖြင့်ဖော်ဆောင်လျှက်ရှိသည်။ ထို့ကြောင့်ကျွန်ုပ်တို့အားလုံးအတူတ ကွလုပ်ဆောင်၍မတူညီကွဲပြားပြီး၊ ပိုမိုကောင်းသောအကျိုးကိုမွေးဖွားပေးစေရမည်။ ဘုရားသခင်၌အမြစ် တွယ်နေသောခရစ်ယာန်မျှော်လင့်ခြင်းသည် ဘုရားသခင်နှင့်ချပ်ဆက်ထားသည်။ ထို့ကြောင့်ယေဇူးသခင် ၏တပည့်တော်အဖြစ် ဝေမျှရ၊ အားဖြည့်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ခရစ္စတူးသခင်၌ရှိသမျှ ကိုလည်းတစ်ခုမျှမကျန်ဘဲ ကျွန်ုပ်တို့အားပေးခဲ့သည်။ ဖန်ဆင်းရှင်ကျွန်ုပ်တို့အားပေးထားသော ဥစ္စာများကိုကောင်းမွန်စွာထိန်းကျောင်းအသုံးပြုပြီး၊ ‌ ဝေမျှမည်ဆိုပါလျင်အဘယ်သူမျှလိုအပ်နေတော့မည်မဟုတ်။

ဤသို့ဖြင့်သူတို့အားလည်းဤသို့‌  ဝေမျှ တတ် ရန်ဆင့်ပွားသင်ကြားပေးလိုက်ခြင်းဖြစ်ရာ ကမ္ဘာကြီးသည်ပို၍နေထိုင်စရာကောင်းပြီး၊ တန်းတူညီမျှရှိလာ မည်။ ကလေးများ၏အဖြစ်ကိုစဉ်းစာပါ။ ကလေးအတော်များများသည် ဤမညီမျှသောလူမူရေး၊ စီးပွား ရေးကွာဟမူများကြောင့်ထိုဒဏ်ကိုခါးစီးခံနေရသည်။ ကလေးအတော်များများသည်သေဆုံးနေကြသည်။ ဆာလောင်နေကြသည်။ ပညာရေးအခွင့်အရေးများရရှိရန်လိုအပ်နေကြသည်။ ထို့ကြောင့်ဤကိုဗစ် (၁၉) ကပ်ဆိုးကြီးလွန်မြောက်သွားလျှင် ကျွန်ုပ်တို့သည်ပိုမိုကောင်းမွန်လာရမည်ဖြစ်ကြောင်းအားပေးတိုက်တွန်း ပြီးနိဂုံးချုပ်ခဲ့သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of :ANSA

https://bit.ly/2G3f5zC

 

Add new comment

3 + 2 =