ကျွန်ုပ်တို့ဆုတောင်းတဲ့အချိန်မှာ သခင်ယေဇူး ကျွန်ုပ်တို့နဲ့ ရှိနေပါတယ်

ကျွန်ုပ်တို့ဆုတောင်းတဲ့အချိန်မှာ သခင်ယေဇူး ကျွန်ုပ်တို့နဲ့ ရှိနေပါတယ်

သခင်ယေဇူးက အမှန်တရားဖြစ်ပါတယ်၊ အပြစ်သား တစ်ယောက် မဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်ုပ်တို့လို အပြစ်သားတွေဆီကို သူဆင်းကြွလာခဲ့ပြီး ကျွန်ုပ်တို့နဲ့ သူဆုတောင်းပါတယ်။

ကျွန်ုပ်တို့ဆုတောင်းတဲ့အချိန်မှာ သခင်ယေဇူး ကျွန်ုပ်တို့နဲ့ ရှိနေပါတယ်။ ကောင်းကင်နိုင်ငံမှာ စံနေတဲ့ သခင်ယေဇူးဟာ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့နဲ့အတူ ရှိနေပါတယ်။

သခင်ယေဇူးဟာ သူ့လူတွေနဲ့ အတူ အမြဲတမ်း ဆုတောင်းလေ့ရှိပါတယ်။ ကျွန်ုပ်တို့နဲ့လည်း အမြဲတမ်းအတူ ဆုတောင်းနေပါတယ်။

ကျွန်ုပ်တို့ဘယ်တော့မှ တစ်ယောက်ထဲ ဆုမတောင်းပါဘူး၊ ကျွန်ုပ်တို့အမြဲတမ်း သခင်ယေဇူးနဲ့အတူ ဆုတောင်းကြပါတယ်။

သခင်ယေဇူးအမြဲတမ်းကျွန်ုပ်တို့နဲ့ဆုတောင်း နေတဲ့အကြောင်းကိုကျွန်ုပ်တို့စိတ်နှလုံးသား အထဲမှာ အမြဲသတိနဲ့ မှတ်ထားကြပါစို့။  

 

ဘာသာပြန် - ထန်းဟာ, SJ

Add new comment

1 + 15 =