ကျွန်ုပ်တို့၏အနာဂါတ်ဘုံစံအိမ်ကိုပြန်လည်တွေးတောဆင်ခြင်ပါဟုရဟန်းမင်းကြီးကုလအားတိုက်တွန်း

ယခုနှစ်သည်ကုလသမဂ္ဂအဖွဲ့အစည်းအတွက်ထူးခြားသောနှစ်တစ်နှစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်လွန်ခဲ့ သော (၁၉၄၅) ခုနှစ်၊ ဆန်ဖရန်စစ္စကို၌ကုလသမဂ္ဂသဘောတူညီမူစာချုပ်အားလက်မှတ်ရေးထိုးခဲ့သည့် (၇၅) နှစ်ပြည့်နှစ် ပတ်လည်နေ့ဖြစ်သည်။ ပြီးခဲ့သောတနလ်ာနေ့ကကုလအဖွဲ့၀င်နိုင်ငံများ၏ကိုယ်စားလှယ်များနှစ်ပတ်လည် အဆင့်မြင့်အ ခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး၊ တစ်ပတ်တာ၌လည်းအခြားသောလှုပ်ရှားမူများဖြင့်အပြည့်ကျင်းပသွားမည်ဖြစ်သည်။ ကိုဗစ် (၁၉) ကူးစက်ရောဂါ၏ရန်ကိုကာကွယ်ရန်ညွှန်ကြားချက်များကြောင့်အပြည်ပြည်ဆိုင်ရာလှုပ်ရှားမူများကိုလည်းအ တိုင်းအတာနှင့်သာပြုလုပ်နေရသည်။ အခမ်းအနားသို့ပါ၀င်သောကိုယ်စားလှယ်များမှာလည်းပြည့်ပြည့်၀၀တက်ကြွစွာ တိုက်ရိုက်ပါ၀င်ခြင်းမဟုတ်ဘဲ မိန့်ခွန်းများကိုဗွီဒီယိုများဖြင့်ထုတ်လွှင့်ပြောကြားခဲ့ကြသည်။ ထို့အတူဗာတီကန်၏အတွင်း ရေးမှူးဖြစ်သောကာဒီနယ် Cardinal Pietro Parolin လည်းအဆိုပါအခမ်းအနား၌ဗွီဒီယိုဖြင့်မိန့်ခွန်းပြောကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်မှကုလသို့ပန်ကြား

ပြီးခဲ့သည့်သောကြာနေ့က ရဟန်းမင်းကြီးသည်ကုလကိုယ်စားလှယ် (၁၉၃) ဦးတက်ရောက်သောအခမ်းအနားသို့ မိန့်ခွန်းမိန့်ကြားခဲ့သည်။ ကောင်းမွန်သောအနာဂါတ်အတွက်နိုင်ငံများအချင်းချင်းပူးပေါင်းလုပ်ဆောင်ကြရန်၊ ကုလဖွဲ့စည်း တည်ထောင်ခြင်း (၇၅) နှစ်ပြည့်နှစ်ပတ်လည်သည်လည်းအခွင့်အခါကောင်းဖြစ်နေ၍ ဤအဖွဲ့အစည်းကြီးသည်တိုင်းနိုင်ငံ များကြား၌သော်လည်းကောင်း၊ လူမူအသိုင်းအဝိုင်း၌သော်လည်းကောင်းစည်းလုံးခြင်း၏ပြယုဂ်ဖြစ်သင့်ကြောင်းလည်း မိန့်ကြားခဲ့သည်။

အရေးကြီးသောအကြောင်းအရာကိုရွေးချယ်ပါ။

ကမ္ဘာကြီးတစ်ခုလုံးကိုခြိမ်းခြောက်နေသောကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကြီးနှင့်ပတ်သက်၍လည်း ရဟန်းမင်းကြီးက နောက်ဆက်တွဲအကြပ်အတည်းများသည် လူမူအဖွဲ့အစည်းကိုထိလွယ်ရှလွယ်စေမည့်အခြေအနေကိုလည်းမီးမောင်းထိုးပြ ထားပြီး၊ စီးပွားရေး၊ ကျန်းမာရေးနှင့်လူမူရေးစနစ်များအကြောင်းကိုလည်းကြိုတင်ပြင်ဆင်ထားရန်မေတ္တာရပ်ခံခဲ့သည်။ အ ရေးကြီးဆုံးအချက်မှာအခြေခံကျန်းမာရေးစောင့်ရှောက်မူနှင့်စပ်လျင်း၍လူတိုင်း၏အခွင့်အရေးကိုဦးစားပေးလုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ ယခုနှစ်မတ်လ (၂၇) ရက်နေ့ကသူ၏မိန့်ခွန်းဟောင်းကိုပြန်လည်မှီငြိမ်းပြီး၊ လက်ရှိတွေ့ကြုံရင်ဆိုင်နေ သောကပ်ရောဂါဆိုးသည် ကျွန်ုပ်တို့ကိုအရေးကြီးသောအရာကိုဖမ်းဆုပ်ပြီး၊ အရေးသိပ်မကြီးလှသောအရာများကိုခေတ္တ ဘေးဖယ်ထားရန်နှိုးဆော်နေကြောင်း၊ အရေးပေါ်နှင့်အရေးကြီးသည့်အမူများကိုခွဲခြားတတ်ရန်၊ နိုင်ငံပေါင်းစုံနှင့်တစ်စိတ် တစ်၀မ်းတည်းထား၍ကမ္ဘာကြီးအတွက်၊ ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်ကြရင်းချို့တဲ့နွမ်းပါးသူများအားလည်းချန်လှပ် မထားရန်တိုက်တွန်းခဲ့သည်။

တစ်စိတ်တစ်၀မ်းတည်းထားရှိသောစိတ်ဓာတ်အမှန်

လက်ရှိအကြပ်အတည်းများက ကတိစကား၊ တစ်စိတ်တစ်၀မ်းတည်းထားသည့်စိတ်ထားသည်လက်တွေ့မကျ၍ မရကြောင်းကိုသက်သေပြနေသည်။ သို့သော်ကျွန်ုပ်တို့စွမ်းဆောင်နိုင်ခြေရှိသည်ထက်လည်းကျော်လွန်၍လည်းကတိက၀ပ် များမပေးရန်လိုသည်။ ကိုဗစ်ကြောင့်လည်းအလုပ်သမားစေျးကွက်၌လူသားအစားစက်ရုပ်များအစားထိုးလာမည့်စိန် ခေါ်ခြိမ်းခြောက်မူများကိုလည်းရဟန်းမင်းကြီးသည်စိုးရိမ်နေသည်။ အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ရောဂါပိုးများသည် လူသား၀န်ထမ်းများအားကူးစက်နိုင်သောကြောင့်လုပ်ငန်းလည်ပတ်မူများနှောင့်နှေးရပ်တန်သွားမူများလည်းကြုံရသည်။ ထို့ကြောင့်ရဟန်းမင်းကြီးကစက်ရုပ်များ၊ လူသားအစားထိုးသည့်စက်များကိုအသုံးပြုရမည့်အပိုင်းရှိသကဲ့သို့လူသားများ၏ ဂုဏ်သိက္ခာ၊ လူသားအင်အားနှင့်မျှသောလုပ်ဆောင်နိုင်မည့်အလုပ်မျိုးကိုလည်းဖန်တီးပေးကြရန်၊ ထို့ကြောင့်လားရာ ပြောင်းရန်လိုအပ်ကြောင်း၊ ထိုပြောင်းလဲမူမှာကြံ့ခိုင်မူရှိစေပြီး၊ တစ်စတစ်စပြန့်နှံ့လာနေသောဖြုန်းတီးလေလွှင့်မူယဉ်ကျေး မူကြီးကိုလည်းကိုင်တွယ်ဖြေရှင်းပြီးသားဖြစ်သည်။ စီးပွားရေး၌လည်းလက်၀ါးကြီးအုပ်ချယ်လှယ်သောစနစ်ကိုလည်းပြင် ဆင်ရန်၊ အဘယ်ကြောင့်ဆိုသော်အကျိုးအမြတ်ကိုသာအသားပေးလွန်းသောလုပ်ရပ်ဖြစ်သည်။ နိုင်ငံတော်ကလုပ်ခွင့်ပေး ထားသောမည်သည့်စီးပွားရေးလုပ်ငန်းများကိုမဆိုတရား၀င်ဖြစ်အောင်လုပ်ရန်နှင့်သို့မှသာ၀န်ထမ်းများအပေါ်ဥပဒေနှင်အ ညီတောင်းဆိုနိုင်သကဲ့သို့၀န်ထမ်းများသည်လည်းဥပဒေချိုးဖောက်ခံရသည့်အခါဥပဒေကြောင်းအရ၄င်းတို့ကိုအကာကွယ် ပေးနိုင်သည်။

အလေအလွင့်များသောယဉ်ကျေးမူ

အလေလွင့်မူဖြစ်စေသောယဉ်ကျေးမူ၌ လူ့ဂုဏ်သိက္ခာကိုလေးစားမူလုံး၀မရှိသည့်လက္ခဏာဖြစ်သည်။ အယူအဆ ကိုသာဦးစားပေးပြီး၊ အလုပ်သာမားလျော့ချရေးကိုသာဦးစားပေးလုပ်ဆောင်ခြင်း၊ လူတို့၏အခြေခံလူ့အခွင့်အရေးကိုငြင်း ပယ်လိုက်ပြီး၊ အရာရာကိုလုံး၀ဥသုန်ချုပ်ထိန်းလွမ်းမိုးနိုင်ရန်ကြိုးစားလာခြင်းဖြစ်သည်။ ဤလုပ်ရပ်သည်လူသားထုတစ် ရပ်လုံးအားတိုက်ခိုက်ထိုးနက်ခြင်းဖြစ်သည်။ ဤအခြေခံကျသောလူ့အခွင့်အရေးများကိုပေါ်ပေါ်တင်တင်ချိုးဖောက်ကျူး လွန်ခြင်းကြောင့်ကြောက်ရွံ့ထိတ်လန်းဖွယ်ရာလူသားထုကိုအလွှဲအသုံးချခြင်း၊ ထိခိုက်နာကျင်စေခြင်း၊ လူ့ဂုဏ်သိက္ခာထိပါး စေခြင်း၊ လွှတ်လပ်မူနှင့်အနာဂါတ်မျှော်လင့်ချက်များကိုလည်းခြိမ်းခြောက်မူများပြုလာနေသည်။ ဤသို့ဖြစ်ပျက်နေသည် ကိုသိလျှက်နှင့်လစ်လျူရူနေသည်မှာမခံမရပ်နိုင်ဖွယ်ဖြစ်ရသည်။ ဥပမာအားဖြင့်ဘာသာရေးဖိနှိပ်ညှဉ်းဆဲမူများ၊ လူသား ချင်းပဋိပက္ခဖြစ်ပွားခြင်း၊ အင်အားပြင်းထန်သောလက်နက်များကိုအသုံးပြု၍အပျက်အဆီးကြီးကြီးမားမားဖြစ်စေခြင်း၊ ပြည်တွင်း၌ပင်နေရပ်စွန့်ပစ်ထွက်ပြေးနေရသူများရှိလာခြင်း၊ လူကုန်ကူးမူ၊ အဓမ္မအလုပ်စေခိုင်းမူနှင့်မိမိတို့၏နိုင်ငံအတွင်း မည်သို့မျှနေထိုင်၍မဖြစ်တော့သည့်အခြေအနေမျိုးအထိဖန်တီးလာသည့်ဆိုးကျိုးကိုဖြစ်ပေါ်လာစေသည်။

လူသားချင်းစာနာသောတုန့်ပြန်မူ

ကမ္ဘာကြီး၌ဖြစ်ပျက်နေသောပဋိပက္ခများကိုဖြေရှင်းရန်အတွက် နိုင်ငံတကာအသင်းအဖွဲ့များသည်နားကြားကောင်း ပြီး၊ အထင်ကြီးလောက်သောစကားလုံးကြီးကြီးမားမားပြောဆိုကြသည်။ သို့သော်လက်တွေ့၌မူပြောသည့်အတိုင်းဖြစ်မ လာ။ အဘယ်ကြောင့်ဆိုသော်လက်တွေ့ဖော်ဆောင်ရန်အတွက်လိုအပ်သောနိုင်ငံရေးပံ့ပိုးမူ၊ နိုင်ငံအသီးသီး၏တာ၀န်ခံ၍ ပူးပေါင်းပါ၀င်မူမရှိသောကြောင့်ဖြစ်သည်။ ဤကွာဟမူကိုပူးပေါင်း၍ဖော်ဆောင်နိုင်ရန်မှာ နိုင်ငံတကာအဖွဲ့အစည်းကြီး သည်မိမိတို့၏ရည်မှန်းချက်များကိုလက်တွေ့ဖော်ဆောင်ရာ၌ မည်သည့်စိန်ခေါ် ချက်မျိုးကိုမဆိုရင်ဆိုင်ကျော်ဖြတ်၍လုပ် ဆောင်သောအဖွဲ့အစည်းကြီးဖြစ်ကြောင်းသက်သေပရန်လိုအပ်သည်။ ဗာတီကန်အနေဖြင့်လည်းတတ်နိုင်သည့်ဖက်မှပံ့ပိုး ပေးရန်အသင့်ရှိကြောင်းမိန့်ကြားခဲ့သည်။ ဆင်းရဲချမ်းသာကွာဟမူနှင့်ပတ်သက်၍လည်း စီးပွားရေးကဣနှင့်ငွေကြေးဆိုင်ရာအဖွဲ့အစည်းများကိုပြန်လည် သုံးသပ်ရန်၊ ကူညီထောက်ပံ့ပေးသောစီးပွားရေးစနစ်ကိုဖော်ဆောင်ရန်၊ ဒေသအဆင့်စီးပွားရေးဖွံ့ဖြိုးရေးစနစ်ကိုပံ့ပိုးပေး ရန်၊ ပညာရေး၌ရင်းနှီးမြှုပ်နှံရန်၊ ဒေသခံများအတွက်အကျိုးအမြတ်တင်ကျန်စေမည့်ဖွဲ့စည်းပုံကိုရေးဆွဲရန်၊ နိုင်ငံတကာအ ဖွဲ့အစည်းများလည်း နိုင်ငံအချင်းချင်း၌ငွေကြေးအလုံးအရင်းဖြင့်ရင်းနှီးမြှုပ်နှံပြီး၊ စီးပွားရေးမတရားဖက်နေမူများကိုရပ် တန်းနိုင်ရန်လည်းကြိုးစားသင့်ကြောင်း၊ သို့ဖြင့်ဆင်းရဲနွမ်းပါးသူများအားအကျိုးရှိထိရောက်စွာမြင့်တင်ပေးနိုင်မည်ဖြစ် ကြောင်း၊ ချို့တဲ့နွမ်းပါးသူများအားလည်းကူညီပေးပြီး၊ ကြွေးမြီတင်ကျန်မူမှလည်းလျောပစ်ပေးရန်တိုက်တွန်းခဲ့သည်။

(တစ်စိတ်တစ်၀မ်းတည်းထားရှိသောစိတ်ဓာတ်အမှန်)

(အလေအလွင့်များသောယဉ်ကျေးမူ)

(လူသားချင်းစာနာသောတုန့်ပြန်မူ)

(ကိုဗစ် (၁၉) ကြောင့်ကလေးများပို၍ထိခိုက်မူဖြစ်ကြရ)

ကိုဗစ် (၁၉) ကြောင့်ကလေးများ၊ အဖွဲ့အစည်း၏လိုက်လံထောက်ပံ့ကူညီခြင်းမခံရသောပြောင်းရွေ့များ၊ ဒုက္ခသည် များဆိုးကျိုးပို၍ခံစားကြရသည်။ စီးပွားရေးအကြပ်အတည်းကြောင့်ကလေးများအလွဲသုံးချခံရ၊ အကြမ်းဖက်ခံရမူများသည် နေ့စဉ်တိုးလျှက်ရှိသည်။ ရဟန်းမင်းကြီးက သက်ဆိုင်ရာဒေသအာဏာပိုင်များအား ဤရာဇ၀တ်မူများထူးပျောတိုးပွားနေမူ နှင့်ပတ်သက်၍အထူးဂရုပြုကိုင်တွယ်နှိမ်နင်းရန်၊ အထူးသဖြင့်အကာအကွယ်မဲ့ပြီး၊ အခြေခံလူ့အခွင့်အရေးများ၊ ဂုဏ်သိက္ခာ များဆုံးရှုံးနေသောကလေးသူငယ်များ၊ ၄င်းတို့၏အသက်လုံခြုံမူရှိရန်နှင့်ပညာရေးကိုဘေးကင်းစွာသင်ကြားနိုင်ရေးကိုလုပ် ဆောင်ပေးရန်တိုက်တွန်းထားသည်။ မိသားစုအရေးနှင့်ပတ်သက်၍လည်းရဟန်းမင်းကြီးက သဘာ၀နှင့်အခြေခံသွေးစည်းမူများအားနည်းပပျောက်လု နီးပါးဖြစ်နေမူကိုအားမလိုအားမရထုတ်ဖော်မိန့်ကြားထားသည်။ အဘယ်ကြောင့်ဆိုသော်မျက်မှောက်ခေတ်၏အတွေးအ ခေါ်အယူအဆများ၏ကျွန်ပြုလွှမ်းမိုးခြင်းကိုခံနေကြရသည်။ ထို့ကြောင့်မိမိတို့၏မူရင်းဇစ်မြစ်ကိုမေ့လျော့ကတွယ်တာတန် ဖိုးထားခြင်းမရှိတော့ပေ။ အမျိုးသမီးများသည်လူမူအသိုင်းအ၀◌ိုင်း၏မည်သည့်အလွှာ၊ မည်သည့်အစုအဖွဲ့၌မဆိုအရေး ကြီးသောကဣ၌ပါ၀င်ကြောင်း၊ ဘုံကောင်းကျိုးအတွက်ကိုယ်ကျိုးမငဲ့ဘဲပေးဆက်နေကြသူများဖြစ်ကြောင်းကိုလည်းထည့် သွင်းမိန့်ကြားခဲ့သည်။ ငြိမ်းချမ်းခြင်း၊ စစ်ခင်းခြင်းကိုမလိုလားပါ။ အထွတ်အထိပ်ကိုရောက်နေသော အချင်းချင်းမယုံကြည်နိုင်သည့်အခြေအနေကိုဖြိုချရန်အရေးတကြီးလိုအပ်နေ သည်။ နိုင်ငံပေါင်းစုံ၏မှားယွင်းသောအယူအဆများနှင့်ခေတ်မှီစစ်ခင်းနိုင်သောနည်းဗျူဟာများကြောင့်ဖြစ်ရသည်။ ဤဗျူ ဟာများသည်စစ်ခင်းခြင်းကိုအခြားရွေးချယ်စရာလမ်းကြောင်းတစ်ခုအဖြစ်ဖန်တီးလာသည်။ ဥပမာအနေဖြင့်နူးကလီးယာ လက်နက်များကိုဖျက်သိမ်းလိုက်ခြင်းသည် မိမိ၏မလှုံခြုံမူကိုချက်ချင်းခံစားစိုးရိမ်လာကြသည်။ ထို့ကြောင့်မဖျက်သိမ်းလို ကြဘဲအကြောင်းအမျိုးမျိုးပြပိုက်ဆိုင်ထားကြသည်။ ရဟန်းမင်းကြီးကထိုအကြောင်းပြချက်၊ အယူအဆများအားလုံးကို ချွင်းချက်မရှိဖျက်သိမ်းပစ်ကြရန်၊ အဘယ်ကြောင့်ဆိုသော်ထိုလက်နက်များကိုပိုင်ဆိုင်ထားခြင်းဖြင့်လည်း အကျိုးအမြတ် များကိုရရှိနေကြသည်။ ဤကိစ္စနှင့်ပတ်သက်၍အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ကြား၀င်ဆောင်ရွက်ပေးသောအဖွဲ့အ စည်းများအားနူးကလီးယားလက်နက်များလုံး၀ဥသုန်ဖျက်သိမ်းရေးကိုကာကွယ်ဟန့်တားခြင်း၊ အားပေးအားမြောက်ပြု ခြင်းကိုမပြုလုပ်ရန်တိုက်တွန်းထားသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/33bzGuN
 
Add new comment

4 + 2 =