ကျွနု်​ပ်တို့၏ အဖ ဟု ရဲဝံ့စွာခေါ်ကြပါ

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း

ကျွနု်​ပ်တို့၏ အဖ ဟု ရဲဝံ့စွာခေါ်ကြပါ
မေလ ၂၂၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း တွင် ကောင်းကင်ဘုံ၌မေတ္တာ ကို အဆုံးသတ်​ သင်ကြားပေးခဲ့ပါသည်။ ကောင်းကင်ဘုန်း၌ရှိတော်မူသော အဖဘုရားသခင်ကို ကျွနု်​ပ်တို့၏ အဖ ဟု ရဲဝံ့စွာခေါ်ဆိုကြဖို့ သင်ကြားဟောကြားခဲ့ပါသည်။

ချစ်လှစွာသော ညီကို​မောင်နှမ အပေါင်းတို့ ဒီကနေ့မှာ ဘာသာတရားသင်ကြားခြင်းအခန်းကဏ္ဍအတွက် ကောင်းကင်ဘုံမေတ္တာကို ဒီကနေ့ တို့တတွေ အဆုံးသတ်ြ​က မှာဖြစ်တယ်၊ကောင်းကင်ဘုံ၌ရှိတော်မူသော အဖဘုရားသခင်ကို ကျွနု်​ပ်တို့၏ အဖ ဟု ရဲဝံ့စွာခေါ်ဆိုကြဖို့ သခင်ခရစ်တော်က တို့တတွေ ဆုတောင်းလို့ရအောင် ဖော်ပြသင်ကြားပေးခဲ့သော မေတ္တာ ရဲ့အစက (ကျွန်ုပ်​တို့၏ အဖ) ဆိုပြီး အစပြုပေးခဲ့တယ်။ ဘုရားသခင် လူတွေကို ဖော်ပြခဲ့တဲ့လုပ်ရပ်တိုင်းဟာ ဒီ (ကျွန်ုပ်​တို့၏ အဖ) ဆိုတဲ့ စကားလုံးနဲ့ အားလုံးဆက်စပ်နေတယ်။ ဘုရားနဲ့ ဘုရားဖန်ဆင်းထားတဲ့ လူတို့အကြား သားသမီးနဲ့မိဘ ဆက်နွယ်မူ လေးနက်သော နက်ရှိုင်းသော ဆက်နွယ်မူကို ဖော်ပြခြင်းဖြစ်တယ်။

ဓမ္မသစ်ကျမ်းစာ တစ်ခုလုံး ဆုတောင်းမေတ္တာ တိုင်းရဲ့အစမူလ အရင်းအမြစ်ဟာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက တပည့်တော်ကြီးတွေရဲ့ အတွင်းစိတ်ကို အလင်းပေး နိုးဆော်ခဲ့ကြလို့ တို့တတွေအားလုံး သားသမီးက မိဘထံတောင်းသလို ဆုတောင်းခွင့်ရခဲ့ကြတယ်။

ဆုတောင်းမေတ္တာ ရဲ့နက်နဲမှုဆိုတာ တို့တတွေရဲ့ ဆုတောင်းမေတ္တာ အားလုံးဟာ ကျေးဇူးတော်အားဖြင့် ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရား၏ ချစ်ခြင်းမေတ္တာ စကားဝိုင်းထဲကို ရောက်သွားခြင်းဖြစ်တယ်။

သခင်ခရစ်တော် ကားတိုင်ပေါ်မှာ ခေါ်တခဲ့တဲ့ ကျွနု်​ပ်၏ ဘုရား ကျွနု်​ပ်၏ ဘုရားဆိုတာ သခင်ခရစ်တော်နဲ့ အဖ ခမည်းတော်ရဲ့ နက်ရှိုင်းသောဆက်နွယ်မူကို ဖော်ပြခဲ့သလို တို့ယုံကြည်ခြင်းဆုတောင်းမေတ္တာ တွေရဲ့ ရောင်ပြန်ဟပ်မူဖြစ်တယ်။ ဒါကြောင့် သခင်ခရစ်တော်​​​ကိုယ်တိုင် သင်ကြားခဲ့တဲ့ ဆုတောင်းမေတ္တာကို ရွတ်ဆိုကြပါ။ ​

ပညာရှိတို့ကို ထိမ်ဝှက်ထားတော်​မူပြီး ကလေးသူငယ်တို့ကို ဖော်ပြတော်မူသော နက်နဲဖွယ်ရာ ကိုယ်တော်၏ မေတ္တာ တော်ကို ကျွနု်​ပ်တို့ ချီးမွမ်းကြပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-general-aud...

#pope, #generalaudience , #holyspirit, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

16 + 1 =