ကျွနု်​ပ်တို့၏လိုအပ်ချက်ကိုသိတော်မူသော အဖခမည်းတော်ကို ယုံကြည်ကြပါ


ကျွနု်​ပ်တို့၏လိုအပ်ချက်ကိုသိတော်မူသော အဖခမည်းတော်ကို ယုံကြည်ကြပါ
ဇန်နဝါရီ ၂၊ ၂၀၁၈

အပတ်စဉ် ဗုဒ္ဓဟူးနေတိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်းတွင် ဟန်ဆောင်ခြင်းတွေကိုရှောင်ရန် နှင့် ဘုရားသခင်၏အလိုဆန္ဒအမြဲလက်ခံနိုင်ရန်နှလုံးသားဖွင့်ထားကြဖို့ သွန်သင်ခဲ့ပါသည်။

 

ကောင်းကင်ဘုံ၌မေတ္တာ ကို မင်္ဂလာတရားတော်သွန်သင်သည့် တောင်ပေါ်ဒေသနာတော်ရဲ့ အဓိက အရာအဖြစ် ရှင်မာတေဦး ဧဝံဂေလိ ကျမ်းမှာဖော်ပြထားပါသည်။ မင်္ဂလာတရားတော်သည် ခရစ်ယာန် အသက်တာရှင်သာရမည့် နည်းဥပဒေသကဲ့သို့ဖြစ်ပြီး ယင်းနည်းပဒေသတို့သည် ဖျက်သိမ်းရန်မဟုတ်ဘဲ အသစ်သော လေ့လာဖော်ထုတ်မူတို့ဖြင့် သမ္မာကျမ်းစာ ၏ ပြန်လည်သင့်မြတ်ခြင်း နှင့် ချစ်ခြင်းမေတ္တာ ကို ဖော်ထုတ်ပေးရန်ဖြစ်သည်​။

 

တောင်ပေါ်ဒေသနာတရားတော်၏ အဓိကအချက်သည် ကျွနု်​ပ်တို့အယောက်တိုင်းစီအား ဘုရားသခင်၏ သားသမီးဖြစ်​စေရန်​နှင်​့ ကမ္ဘာကြီးမှ ဆာလောင်နေသော ဘုရားသခင်၏ကောင်းမြတ်မူကို ကျွနု်​ပ်တို့ဘဝမှ တပါးသူအတွက်ထွန်းလင်းစေရန်၊ ဘုရားသခင်ကျေးဇူးတော်ဖြင့် ကျွနု်​ပ်တို့ဘဝကို အသစ်ပြုပြင်စေရန် ဘုရားသခင်နာမတော်ကို ခေါ်တစေရန် ကောင်းကင်ဘုံ၌ မေတ္တာ အစကို ကျွနု်​ပ်တို့အဖ နှင့် စတင်စေခဲ့ခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ သားသမီးများဖြစ်ကြသော ကျွနု်​ပ်​တို့ညီကိုမောင်နှမ အပေါင်းတို့ကို သခင်ခရစ်တော် မှ တစ်ဦးကိုတစ်ဦး ချစ်ရုံသာမက မိမိရန်သူကိုပါချစ်ရန် ဖိတ်ခေါ်နေပါသည်။ အဘယ့်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာ၌ မည်သည့်အတားအဆီးမျှ မရှိသောကြောင့်ဖြစ်ပါသည်။

 

အတွင်းစိတ်မပါဘဲ ဘုရားနှင့် ပေါင်းစပ်မူမရှိဘဲ အပေါ်ယံလူမြင်ကောင်းအောင် ကြားကောင်းအောင် ဆုတောင်းခြင်း နှင့် မိမိကို လူအထင်ကြီး စေရန် ဆုတောင်းခြင်းတို့ကို ရှောင်ကျင်ကြရန် ဆုတောင်းခြင်း တွင် သတိထားရမည့် အချက် နှစ်ချက်အကြောင်းကိုလည်းရှင်းပြခဲ့ပါသည်။ ဆုတောင်းခြင်းသည် အတွင်းစိတ်ဖြင့် အဖ ဘုရားသခင် နှင့် စကားပြောခြင်းဖြစ်တယ်။ ဘုရားသခင်၏ အလိုဆန္ဒကို နားမထောင်၊ အတွင်းစိတ် တည်ငြိမ်မူမရှိဘဲ စကားလုံးမြောက်များစွာနဲ့ မိမိလိုအပ်ချက်ကို သာ ဦးစားပေးတောင်းဆိုနေသော ဆုတောင်းမူမျိုးကို ရှောင်ကျင်ရမယ်။ ငြိမ်သက်သောဆုတောင်းခြင်း၌ ဘုရားသခင်နှင့်ပေါင်းစပ်ပြီး အဖ ၏ ချစ်ခြင်းမေတ္တာ ကို သားသမီတို့ကသိရှိကြောင်း ခံစားရန်သာဖြစ်ကြောင်း ဖော်ပြထားပါသည်။ ကလေးသူငယ်များကဲ့သို့ ကျွနု်​ပ်တို့၏လိုအပ်ချက်ကိုသိတော်မူသော အဖခမည်းတော်ကို ဆုတောင်းရန် သခင်ခရစ်တော်မှ သင်ကြားပေးခဲ့ပါသည်။

 

ဘုရားသခင်ထံမှ မျက်နှာသာရရန် ပေးဆပ်တောင်းခံခြင်းသည် သတိထားရမည့် အချက်ဖြစ်သည်။ ​အ​ကြောင်​းမှာ ဘုရားသခင်သည် လူတို့ပေးမှရသော လိုအပ်မူရှိသောသူမဟုတ်၊ ငါဒါလုပ်ပေးမယ် ငါ့လိုချ​င်တာငါ့ကို​ပေးဆိုသော သေးသိမ်သည့် အတွေးအခေါ်မျိုးနှင့် ဆုတောင်းခြင်းသည် နည်းလမ်းမကျသောအရာဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။ ဆုတောင်းခြင်းသည် အဖ ဘုရားသခင် နှင့် အဆက်မပြတ် အဆက်အသွယ်ရှိနေခြင်း၊ သူ၏ သားသမီးဖြစ်ကြောင်း မိမိကိုယ်ကိုယ် သိရှိနေခြင်းနှင့် ဘုရားသခင်သည် ကျွနုပ်တို့ကို အလွန်ချစ်မြတ်နိုးကြောင်းကို သိ ရှိဖို့ရန်သာဖြစ်ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-01/pope-francis-audience-tr...

#angelus #pope, #generalaudience, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 2 =