ကျွနု်ပ်တို၏ကမ္ဘာကြီးမှာ ချစ်ခြင်းမေတ္တာ ထကြွနိုးကြားရန် ​လိုအပ်

ကမ္ဘာ့မိသားစုများတွေဆုံပွဲ Dublin Saint Mary's Pro-Cathedral

ကျွနု်ပ်တို၏ကမ္ဘာကြီးမှာ ချစ်ခြင်းမေတ္တာ ထကြွနိုးကြားရန်လိုအပ်
သြဂုတ်လ ၂၅၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-08/apostolic-journey-irelan...

#pope, #family, #dublin, #phoenix, #irelnad, #peterkm
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ကမ္ဘာ့မိသားစုများတွေဆုံပွဲ Dublin Saint Mary's Pro-Cathedral ကျောင်းတော်ကြီးတွင် လင်မယားစုံတွဲ ၃၅၀ နှင့်တွေ့ဆုံပြီး သူတို့မေးသော မေးခွန်းများကိုဖြေကြားပေးခဲ့ရာတွင် ကျွနု်ပ်တို့၏ကမ္ဘာကြီးမှာ ချစ်ခြင်းမေတ္တာ ထကြွနိုးကြားရန် ​လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ထည့်သွင်းပြောကြားခဲ့ပါသည်။
မိသားစု၏ ရော​သောက်ြ​မစ်ြ​ဖစ်သော ချစ်ခြင်းမေတ္တာကို တန်ဖိုးထားရန်​၊ ချစ်ခြင်မေတ္တာတည်းဟူသော ရေသောက်မြစ်ကိုမေ့လျော့သောမိသားစုသည် မကြီးပွားမတိုးတက်နိုင်ဟု ပုပ်ရဟန်းမင်းကြီးမှ ပြောကြားခဲ့ပါသည်။ မကြာ​သေးမီက ရွေစင်​ဂျူပလီကျင်းပခဲ့သော အသက်ကြီး လင်မယာစုံတွဲ၏ ဘဝနေထိုင်ပုံ သက်သေခံချက်တွင် သင်တို့သည် အတိတ်​ပုံရိပ်များကို စု​ဆောင်းထိန်း​သိမ်းထားသူများ ဟု ထိုလင်မယာစုံတွဲအားပုပ်ရဟန်းမင်းကြီးမှ ချီကျူးခဲ့ပြီး ငယ်ရွယ်သောစုံတွဲများအား သူတို့ထံမှ စံနမှုနာယူကြရန်​ ဆုံးမခဲ့ပါသည်။ သားသမီးများကိုယုံကြည်ခြင်းလက်ဆင့်ကမ်းပေးမှုနှင်ပတ်သက်သော မေးခွန်းတွင် ထမင်းစားဝိုင်းမှာ အတူတကွစကားပြောဆိုခြင်းမှ စတင်ခြင်း၊ မိသာစုချစ်ခြင်းမေတ္တာသည် ဘာသာတရား၏ ဝေမျှလက်ဆင့်ကမ်းခြင်း၏ အစမှုလဖြစ်ကြောင်း၊ သင်တို့၏ ကလေးသူငယ်များသည် သင်တို့ တပါသူအားမည်သို့ပြုမှုဆက်ဆံသည်ကို​လေ့လာသင်ယူနေကြောင်း၊ သင်တို့မိဘများသည် သားသမီးများအတွက် ယုံကြည်ခြင်းလက်ဆင့်ကမ်းသူ လက်ဦးဆရာများဖြစ်ကြကြောင်း ပြောပြခဲ့ပါသည်။
လက်ထပ်ထိမ်မြားခြင်းသည် ခေါ်တော်မှုခြင်းဟု ရှင်းပြရာတွင် လက်ထပ်ထိမ်းမြားခြင်းစက္ကရမင်းတူးသည် ဘုရား၏ ထာဝရတည်သော ချစ်ခြင်း​မေတ္တာကိုဝေမျှပေးသော အမှတ်လက္ခဏာ ဖြစ်သည်ဟု ရှင်းပြပြီး လူသားထုတခုလုံးကို မိသာစုကြီးတစ်​ခုဖြစ်စေလိုပါသည်ဟု အချုပ်အနေနှင်ပြောကြားခဲ့ပါသည်။

 

Add new comment

12 + 0 =