ကျေးဇူးသိတတ်ခြင်းဟာ ကောင်း ကင်နိုင်ငံတော်ရဲ့ အမှတ်လက္ခဏာ

ကျေးဇူးသိတတ်ခြင်းဟာ ကောင်း ကင်နိုင်ငံတော်ရဲ့ အမှတ်လက္ခဏာ

ကျေးဇူးသိတတ်ခြင်းဟာ ကောင်း ကင်နိုင်ငံတော်ရဲ့ အမှတ်လက္ခဏာ

ဂျွန်လ ၂၈ ရက် တနင်္ဂနွေနေ့၊ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းမပြုခင်မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က၊ ကျေးဇူးသိတတ်ခြင်းဟာ ကောင်း ကင်နိုင်ငံတော်ရဲ့ အမှတ်လက္ခဏာဖြစ်ကြောင်း နှင့်
ကျွန်ုပ်တို့၏ ခရစ္ဆတူးကားတိုင်ကိုခရစ်တော်၏ခြေဖြင့်တစ်ထပ်တည်းကျစေကာ ကျေးဇူးသိတတ်တဲ့နှလုံးသားနဲ့ ရက်ရောစွာလျှောက်လှမ်းကြဘို့ မြွက်ကြားခဲ့ပါတယ်။

ခြိူးခြံချုပ်တည်းခြင်း နဲ့ ဒုက္ခအခက်အခဲ စုံစမ်းခြင်းတို့အလယ်မှာ၊ ၄င်း၏နောက်ကို လိုက်ကြဘို့ ခရစ်တော်ရဲ့ခေါ်ဖိတ်သံ အကြောင်း ကို အရှင်သူမြတ်က ကမ္မဌာန်းထောက်ရှုခဲ့ပါတယ်။ ရှင်မာတေဉီးခရစ်၀င်ကျမ်း (၁၀:၃၇-၄၂) မှာ သခင်ခရစ်တော်က သူ့နောက်လိုက်ဖြစ်ခြင်းအတွက် ရှင်းရှင်း လင်းလင်းမိန့်ကြားခဲ့ကြောင်းကို အောက်ပါ ခေါင်းစဉ်ငယ် အချက် ၅ ချက်ခွဲပြီး အရှင်သူမြတ်က မြွက်ကြားခဲ့တာပါ။

၁။ သခင်ခရစ်တော်ကိုချစ်ခြင်းသည် မိသားစုအားချစ်ခြင်းဆီသို့ ဉီးတည်သည်။

သူ့နောက်ကို လိုက်တဲ့သူတွေကို သခင်ခရစ်တော်ပထမဆုံးတောင်းဆိုတဲ့အချက်က မိသားစုကိုချစ်သည်ထက်သာ၍သူ့ကိုချစ်ဘို့ဖြစ်တယ်လို့ဆိုပြီးအရှင်သူမြတ်က ဆက်လက်မြွက်ကြားတာက ၊ သားသမီးတို့ ၊ သခင်ခရစ်တော်ဟာ မိသားစု တန်ဖိုးကို လျော့ချပစ်တာမဟုတ်ပါဘူး။ အမှန်က မိသားစု နှောင်ဖွဲ့တဲ့ ချစ်ခြင်းမေတ္တာစွမ်းပကားကို သူသိနေလို့၊ ဒါကို နံပါတ် ၁ နေရာထားလိုက်ရင်၊ အရေးကြီးစစ်မှန်တဲ့ ကောင်းမြတ်ခြင်းတွေကနေ သွေဖီသွားမှာကြောင့်မို့ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်တိုင်လဲ ကြုံဖူးကြပါတယ်။ မိသားစု ချစ်မေတ္တာနှောင်ကြိုးမြင့်မားလာတဲ့အခါ ဧဝံဂေလိ တရားလမ်းတော်နဲ့ ဆန့်ကျင်တဲ့ဘက်ကိုရွေးချယ်ဘို့အကြောင်းဖန်လာတတ်တာမျိုးပေါ့။ တကယ်တော့၊ မိဘ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာဟာ ခရစ်တော်အပေါ်ထားတဲ့မေတ္တာနဲ့ သန့်စင်ပြီး ခွန်အားဖြစ်စေတာပါ။ အဲ့ဒီကနေမှ အသီးအပွင့်ဝေဆာပြီး မိသားစုအတွက်ရော မိသားစုထက်ပိုတာအတွက်ရော ပိုပြီး အကျိုးဖြစ်ထွန်းလာမယ်လေ။ သခင်ခရစ်တော်ကို စစ်မှန်တဲ့ ချစ်ခြင်းနဲ့ ချစ်ဘို့ဆိုတာ ကျွန်ုပ်တို့ရဲ့ မိသားစု နဲ့ သားသမီးတွေကို စစ်မှန်တဲ့မေတ္တာတွေပေးချစ်ဘို့ပါပဲ။ သို့သော်လည်း မိသားစု အရေးကို လုံးဝ ရှေ့တန်းတင်လိုက်ရင်တော့ ခရစ်တော်နောက်လိုက်ခြင်းမှာ လမ်းမှားကိုသွေဖယ်သွားနိုင်ပါတယ်။

၂။ ကျွန်ုပ်တို့ကိုယ်စီ၏ ခရစ္ဆတူးကားတိုင်ကိုသယ်ဆောင်ခြင်း

သခင်ခရစ်တော် ထိုနေ့ကျမ်းချက်ထဲမှာမိန့်ကြားတဲ့၊ မိမိလက်၀ါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့လိုက်ပါဆိုတဲ့အချက်အပေါ်မှာ အရှင်သူမြတ်က ကမ္မဌာန်းရှုတရားပေးခဲ့ပါတယ်။

သားသမီးအပေါင်းတို့၊ သခင်ခရစ်တော်ကိုယ်တိုင်က ဖြတ်လမ်းမသုံးခဲ့၊ မရှိခဲ့ပါဘူး။ ခရစ္ဆတူးမပါရင် စစ်မှန်တဲ့အချစ်မဖြစ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်ုပ်တို့သတိရကြရမှာက ခရစ္ဆတူးကို ဘယ်တော့မှ ကျွန်ုပ်တို့တယောက်ထဲထမ်းကြရတာမဟုတ်ဘူး ဆိုတာပါပဲ။ ဒုက္ခစုံစမ်းခြင်းတွေကြားမှာ ခွန်းအားတွေ သတ္တိတွေ ပေးဘို့၊ သခင်ခရစ်တော်အမြဲ ရှိပြီးကူညီပေးနေပါတယ်။

၃။ မိမိကိုယ်ကိုယ် ခြိုးခြံချုပ်တည်းခြင်းမှာ ပြည့်ဝမှုကို ရှာတ​​ွေ့နိုင်တယ်။

သခင်ခရစ်တော်က မိမိအတွက်ကြောင့် အသက်ဆုံးရှံးသူဟာ အသက်ကိုရမယ်လို့ ကျမ်းချက်မှာဖော်ပြထားတယ်။ သားသမီးတို့ သခင်ခရစ်တော်ရဲ့ နုတ်တော်ထွက်စကားများဟာ တကယ်ပဲ မှန်ကန်တယ်ဆိုတာကို သမိုင်းက သာဓကအမျိုးမျိုးပေးခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်မှာ တပါးသူတွေကို ကူညီဘို့အတွက် ကို ခရစ္ဆတူးကားတိုင်ထမ်း နေကြသူတွေအများကြီးရှိပါတယ်။ ဒီကပ်ဆိုးကာလမှာ သူတို့တွေဟာ သူတို့ကိုယ်သူတို့ ခြိုးခြံချုပ်တည်းပြီး အများအတွက် ပေးဆပ်ကူညီနေကြတယ်။ သခင်ခရစ်တော်နဲ့သာဆိုရင် ကျွန်ုပ်တို့ အရာအားလုံးကို လုပ်ဆောင်နိုင်ကြပါတယ်။

ပြည့်ဝတဲ့အသက်တာနဲ့ ပျော်ရွှင်၀မ်းမြောက်ခြင်းဆိုတာဟာ၊ ဧဝံဂေလိတရားတော်အတွက် နဲ့ အများအတွက် ပွင့်လင်းမှု၊ နွေးထွေးစွာကြိုဆိုတတ်မှု နဲ့ ကောင်းမြတ်ခြင်းတွေအားဖြင့်၊ မိမိ ကိုယ်ကိုယ် ခြိုးခြံချုပ်တည်းကာ ပေးဆပ်ခြင်းတို့ပဲဖြစ်ပါတယ်။

၄။ ကျေးဇူးသိတတ်ခြင်းနဲ့ ရက်ရောခြင်း

တပါးသူများကိုကူညီဘို့ မိမိကိုယ်ကိုယ် ပေးဆပ်ခြင်း ဉပမာ၊ ရေအေးလေးတခွက်ပေးတာဟာလဲ ဘုရားသခင်ရဲ့ ရက်ရောခြင်းနဲ့ ကျေးဇူးတရားကို မျှဝေပေးလိုက်ခြင်းပါပဲလို့ဆိုပြီး လတ်တလော ရဟန်းတပါးထံကနေ ကြားသိရတဲ့ ရက်ရောခြင်းအကြောင်းလေးတခုကို ဝေမျှခဲ့တယ်။ ကလေးငယ်လေးတဉီးက ဘုန်းတော်ကြီးဆီလာပြီး ဘုန်းဘုန်းဘုရား ဒါလေးက သားစုထားတဲ့ ငွေလေးပါ။ ဒီကပ်ရောဂါအချိန် ဒုက္ခရောက်သူ လိုအပ်သူတွေအတွက်သုံးပေးပါ။ မများပါဘူး နည်းနည်းလေးပါနော်လို့ ​ဆိုတဲ့အရာလေးကို အဲ့ဒီ လက်ခံရရှိတဲ့ရဟန်းက ပါပါးကိုလာပြောပြလို့သိရပါတယ်။ သားသမီးတို့ ဒီကလေးရဲ့ ငွေပမာဏဟာ နည်းခြင်နည်းမယ် ဒါပေမဲ့ အမှန်တော့ အများကြီးပဲလေ ဘာလို့ဆိုတော့ မေတ္တာတွေထဲ့ပြီးပေးလိုက်တာကိုးနော်။

ကျွန်ုပ်တို့ရဲ့လိုအပ်ချက်လေးတွေကို ဂရုတစိုက်ပြုပေးသူတွေကို ကျေးဇူးသိတတ်ဘို့ ကျေးဇူးတော်အရှင်ရဲ့ကျေးဇူးတရားတွေက ကူညီပေးနေတယ်။

ကျေးဇူးတရား ဆိုတာ ကောင်းသောအမူအကျင့်တခုဖြစ်သလို ခရစ်ယာန်တယောက်ရှိရမဲ့ အမှတ်သင်္ကေတ လည်းဖြစ်ပါတယ်။ ဒါဟာရိုးရိုးလေးဖြစ်ပေမယ့် ဘုရားရှင်ရဲ့ကောင်းကင်နိုင်ငံတော် စစ်မှန်တဲ့ အမှတ်သင်္ကေတ ဖြစ်တယ်။ ချစ်ခြင်းမေတ္တာနဲ့ သိတတ်တဲ့ ကျေးဇူးသိတတ်ခြင်းပေါ့လို့ မြွက်ကြားခဲ့ပါတယ်။ နောက်ဆုံးအချက် အနေနဲ့ အရှင်သူမြတ်က

၅။ အမိမယ်တော်ကို အတုယူလိုက်ကျင့်ကြစို့

ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အဆုံးသတ်ဆုတောင်းခဲ့တာပါ။

ဘုရားရှင်၏နုတ်ကပတ်တရားတော်များကိုကျွန်ုပ်တို့ကြားပြီး ကိုယ်စီရဲ့ အပြုအမူ နဲ့ ရွေးချယ်ခြင်းတွေကို သုံးသပ်ကြရင်း လိုလားတဲ့ နှလုံးသားနဲ့ ဘုရားရှင်ရှေ့တော်မှောက်မှာ ကျွန်ုပ်တို့ကိုယ်ကိုယ် အမြဲအပ်နှံထားနိုင်ရန် နှင့် သခင်ခရစ်တော်၏ ခြေရာတော်အတိုင်းလိုက်လျှောက်နိုင်ရန် မယ်တော်သည် ကူညီပေးတော်မူပါစေ
လို့ဆုတောင်းရင်း အန်ဂျေလူးမေတ္တာ ရွတ်ဆိုဆုတောင်းကာ အဆုံးသတ်ခဲ့ပါတယ်။

ဗာတီကန်သတင်း
ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/2Z9V540

Add new comment

6 + 8 =