"ကျေးဇူးတန်ခိုးတော်သည်ကရုဏာလုပ်ငန်းများကို ဦးတည်သင့်သည်။"ဟု ပုပ်ဖရန်စစ်မြွက်ကြား

"ကျေးဇူးတန်ခိုးတော်သည်ကရုဏာလုပ်ငန်းများကို ဦးတည်သင့်သည်။"ဟု ပုပ်ဖရန်စစ်မြွက်ကြား

"ကျေးဇူးတန်ခိုးတော်သည်ကရုဏာလုပ်ငန်းများကို ဦးတည်သင့်သည်။"ဟု ပုပ်ဖရန်စစ်မြွက်ကြား

ဗုဒ္ဓဟူးနေ့ လူထုပရိသတ်နှင့်‌တွေ့ဆုံရာ၌ ပုပ်ရဟန်းမင်း ကြီးဖရန်စစ်သည် စိန့် ပေါလု၏ ဂလာတိမြို့သားတို့ထံ ပေးသောစာအပေါ် ၎င်း၏ဘုရားစာ သင်ကြားခြင်းကို ပြန်လည်စတင်ရာတွင် ဖြောင့်မတ်ခြင်းနှင့်သက်ဆိုင်သည့် မေးခွန်းများကို မေးခဲ့သည်။

အပတ်စဉ်လူထုပရိသတ်များထံသို့ တရားဟောချက်၌ ‌‌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဖြောင့်မတ်ခြင်း၏ “ ခက်ခဲသော်လည်းအရေးကြီးသောအကြောင်းအရာ” ကို ကောက်နှုတ်၍ ဖြောင့်မတ်ခြင်းသည်ခရစ်တော်အား ယုံကြည်ခြင်းမှတဆင့် လာခြင်းဖြစ်ကြောင်း စိန့်ပေါလ်က အခိုင်အမာပြောဆိုခဲ့သည် ” ဟု မြွက်ဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က "တရားမျှတခြင်း၏ “ပြည့်စုံသောအဓိပ္ပါယ်ကို ရရန်မလွယ်ကူ” ဟုအသိအမှတ်ပြုခဲ့သည်။ သို့ရာတွင် တရားဒေသနာဟောကြားသွန်သင်ခြင်း၏ အကူအညီအားဖြင့် ကျွန်ုပ်တို့က “ဖြောင့်မတ်ခြင်းသည်ဘုရားသခင်၏ သနားခြင်းကရုဏာကို အစပြု၍ ခွင့်လွှတ်ခြင်း၏ အကျိုးဆက်ဖြစ်သည်” ဟုဆိုနိုင်သည်။

"ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ခြင်း"

အပြစ်သားများသည် ယေဇူးသခင်၏အသေခံခြင်းအားဖြင့် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းနှင့်ကယ်တင်ခြင်းကိုရရှိကာ ဘုရားသခင်ကလက်ခံကြိုဆိုခြင်းကို ရရှိခံစားကြလျက် ဘုရားနှင့် ပြန်လည်သင့်မြတ်ခြင်းခံကြရသည်” ဟု ရဟန်းမင်းကြီး အရှင်သူမြတ်က ရှင်းပြခဲ့သည်။ ဤသို့ အဖိုးအခမယူဘဲပေးသော အကြောင်းပြချက်သည် အပြစ်နှင့်မနာခံမှုကြောင့် ပျက်စီးသွားခဲ့သော ဖန်ဆင်းရှင်နှင့် သူ၏ဖန်ဆင်းခံတို့အကြားဆက်ဆံရေးကို ပြန်လည်တည်ဆောက်ပေးသည်။ ဘုရားရှင်ဆောင်ယူလာသော ဖြောင့်မတ်ခြင်းသည် အပြစ်ကြောင့် ပျောက်ဆုံးခဲ့သော အပြစ်ကင်းစင်ခြင်းကို အားဖြည့်ပေးရန် ကျွန်ုပ်တို့အား အကူအညီပေးသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က “ ကျွန်ုပ်တို့သည် မည်ကဲ့သို့ ဖြောင့်မတ်ခြင်းခံရကြောင်း မေးခွန်းကို“ "ဖြောင့်မတ်ခြင်းသည် ကျေးဇူးတော်မှတစ်ဆင့် ဆင်းသက်လာသည် ဟူသော Saint Paul ၏ သင်ကြားမှု၌ အသစ်အဆန်းတစ်ခုကိုရှာဖွေတွေ့ရှိခြင်းဖြင့်သာ အဖြေရနိုင်သည်” ဟု မိန့်ကြားခဲ့သည်။ စိန့်ပေါလ်သည် သူ၏အပြစ်များနှင့် ဒမတ်စကူးသို့ သွားရာလမ်း၌ သူ၏ပြောင်းလဲခြင်းကိုအမြဲသတိပြုလျက် “ ဘုရားသခင်၏ကျေးဇူးတော်သာလျှင် သူ့အားကယ်တင်ခဲ့သည်” ဟုကိုယ်တိုင်တွေ့ရှိခဲ့သည်။

"ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း"

၎င်းသည် စိန့်ပေါလ်အတွက်“ယေဇူးသခင်၌ ယုံကြည်ခြင်းသည် ခရစ်ယာန်တို့၏ ဘ၀အသက်တာ ရှုထောင့်အားလုံးကို အကျိုးသက်ရောက်စေ၍ အားလုံးကို လွှမ်းခြုံထားသော တန်ဘိုး" တို့ပါဝင်သည်။ ကျေးဇူးတော်မှတစ်ဆင့် ဖြောင့်မတ်ရာသို့ရောက်ခြင်းဆိုသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကို ဦးစားပေးရည်ညွှန်းခြင်းဖြစ်‌ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မြွက်ကြားခဲ့သည်။

သို့သော်လည်းကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်သော်လည်း ကျွန်ုပ်တို့သည် ပညတ်တော်တို့ကို စောင့်ရှောက်ရန်တာဝန်ရှိသေးသည်။ “သို့သော် ဤနေရာ၌ပင် ကျွန်ုပ်တို့သည် မိမိတို့၏ ကြိုးစားအားထုတ်မှုအပေါ် ယုံကြည်၍မရနိုင်ပါ။ ” ဟူ၍ ပုပ်ရဟန်းမင်းကြီးကမိန့်ကြားခဲ့သည်။

ကရုဏာအလုပ်များနှင့်ပူးပေါင်းခြင်း

St Paul ၏သွန်သင်ချက်သည် St James ၏သင်ကြားမှုအားဖြင့် ပြည့်စုံခြင်းသို့ရောက်လေသည်။ “အကျင့်မရှိသော ယုံကြည်ခြင်းသည် သေ၏” ဟုရေးထားသည်။ တမန်တော်နှစ်ပါးလုံးအတွက် “ယုံကြည်ခြင်းကို တုန့်ပြန်ရာ၌ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုချစ်မြတ်နိုးရန်နှင့် မိမိနှင့်နီးစပ်သောသူကို ချစ်မြတ်နိုးရန်တောင်းဆိုထားသည်။ ”

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က “ယုံကြည်ခြင်းအလင်းရောင်သည် ကျွန်ုပ်တို့အား ဘုရားရှင်၏ အဆုံးမဲ့ ကရုဏာတော်ကိုအသိအမှတ်ပြုစေသည်” သို့သော် တစ်ချိန်တည်းမှာ “သနားခြင်းကရုဏာတော်အမှုတော်များ၌ ဘုရားသခင်နှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ကျွန်ုပ်တို့အား အပ်နှင်းထားသော တာဝန်ကို သိမြင်စေသည်” ဟု မိန့်ကြားခဲ့သည်။

ထို့ကြောင့်ပုပ်ရဟန်းမင်းကြီးက“ ကျေးဇူးတန်ခိုးတော်သည် ဘုရားသခင်၏ မေတ္တာတော် မည်မျှကြီးမားကြောင်းကိုသက်သေခံရန် ဖိတ်ခေါ်သည့် ကျွန်ုပ်တို့၏ ကရုဏာလုပ်ငန်းများနှင့်အတူ ဒွန်တွဲဖို့လိုသည်။" ဟူ၍ မြွက်ကြားကာ တရားတော်ကို အဆုံးသတ်ခဲ့လေသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/304Uk0B

 

Add new comment

1 + 2 =