ကောင်းသောသိုးထိန်းသည် သိုးတစ်ကောင်ခြင်းစီကို အာရုံစိုက် ကြည့်ရှုစောင်ရှောက်တယ်

အပတ်စဉ်တွေဆုံနေကြ လူထုတွေဆုံခြင်းနှင့် အန်ဂျေလူမေတ္တာ ရွတ်ဆိုခြင်

ကောင်းသောသိုးထိန်းသည် သိုးတစ်ကောင်ခြင်းစီကို အာရုံစိုက် ကြည့်ရှုစောင်ရှောက်တယ်
မေလ ၁၂၊ ၂၀၁၉

အပတ်စဉ်တွေဆုံနေကြ လူထုတွေဆုံခြင်းနှင့် အန်ဂျေလူမေတ္တာ ရွတ်ဆိုခြင်းတွင် သခင်ခရစ်တော်သည် ဘုရာ၏ လူမျိုးတော်အတွက် ကောင်းသော သိုးထိန်း အဖြစ် ဟေားကြားခဲ့ပြီး၊ မိခင်များနေ့ဖြစ်သည့်အတွက် မိခင်များအတွက် ဆန္ဒပြုဆုတောင်းပေးခြင်း၊ ခေါ်တော်မူခြင်း နေ့ဖြစ်သည့်အလျှောက် ခေါ်တော်မူခြင်းအတွက် ဆုတောင်းပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

♥ ကောင်းသောသိုးထိန်း
ငါ၏သိုးတို့သည် ငါ့အသံကိုနားထောင်ကြ၏ ငါသည်သူတို့ကိုသိ၍ သူတို့သည်လည်းငါ့နောက်သို့ လိုက်ကြ၏၊ ငါသည် သူတိုအားထာဝရအသက်ကိုပေး၏ သူတို့သည် မည်သည့်အခါမျှ ပျက်စီးခြင်းသို့ရောက်လိမ့်မည်မဟုတ်။ ဟူသော ကျမ်းပိုဒ်ကို အလေးအနက်ဖတ်ပြီး၊ သခင်ခရစ်တော်၏ လုပ်ရပ်တွေဟာ ပြောဆိုခြင်း၊ သိခြင်း၊ ထာဝရအသက်ပေးခြင်း နှင့် ကာကွယ်စောင့်ရှောက်ပေးခြင်း စသည့် သိုးထိန်းတစ်ဦး၏ အရည်အခြင်းတို့မှာဖော်ပြနေတယ်၊ သိုးထိန််း သခင်ခရစ်တော်ဟာ ကျွနုပ်တို့၏ အတွင်းစိတ်၊ အလိုဆန္ဒ၊ မျော်လင့်ချက် တို့သာမက ကျွနုပ်တိူ့၏ ကျရုံးမှု၊ စိတ်ဓာတ်ကြမှုတို့ကိုပါသိမြင်တော်မူတယ်၊ ဂရုစိုက်ပေးတော်မူတယ်။ ငါ၏သိုးတို့သည် ငါကိုနားထောင်ကြ၏ သူတို့သည်လည်းငါ့နောက်သို့ လိုက်ကြ၏၊ ဒီအချက်က ကျနုပ်တို့၏ တာဝန်ဖြစ်တယ်။ သူကို နာထောင်ပြီး သူနောက်လိုက်ရမယ်။ ဒီနေရာမှာ ဘုရားရှင်ရဲ့သနားကြင်နာမှုကို သိရှိခံစားပြီး သူနောက်လိုက်ရမှာဖြစ်တယ်။

♥ ကမ္ဘာခေါ်တော်မူခြင်း နေ့
၂၀၁၉ မေလ ၁၂ ရက် တနင်္ဂနွေနေ့ ၅၆ ကြိမ်မြောက် ခေါ်တော်မူခြင်းနေ၊့ ကောင်းသော သိုးထိမ်း တနင်္ဂနွေနေ့ က ရောမမြို့ စိန့်ပီတာ ဘာစီလီကာ တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အီတလီ၊ ဂျပန်၊ ဟေတီ၊ ပီရူး နှင့် ဇာဘရစ် နိုင်ငံတို့မှ ကားတိုင်တော်၏ သားများ အသင်းဂိုဏ်းဝင် ဦးပဥ္ဇင်​း ၈ပါး၊ သခင်ခရစ်တော်၏ နောက်လိုက် မိသားစုဝင် အသင်းဂိုဏ်းမှ တစ်ပါး၊ ရောမမြို့ ရဟန်းဖြစ်တက္ကသိုလ်မှ ၂ပါး၊ neo-catechumenal လမ်းစဉ် လိုက်သော ဦးပဥ္ဇင်း ၈ပါး စုစုပေါင်း ဦးပဥ္ဇင်​း ၁၉ ပါးအား ရဟန်းသိက္ခာ တင်မြှောက်ပေးခဲ့ပါသည်။ ကမ္ဘာခေါ်တော်မူခြင်း နေ့ ခေါင်းစဉ်သည် ဘုရားသခင်၏ ကတိတော်အတွက် စွန်စားကြဖို့ ရဲရင့်ရမည် ဟု ဖြစ်ပါသည်။ ရဟန်းသိက္ခာတင် အခန်းအနားအပြီး တွင် သိက္ခာခံယူခဲ့သော ရဟန်းသစ်များထည်းမှ နှစ်ပါကို လူထု ပရိတ်သပ်စီသို့ စေလွတ်ပြီး ကောင်းကြီးမင်္ဂလာ များပေးစေခဲ့ပါသည်။

♥ အမေများနေ့

မိခင်များနေတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မှ ကမ္ဘာပေါ်ရှိ မိခင်များအားလုံးကို လှိုက်လှဲစွာ နုပ်ဆက်စကာပြေားကြားခဲ့ပါသည်။ မိခင်တို့သည် မိသားစု၏ တန်ဖိုးကို ကာကွယ်စောင်ရှောက်ပေးခြင်း၊ ကလေးသူငယ်များကိုပြုစုပျိုးထောင်ပေးခြင်း စသည့် မိခင်တို့၏ လုပ်ရပ်များကို ဖော်ကျူးကျေးဇူးတင်ခဲ့ပါသည်။ ကောင်ကင်ဘုံ၌ ရောက်ရှိမေသော မိခင်များမှ ကျွနုပ်​တို့ကိုကြည့်ရှုကာကွယ်ပေးခြင်း ဆုတောင်းမေတ္တာ များအားဖြင့် ကူညီပေးနေကြောင်းကိုလည်း ပြေားကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-05/pope-regina-coeli-the-go...

#pope, #ordination, #mother'sday, #goodShepherd, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

14 + 4 =