ကောင်းသောသိုးထိန်းတနဂ်နွေနေ့မွန်းတည့်ချိန်မိန့်ကြားခဲ့သောပုပ်ရဟန်းမင်းကြီး၏ဩဝါဒ

ကောင်းသောသိုးထိန်းတနဂ်နွေနေ့မွန်းတည့်ချိန်မိန့်ကြားခဲ့သောပုပ်ရဟန်းမင်းကြီး၏ဩဝါဒ

ကောင်းသောသိုးထိန်းတနဂ်နွေနေ့မွန်းတည့်ချိန်မိန့်ကြားခဲ့သောပုပ်ရဟန်းမင်းကြီး၏ဩဝါဒ

ယနေ့သည်ကောင်းသောသိုးထိန်းတနင်္ဂနွေနေ့လည်းဖြစ်ပြီး၊ ကမ္ဘာတစ်၀န်း၌ခေါ်တော်မူ ခြင်းရရှိရန်အတွက်ဆုတောင်းပေးရသော နေ့ဖြစ်သည်။ ဘုရားသခင်၏ခေါ်သံကိုပြန်လည်ထူးရန်သတိမွေးပါ။

ယခုရက်ပိုင်းယေဇူးသခင်မိန့်ကြားခဲ့သောရိတ်သိမ်းစရာများစွာရှိ၏။ လုပ်ဆောင်သောသူကား နည်းကြ၏။ လယ်ကွင်းရှင်ထံဆုတောင်း ရန်မိန့်ကြားခဲ့သည်ကိုပြန်လည်အမှတ်ရရမည်ဖြစ်သည်။ ခရစ်
ယာန်တို့၏ ရှိနေခြင်းသည်မည်သည့်အခြေအနေ၌မဆိုခေါ်လေ့ရှိသောဘုရား သခင်၏ခေါ်သံကိုပြန်လည်ထူးခြင်းအပေါ်မူတည်ပါသည်။

ရဟန်းဘ၀ခေါ်တော်မူခြင်းနှင့်သူတော်စင်အသက်တာခေါ်တော်မူခြင်းသည်သတ္တိရှိ ရန်နှင့်ဇွဲရှိရန်လိုသည်။ ထို့အတူဆုတောင်းခြင်းမပါဘဲဤလမ်းစဉ်ကိုဆက်လျှောက်ရန် လည်းလုံး၀မဖြစ်နိုင်ပေ။ ကောင်းကင်ရှင်ထံမှသူ၏အမူ တော်ကိုစိတ်ပါကိုယ်ရောက်နစ်ပြီးလုပ်ဆောင်မည့်လုပ်သားကောင်းများစွာစေလွှတ်ရန်ဆုတောင်းရန်ရဟန်းမင်းကြီး သည်ကမ္ဘာတစ်ဝှမ်းမှ ကက်သလစ်ဘာသာတူများအားမေတ္တာရပ်ခံခဲ့သည်။

ကပ်ရောဂါဆိုးကာလ၌အချင်းချင်းနီးကပ်စွာရှိကြပါ။ အချင်းချင်းနီးကပ် စွာနေပါဟုဆို၍ကပ်ရောဂါ ဆိုးကာလ၌တစ်ဦးနှင့်တစ်ဦးသုံးပေ၊ ခြောက်ပေ ခြား၍စကားပြောဆိုရန်၊ ပစွည်းများ လက်ခံရန်တိုက်တွန်းထားရာရဟန်းမင်း ကြီး၏ တိုက်တွန်းချက် သည်ဆန့်ကျင့်နေသယောင်ရှိနေပါသည်။ အမှန်မှာရုပ်ပိုင်းနီးနီးကပ်ကပ်နေခြင်း ထက်စိတ်အားဖြင့်၊ ဆု တောင်းခြင်းဖြင့်၊ ကူညီနိုင်၊ တတ်နိုင်သည့်အရာများဖြင့်ကူညီရင်းနီးနီးကပ်ကပ်ရှိကြောင်းပြရန်သာဆိုလိုသည်။

ရဟန်း မင်းကြီးသည်ကိုဗစ် (၁၉) ရောဂါခံစားနေရသူများ၊ အနီးကပ်စောင့်ရှောက်ပြုစုပေးနေ ကြသူများနှင့်တစ်စိတ်တစ်၀မ်းတည်းရှိကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကိုလုံလောက်ထိရောက်စွာ ကာကွယ်ကုသပေးနိုင်သောကာကွယ်ဆေးများဖော်စပ်နိုင် ရန်အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများ ၏ ချိပ်ဆက်လုပ်ဆောင်နေမူကိုလည်းထောက်ခံကြောင်း၊ ယခုအချိန်သည်သိပ္ပံအတတ်များကိုအတူတကွ ဆွေးနွေးလုပ်ဆောင်ရန်အလွန်အရေး ကြီးကြောင်း၊ ထွက်ပေါ်လာသောရလာဒ်ကိုလည်းပွင့်လင်းမြင် သာစွာနှင့်မျက်နှာလိုက်ဦးစားပေးစနစ်မျိုးမဖြစ်စေရန်၊ ကမ္ဘာ၏မည်သည့်ဒေသသို့ မဆိုရောက်ရှိစေရန် နှင့်ကျန်းမာရေးကာကွယ်စောင့်ရှောက်မူများကိုလည်းရရှိအောင်ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ယခုကဲ့ သို့အလွန်ခက်ခဲသော အခြေအနေမျိုး၌ဆုတောင်းခြင်းသည်အရေးကြီးကြောင်းမီးမောင်းထိုးပြခဲ့သည်။

ဆက်လက်၍လူသားချင်းစာနာထောက်ထား သောအဆင့်မြင့် ကော်မတီ၏တောင်းဆိုချက်ကိုလက်ခံ၍ဤရောဂါကပ်ဆိုးကြီးအမြန်ဆုံးအဆုံးသတ်ပျောက်ကွယ်သွားရန်ရည်ရွယ်၍လာမည့်မေလ (၁၄) ရက် နေ့၌ဘာသာပေါင်းစုံမှလည်းညီညွှတ်စွာဖြင့်မိမိတို့ဘာသာအလျှောက်၀ါရှောင်ဆုတောင်းကြရန်သတ်မှတ်ထားကြောင်းမိန့်ကြားခဲ့သည်။ ထို့ နောက်ရေဂျီးနာချေလီဆုတောင်းခဲ့ပြီး၊ ထိုဆုတောင်းခြင်းအပြီး တွင်အီတလီနိုင်ငံမှ မေတယ်လ် အဖွဲ့အားအထူးနှုတ် ခွန်းဆက်စကားမိန့်ကြား ခဲ့ပါသည်။ ထိုအဖွဲ့အစည်းသည်နိုင်ငံတစ်ဝှမ်း၌ကလေးသူငယ်များအားအကြမ်းဖက်ခြင်း၊ မိမိတို့၏လုပ်ငန်းများအတွက်သားကောင်များ အဖြစ် အသုံးချခြင်း၊ ကလေးများအပေါ် အခွင့်အရေးချိုးဖောက်သည်ကိုလစ်လျူရှုနေခြင်းများလျော့ကျထိန်းချုပ်နိုင်ရန်မြှင့်တင် လှုပ်ရှားသောအသင်းတစ်သင်းဖြစ်သည်။

ဘာသာပြန်ဖာသာရ်ကလဲမင့်အားတယ်

Photo credit: ANSA

https://bit.ly/3dh6AMI

Add new comment

2 + 7 =