ကောင်းကင်ဘုံ၌ မေတ္တာရွတ်ဆိုဆုတောင်းခြင်းဟာ အားလုံးအတွက် ဆုတောင်းပေးခြင်ဖြစ်တယ်

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း

ကောင်းကင်ဘုံ၌ မေတ္တာရွတ်ဆိုဆုတောင်းခြင်းဟာ အားလုံးအတွက် ဆုတောင်းပေးခြင်ဖြစ်တယ်
မတ်လ ၂၇၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း တွင် ကောင်းကင်ဘုံ၌ မေတ္တာ ဒုတိယအပိုက် မှ နေ့စဉ်မပြတ် အလိုရှိအပ်သော အရာအစား တို့ကိုကျွနု်ပ်တို့အား ယနေ့၌ပင်ပေးသနားတော်မူပါ ဟူသော မေတ္တာ အပိုဒ်ကို ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ရှင်းလင်းသင်ကြားခဲ့ပါသည်။

ဘုရားသခင်ထံမှာ ငါတို့လိုအပ်တာတောင်းတယ်

♥ အလိုအပ်ဆုံးသောအရာနှင့် စတင်ခြင်း

ကောင်ကင်ဘုံ၌ မေတ္တာ ဒုတိယအပိုဒ်မှ နေ့စဉ်မပြတ် အလိုရှိအပ်သော အရာအစား တို့ကိုကျွနု်ပ်တို့အား ယနေ့၌ပင်ပေးသနားတော်မူပါ ဟူသော မေတ္တာ အပိုဒ်ဟာ လူတွေရဲ့ မပြည့်စုံမှုူ့ကိုဖော်ပြခြင်းဖြစ်တယ်၊ နေ့စဉ်အသက်ရှင်ဖို့ အတွက် အဓိက အကျဆုံးနဲ့အလိုအပ်ဆုံးအရာကို ဘုရားသခင်ထံမှာ တောင်းဆိုခြင်းဖြစ်တယ်။ တကယ်လိုအပ်နေတဲ့ဘဝတွေကို ကိုယ်ခြင်းစာပါ။ ယနေ့ခေတ်ကြီးထဲမှာ အမေ၊ အဖေ ဘယ်နှစ်ယောက်လောက် သားသမီးတွေကို လုံလောက်အောင်မကြွေး နိုင်လို့ စိတ်ဆင်းရဲစွာနဲ့ အိပ်စက်ခဲ့တဲ့ညတွေ ဘယ်လောက်တောင် များနေပြီးလည်း။ ဒီဆုတောင်းမေတ္တာက တို့ကို တိုက်တွန်းနေတယ်ဆိုတာ သတိထားမိလား။ ဒီမေတ္တာဟာ ကျွနု်ပ်တို့ဘဝနဲ့ နေ့စဉ်ထိတွေ့နေတယ် ဆိုတာ သိရမယ်၊ ဒီမေတ္တာဟာ အစားအစာ တစ်မျိုးတည်းကို အဓိပ္ပါယ်ဖော်ဆောင်တာမဟုတ်ဘူး လူတို့၏ အခြေားံလိုအပ်ချက်များဖြစ်တဲ့ အစားအစာ၊ ရေ၊ နေစရာနေရာ ၊ အလုပ်အကိုင် အားလုံးကို ဖော်ဆောင်ခြင်းဖြစ်တယ်။ ဒီ မေတ္တာက ကိုယ်လိုအပ်ချက်တစ်ခုတည်းအတွက် တောင်ဖို့မဟုတ်ဘူး၊ လူသားတိုင်းရဲ့လိုအပ်ချက်ကို တောင်းပေးဖို့ဖြစ်တယ်။ခရစ်ယာန်တို့ မိမိတစ်ဦးတစ်ယောက်အတွက်သာ အတ္တ စိတ်နဲ့တောင်းရင် ခရစ်ယာန်တို့အထွဠ်အမြတ်ထားတဲ့ ဒီမေတ္တာ အဓိပ္ပါယ် မဲ့ ပျက်စီးသွားလိမ့်မယ်။။

 

ကျွနု်ပ်တို့လိုအပ်သော နေ့စဉ် အစားအစာ ရဲ့အဓိပ္ပါယ်ဟာ တစ်ဦးတစ်ယောက်ထည်းအတွက်မဟုတ်ဘူး အများအတွက်ဖြစ်တယ်။ အဖ ဘုရားသခင်ရဲ့ကျေးဇူးတော်လိုအပ်သူတိုင်အတွက် တောင်းပေးရမယ်။

 

မုန့်ငါးလုံး နှင့် ငါး နှစ်ကောင်းကိုပွားများစေပြီး လူငါးထောင်ကို ကြွေးခဲ့ခြင်းမှာ ကြီးမားသော တန်ခိုးလက္ခဏာဟာ မုန့်တွေကိုပွားများစေခြင်းမဟုတ် ဝေမျှခြင်းတန်ံခိုးဟာ ပိုမိုကြီးမားတယ် ဝေမျှပေးခြင်သော စိတ်ရဲ့နောက်ကနေ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုူ့ပါဝင်လာခြင်းဖြစ်တယ်။ လူငယ်လေးက သူမှာ ရှိတဲ့ ငါးနှစ်ကောင်နဲ့ ပေါင်မုန့်ငါလုံးကို လူအများအတွက် ပေးခဲ့ခြင်းဟာ ကြီးမားသော သင်ခန်းစာဖြစ်တယ်။ ပေဆပ်ခြင်း ဝေမျှခြင်းမှာ တန်ံခိုးတော် ပါဝင်လာမယ်။ မိမိမှာ ရှိတဲ့ စားစရာကို မိမိ တစ်ဦး အပိုင်မဟုတ် ဘုရားကျေးဇူးတော် နှင့်ပေါင်းစပ်ဝေမျှ ပေးဖို့ ဘုရားပေးထားတာဆိုတာ မမေ့ပါနဲ့။

 

သခင်ခရစ်တော်က သူဘဝတစ်ခုလုံးကို ကိုယ်တော်မြတ်စက္ကရ်မင်းတူး မှာ အပြည့်အဝပေးအပ်ခဲ့တယ်။ ကိုယ်တော်မြတ်စက္ကရ်မင်းတူး၌ သခင်ခရစ်တော် နှင့် အပြည့်အဝ ပေါင်းစပ်မှသာ လူဘဝရဲ့ ဆာလောင်မွတ်သိမ့်မှုူ့အရာ အားလုံးပြည့်စုံးနိုင်မယ်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-at-audience-in-our-...

#pope, #generalaudience, #peterkm
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

11 + 7 =