ကောင်းကင်ဘုံ၌မေတ္တာ သည်​ သခင်ခရစ်တော် ပေးခဲ့သည် တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်များမှ တစ်ခု

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်း

ကောင်းကင်ဘုံ၌မေတ္တာ သည်​ သခင်ခရစ်တော် ပေးခဲ့သည် တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်များမှ တစ်ခု
ဇူလိုင်လ ၂၈၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ တနင်္ဂနွေနေ့ သမ္မကျမ်းစာကို အခြေခံပြီး ဟေားကြား​တော်​မူခဲ့ပါသည်။

ကျွနု်​ပ်​တို့၏ ဆရာ ဖြစ်သူ သခင်ခရစ်တော်ရဲ့ လုပ်ရပ်တိုင်းဟာ ဆုတောင်းခြင်း မှာ အခြေခံထားတယ်၊ အရေးကြီးသော အရာများ မလုပ်ဆောင်မှီ ဆုတောင်းခြင်း အမူ့ကို ပြုလေ့ရှိတယ်ဆိုတာ သခင်းခရစ်တော်၏ နောက်လိုက်တပည့်တွေ သတိထားမိလာကြတဲ့ အခါမှာ သူတို့ကို လည်း ဆုတောင်းတပ်အောင် သင်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ သူတို့သိထားတာက သူတို့ရဲ့ ဆရာသခင်ဟာ တခြားသော ကျမ်တပ်ဆရာတွေဆုတောင်းသလိုမဟုတ်ပဲ အဖေ နှင့်သား စားပြောခြင်း အဖခမည်းတော် နှင့် အပြည့်အဝ ရင်းနှီးမူ ကို သတိထားမိကြတယ် ထို့အတွက်ကြောင့် သခင်ခရစ်တော် အဖခမည်းတော်နှငင့် ရင်းနှီးသလို နီးစပ်နိုင်သော ဆုတောင်းမေတ္တာ မျိုးကို သူတိုလည်း အလိုရှိခဲ့ကြလို့ တောင်းဆိုခဲ့ကြခြင်းဖြစ်တယ်။

သူတို့ရဲ့တောင်းဆိုမူ့ကို အခြေခံပြီး သခင်ခရစ်တော်က ဆု​တောင်းခြင်းကို သင်ပေးခဲ့တယ်။ သင်ပေးတယ်​ဆိုတဲ့​နေရာမှာ ဆုတောင်းတယ် ဆိုတာ ဘယ်လိုဖြစ်တယ်၊ ဆုတောင်းခြင်းမှာ ဘယ်လိုလုပ်ဆောင်ရမယ်၊ ဘယ်လိုနေရမယ် ဆိုတာတွေ ကို ရှင်းပြမနေဘူး သူတို့ရဲ့လိုအပ်ချက်ကို သိတဲ့ သခင်ခရစ်တော်က သူတို့ကိုယ်တိုင် ဘုရား နှင့် တပ်ရိုက်ဆက်သွယ်နိုင်မည့် အခြေအနေတစ်ခုကို ပိုဆောင်ပေးလိုက်တယ် အဲ့တာက သူကိုယ်တိုင်​ ဆုတောင်းနေကြ သူရဲ့ ဆုတောင်းမေတ္တာကို သူရဲ့တပည်တွေလည်း အဖခမည်းတော်နှင့် တိုက်​ရိုက် ပေါင်းစည်းဆက်သွယ် နိုင်ဖို့ သင်ပေးခဲ့ခြင်းဖြစ်တယ်။

နှလုံးသားကိုဖွင်လှစ်ပြီး အတူတကွပေါင်းစီးခြင်း၊ အကျိုးရှိစွာ နားထောင်ခြင်း၊ ယုံကြည်ခြင်းပြည့်ဝစွာဖြင်​့ ပြောဆိုခြင်း နှင့် တစ်ဦးကိုတစ်ဦးချစ်ခြင်း မေတ္တာ ကြောင့်အပြန်အလှန်ပြောဆိုခြင်း များဟာ ခရစ်ယာန်ဆုတောင်းမေတ္တာရဲ့ သစ်လွင်ခြင်းဖြစ်တယ်။ ။

ကောင်းကင်ဘုံ၌မေတ္တာဟာ ဘုန်းတန်​ခိုးနှင့်ပြည့်စုံသော သခင်ခရစ်တော် လောက အသက်တာထင်ရှားစဉ်အခါက ပေးခဲ့သည် တန်ဖို့မဖြတ်နိုင်သော လက်ဆောင်များမှ တစ်ခုဖြစ်တယ်။ ဒီဆုတောင်းမေတ္တာအားဖြင့် သခင်ခရစ်တော်က ကျွနု်​ပ်တိုအတွက် အဖခမည်းတော်ကို ကျွနု်​ပ်​တို့၏ အဖအဖြစ် လက်ခံလာ​စေမှာဖြစ်​သလို တို့ကို ဘုရားသားသမီးဘဝထည်းကို ပိုဆောင်ပေးခြင်းလည်ဖြစ်တယ်၊ အဖခမည်းတော်ကို တိုက်​ရိုက်စကားပြော​စေတယ်၊ သားသမီးက မိဘအပေါ်ယုံကြည်သောစိတ်ကိုပြစေတယ်၊ ဆုတောင်းခြင်းအားဖြင့် အဖခမည်းတော်ကို စကားပြောခွင်ရရှိစေခဲ့ခြင်းဖြစ်တယ်။

ကောင်းကင်ဘုံ၌မေတ္တာဟာ ဆုတောင်းမေတ္တာအားလုံးကို ပေါင်းစပ်ပေးထားသလို ဒို့လူသားများကို ဘုရား နှင့်ပေါင်းစပ်နိုင်ရန်၊ လူသားအခြင်းခြင်းပေါင်း စပ်နိုင်ရန် သင်ကြားပေးသော အရာဖြစ်တယ် ဟု အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဟေားကြားခဲ့ပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2ZhjAev

 

Add new comment

12 + 5 =