ကူးစက်ရောဂါဘေးဆိုးမှကင်းဝေးစေရန်အမိမယ်တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းကိုတောင်းကြပါစို့

ကူးစက်ရောဂါဘေးဆိုးမှကင်းဝေးစေရန်အမိမယ်တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းကိုတောင်းကြပါစို့

ကူးစက်ရောဂါဘေးဆိုးမှကင်းဝေးစေရန်အမိမယ်တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းကိုတောင်းကြပါစို့

ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်ပုံမှန်တွေ့ဆုံနေကျအစီအစဉ်၌ ရဟန်းမင်းကြီးကအမိမယ်တော်ကောင်းကင်ဘုံ သို့ပင့်ဆောင်ခံရသည့်ပွဲတော်ကိုတင်ကြို၍ထောက်ရူခဲ့သည်။ အမိမယ်တော်ကောင်းကင်ဘုံသို့ပင့်ဆောင်ခံရသောပွဲနေ့ ကိုအမိသာသာနာတော်ကြီးကနှစ်စဉ် ဩဂုတ်လ (၁၅) ရက်နေ့တွင်ကျင်းပလေ့ရှိသည်။ ထိုပွဲကိုအမှတ်ရရင်းပိုလန်ဘုရား ဖူးများကိုနှုတ်ဆက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပိုလန်နိုင်ငံ၏မြစ်တစ်စင်း၌လွန်ခဲ့သောနှစ် (၁၀၀) ခန့် အမိမယ် တော်တန်ခိုးပြသခဲ့သည်ကိုပြန်လည်အမှတ်ရစေသည်။ ထိုမြစ်သည် ဥရောပရှိအရှည်ဆုံးမြစ်များအနက် န၀မမြောက်မြစ် လည်းဖြစ်သည်။

မမြင်နိုင်သောရန်သူကိုအောင်မြင်ကိုကြစို့။

(၁၉၂၀၊ ဩဂုတ်လ၊ ၁၅) ရက်နေ့၌ပိုလန်စစ်တပ်သည် ဆိုဗီယက်စစ်တပ်ကို၀ါဆောတိုက်ပွဲ၌အောင်မြင်ခဲ့သည်။ ဤအောင်မြင်မူသည်အမိမယ်တော်၏ကြား၀င်ဆုတောင်းပေးခြင်းကြောင့်ဖြစ်သည်ဟုယုံကြည်ကြသည်။ ထိုနေ့ကို လည်းပိုလန်နိုင်ငံ၏တပ်မတော်နေ့အဖြစ်သတ်မှတ်ထားသည်။ အမိမယ်တော်သည်ယခင်ကဘေးဆိုးကြီးမှကာကွယ်ပေး ခဲ့သကဲ့သို့ယခုလူသားထုကြုံတွေ့ခံစားနေရသောကူးစက်ရောဂါကြီးဘေးမှလည်းကင်း‌ေ၀းအောင်ကြား၀င်ဆုတောင်းပေးရန်၊ ထို့အတူရက်ရောသောကောင်းကြီးတော်များကိုသင်တို့မိသားစု၊ နိုင်ငံသားများကိုယူဆောင်လာပေးရန်၊ ထို့အတူ ချက်စတိုချို၀ါရှိမယ်တော်ထံသို့ဘုရားဖူးသွားနေကြသောဘုရားဖူးများနှင့်လည်းစိတ်အားဖြင့်အတူတကွလိုက်ရှိလျှက်ရှိ ကြောင်း၊ ကူးစက်ရောဂါကြောင့် ဤဘုရားဖူးခြင်းအစီအစဉ်ကိုလည်းသတိဖြင့်သွားကြရန်၊ အားလုံးအတွက်ပြန်လည် ဆင်ခြင်သောအချိန်၊ ဆုတောင်းသောအချိန်နှင့်ယုံကြည်ခြင်း၊ ချစ်ခြင်း၌ညီအစ်ကိုရင်းစိတ်ဓာတ်များမွေးမြူကြရန်တိုက် တွန်းခဲ့သည်။

ဘုရားဖူးခရီးလမ်းအတွက်လမ်းပြ

အဂ်လိပ်စကားပြောသောဘုရားဖူးများအားနှုတ်ဆက်ရာ၌ အမိမယ်တော်ကောင်းကင်ဘုံသို့ပင့်ဆောင်ခံရသောပွဲ နေ့ကိုထိုက်တန်စွာကျင်းပနိုင်ရန်စင်ကြယ်စွာပြင်ထားပါ။ ကျွန်ုပ်တို့၏ဘုရားဖူးခရီးစဉ်ကိုမယ်တော်လမ်းပြပို့ဆောင်ပေး တော်မူခြင်းဖြင့်ယေဇူးသခင်၏ကတိထားချက်များကိုပြည့်၀စွာရရှိနိုင်မည်ဖြစ်သည်။ ဂျာမန်စကားပြောသောဘုရားဖူးများအား ယခုရက်ပိုင်းကျင်းပမည့်ခမ်းနားသောပွဲတော်သည် ဘုရားသခင်လူတို့ အားချီးမြှင့်ပေးသနားသောအမြင့်ဆုံးဂုဏ်သိက္ခာဖြစ်သည်။ ဘုရားသခင်၏အစေခံအတွက်နှိမ့်ချခြင်းနှင့်တောင်းခံ၍ကြီး မားသောအမူကိုသူ၏အစေခံအားလည်းကောင်း၊ ကျွန်ုပ်တို့အားလည်းကောင်း၊ ပြုပေးတော်မူပါရန်တောင်းခံကြပါ။

တစ်စိတ်တစ်၀မ်းတည်းရှိနေခြင်း၏စံပြပုဂ္ဂိုလ်

ကောင်းကင်ဘုံသို့ပင့်ဆောင်ခံရသောမယ်တော်သည် ပြင်သစ်နိုင်ငံအားမှိုင်းမသောမယ်တော်လည်းဖြစ်သည်။ ရဟန်းမင်းကြီးက အမိမယ်တော်သည်ပြင်သစ်ပြည်သူပြည်သားများအားလည်းခွန်းအား၊ ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်း ကောင်းကြီးများသွန်းလောင်းပေးရန်ဆုတောင်းပေးခဲ့သည်။ အမိမယ်တော်သည်သင်တို့အားတစ်ကိုယ်ကောင်းစိတ်များ၊ ၀န်းကျင်၌ဖြစ်ပျက်နေသောဆိုးရွားသညအခြေအနေများကိုအေးတိအေးစက်ဖြင့်လစ်လျှူရှူတတ်သောစိတ်များ၊ ဖာတိ ဖာတာနေခြင်းကိုရှောက်၍ ညီအစ်ကိုမောင်နှမစိတ်ဓာတ်၊ တစ်စိတ်တစ်၀မ်းတည်းထားတတ်သောစိတ်ဓာတ်များလည်း ပြန်လည်ရှင်သန်လာစေရန်ဆုတောင်းပေးခဲ့သည်။

ဘာသာပြန်-ဖာသာရ် ကလဲမင့်အားတယ်

https://bit.ly/3gTlOcX

Add new comment

7 + 0 =