ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူတွေအတွက် ရဟန္တာတစ်ပါးရှိပါသလား၊

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူတွေအတွက် ရဟန္တာတစ်ပါးရှိပါသလား၊

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူတွေအတွက် ရဟန္တာတစ်ပါးရှိပါသလား၊

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရုပ်ချည်းကျရောက်လာတဲ့ ကူးစက်အန္တရာယ်ကြောင့် အမေရိကန်နိုင်ငံမှာ အနည်းဆုံး ၂၆ သန်းသော ပြည်သူတွေဟာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ စီးပွားရေးပညာရှင်များရဲ့ အဆိုအရ အလုပ်လက်မဲ့များဟာ စိတ် ဓာတ်ကျ မျှော်လင့်ချက်မဲ့နေတဲ့ အနေအထားကို ရောက်ရှိနေကြပါပြီ။

          အခြားရေးရာကိစ္စရပ်တွေမှာလိုပဲ ကက်သလစ် အသင်းတော်ကြီးမှာ အလုပ်လက်မဲ့များ၊ ဆင်း ရဲခြင်းနဲ့ ကူးစက် ရောဂါများအတွက် မှိုင်းမကူညီသောရဟန္တာ ကာဂျက်တန် (St. Cajetan) ရှိပါ တယ်။ သူ ဟာ ဂုဏ်ကျက်သရေရှိ လူကြီးတစ်ဦးရဲ့ သားဖြစ်ပြီး ရဟန်းမင်းကြီးတစ်ပါးထံမှာ အလုပ် လုပ်ခဲ့ပြီး ရဟန်း တစ် ပါး ဖြစ်လာပါတယ်။ သူဟာ အံ့သြစရာ ကောင်းလောက်တဲ့ အနာရောဂါပျောက်ကင်းခြင်းကို တတ် နိုင် သူလည်းဖြစ်သလို “ဘဏ်လုပ်ငန်း”တစ်ခုကို တည်ထောင် ခဲ့သူလည်း ဖြစ်ပြီး ဆင်းရဲသားများကို ကြင် နာ သနားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

          စိန်ကာဂျက်တန် (St. Cajetan) ကို ၁၄၈၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ ဗင်ချဲဇာ (Vicenza) အီတ လီနိုင်ငံမှာ သီယဲ (Thiene) မြို့စားကြီး ဂက်(စ်)ပါ (Gasper) နဲ့ မာရီယာပေါ်တို (Maria Porto) တို့ မှ ဖွားမြင်ခဲ့ပြီးသား ၃ ဦးအနက် အငယ်ဆုံး သားထွေးဖြစ်ပါတယ်။

          သူ့ရဲ့ မိခင်ဖြစ်သူဟာ ဘုရားတရား ကိုင်းရှိုင်းသူဖြစ်ပြီး သူ့ကို ငယ်စဉ်ကတည်းက အမိ မယ် တော်မာရီးယားထံမှာ အပ်နှံပူဇော်ခဲ့ပြီး သူဟာလည်း ဘာသာရေးအဆုံးအမများနဲ့ ကြီးပြင်း လူလား မြောက်ခဲ့ ပါတယ်။ သူ့အသက် ၂ နှစ်အရွယ် မှာပဲ ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပါတယ်။

          သူ့အသက် ၂၀ ကျော်အတွင်းမှာပဲ အရပ်ဘက်ဆိုင်ရာမှ ဥပဒေဘွဲ့နဲ့ ဘာသာရေး စည်းမျဉ်း  ဥပဒေ ဘွဲ့ ၂ ခုစလုံး ကို ပါဒူအာ (Padua) တက္ကသိုလ်မှ အောင်မြင်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ များမကြာမီမှာပဲ ရောမ မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ဒုတိယမြောက် ပုပ်ဂျူလီယန် (Julian II) အတွက် အလုပ်လုပ်ခဲ့ပြီး ပဉ္စမ အကြိမ် မြောက် လက်ထရမ်ကောင်စီ (Fifth Lateran Council) အတွက်လည်း အကူအညီပေးခဲ့တာဖြစ်ပါတယ်။ ပုပ် ဂျူလီယန် (Pope Julian) ဆုံးပါးသွားပြီးနောက် ရဟန်းဘဝနှင့်ဆိုင်ရာ ပညာရပ်များကို ဆည်းပူး ဖို့အ တွက် သူ၏ရာထူးတာဝန်မှ ရပ်ဆိုင်းခဲ့ပါတယ်။ ၁၅၁၆၊ အသက် ၃၅ နှစ်အရွယ်မှာ ရဟန်း သိက္ခာ ရရှိခဲ့ ပါတယ်။ ရဟန်းဖြစ်လာပြီး မကြာခင်မှာပဲ စိန်ကာဂျက်တန် (St.Cajetan) နဲ့အတူ သူနဲ့ စိတ်တူ ကိုယ် တူရှိ သော ရဟန်းများနဲ့ “ကလဲရစ်အသင်းဂိုဏ်း” (Congregation of Clerics Regular) ကို တည်ထောင်ခဲ့ပြီး တမန် တော်ကြီးများရဲ့ ဘဝအသက်တာပုံစံအတိုင်း ကျင့်ကြံနေထိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်က ခေတ် ပြိုင် ဖြစ်သော မာတင်လူသာ (Martin Luther) ကဲ့သို့ ကာဂျက်တန် (Cajetan)  နှင့် အပေါင်း အပါများ သည် အသင်းတော် ပြုပြင်ပြောင်း လဲမှုအတွက် အထူးသဖြင့် ရဟန်းများအတွက် ကြံဆခဲ့ကြသည်။ သို့သော် “မာတင်လူသာနှင့် သူ၏နောက်လိုက်များ” ကဲ့သို့မဟုတ်ဘဲ သွင်ပြင်ပြောင်းလဲ တိုးတက် ခြင်း သည် အသင်းတော်အတွင်းမှာပင် အလိုအလျှောက်ဖြစ်နိုင်သည်ဟု ယုံ ကြည်ခဲ့ကြသည်။ “ကလဲရစ် အသင်းဂိုဏ်း” (The Congregation of Clerics Regular) ၏ အမည်သည် ကာဂျက်တန်၏ အသင်း တည် ထောင် သူ တွဲဖက် ဂျီအိုဗာနီ ပေထရို ကာရာဖာ့ (Giovanni Pietro Caraffa) ၏ ဘွဲ့နာမဖြစ်သော “သီအေတီး(န်)စ်” (Theatines) နောင်တွင် စတုတ္ထမြောက် ပုပ်ပေါလ် (Pope Paul IV) ဖြစ်လာခဲ့သူ ချီတီ မြို့ ဆရာတော် (Theate in Latin) (လက်တင်းဘာသာဖြင့် သီအက်) အမည်နာမဖြင့် လူသိများ ကျော် ကြား ခဲ့သည်။ သူတို့အဖွဲ့အစည်း သည် ဆင်းရဲခြင်း၊ ဖြူစင်ခြင်းနှင့် နာခံခြင်းကတိသစ္စာတို့ကို လေးလေး နက် နက် ကျင့်သုံးခဲ့ကြသည်။ St. Cajetan က အသင်းဂိုဏ်းအား “ဆင်းရဲခြင်း” ကတိသစ္စာကို တိတိ ကျ ကျ လိုက်နာရန် ပြောကြားခဲ့ပြီး သူတို့သည် တောင်းရမ်းလှူဒါန်း ခြင်းသာမကဘဲ အသက်ရှင် ရပ် တည်နိုင် ရန်အတွက် ဘုရားရှင်၏စောင်မမှုဖြင့် ရရှိလာသမျှအပေါ်၌လည်း အမှီပြုကြ သည်။

သူ၏အဓိကရည်ရွယ်ချက်သည် ၀ိညာဉ်များကို ကယ်တင်ရန်ဖြစ်သည်။ (St Cajetan မှ Fr. ဖရန်စစ် ဇေးဗီး ယား ၀ါနင်ဂါထံ ၁၈၇၆ တွင် ရေးသားခဲ့သည်) အစကနဦးမှာ သူတို့အသင်းဂိုဏ်းသည် ကိုယ်ကျင့် သိက္ခာ ရှိရှိ နေထိုင်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်းကို ဆည်းပူးခြင်း၊ သြဝါဒပေးခြင်းနှင့် ဆင်းရဲသားနှင့် ဖျားနာသူ များ ကို စောင့်ရှောက်ကြည့်ရှုခြင်း အားဖြင့် ၀ိညာဉ်ကယ်တင်ခြင်းကို လုပ်ဆောင်ခဲ့သည်။ စိန်ကာ ဂျက် တန် သည် မိမိကိုယ်ကို တင်းကျပ်လေးနက်စွာ ကျင့် ကြံခဲ့သည်။ ၀ါနင်ဂါ (Weninger) က ကာဂျက် တန် သည် ချည်မျှင်ကြမ်း အင်္ကျီကို ဝတ်ဆင်ကာ ညအတော် ညဉ့်နက်သည့် တိုင်အောင်နှင့် နံနက်စောစောတွင် ဆုတောင်းသဒ္ဓါကြည်ညိုခြင်းများ ပြုလုပ်လေ့ ရှိပြီး ကောက်ရိုးခင်းပေါ်တွင်သာ ခေတ္တအနားယူကြောင်း သတိပြုမိခဲ့သည်။ မယ်တော်၏ ကိုယ်ထင်ရှားပြခြင်းခံရသူဟု လူသိများခဲ့သည်။ အထူးသဖြင့်ခရစ္စမတ် (နာတာလူး) ညနေခင်းတစ်ခုတွင် “အမိမယ်တော်က သူငယ်တော်ယေဇူးကို ပွေ့ချီထားပြီး St. Cajetan  ၏ လက်တွင်းသို့ ထည့်ပေးခဲ့သည်”ဟူသော ရူပါရုံကို ရခဲ့သည်။ သူ၏ဘဝတစ်လျှောက်လုံးတွင် ထူး ဆန်း အံ့ဖွယ်သော ရောဂါပျောက်ကင်းမှုများအတွက်လည်း ကျော်ကြားခဲ့ပြီး ထိုအထဲတွင် ခြေထောက် ဖြတ်ခံ ရရန်  စီစဉ်ထားခြင်း ခံရသော ရဟန်းတစ်ပါး၏ ခြေထောက်ရောဂါ ပျောက်ကင်းခဲ့ခြင်း လည်း ပါဝင်သည်။ သီအေ တင်း အသင်းဂိုဏ်း (The Theatine Order) သည် ပရိုတက်စတန် ပြုပြင်ပြောင်းလဲမှုများ အပြည့် အဝ မဖြစ်မီအချိန်ကတည်းကပင် “ကက်သလစ် ပြုပြင် ပြောင်းလဲသူများ”အဖြစ် လူသိများခဲ့သည်။

          ၁၅၂၇ တွင် ရောမမြို့ရှိ “သီအေတင်း”အိမ် (The house of the Theatine) သည် အင်ပါယာရှင် ပဉ္စမ မြောက် ချားလ်(စ်)၏ တပ်များ၏ ဖယ်ရှားခြင်းကို ခံရပြီး အသင်းသားများသည် ဗီးနစ်(စ်)သို့ ထွက် ပြေး တိမ်းရှောင်ခဲ့ကြသည်။ မှတ်တမ်းအချို့အရ စစ်သားတစ်ဦးမှ ကာဂျက်တန်နှင့်သိကျွမ်းခဲ့ပြီး ဤ ရဟန်း ဘုန်းကြီးသည် သူပိုင်ဆိုင်ခဲ့သော လူကုံထံ ဘဝမှ ကြွယ်ဝမှုများကို လျှို့ဝှက် သိမ်းဆည်း ထားသည် ဟု ယုံကြည်သောကြောင့် ကာဂျက်တန်အား သူ၏အသင်းဂိုဏ်းသို့ ပြန်လည်ဝင် ရောက်ခွင့် မပြုမီ ကာလ အထိ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ထောင်သွင်းအကျဉ်းချခဲ့သည်။ သူ၏ အသက် ၄၂ နှစ်တွင် “မပျောက် ကင်းနိုင် သောရောဂါများ”အတွက် ဆေးရုံတစ်ရုံကို ဗီးနစ်(စ်)မြို့တွင် တည်ဆောက်ခဲ့ပြီး ကူးစက်မြန် ပျံ့ပွား လွယ် ရောဂါများ ထူပြောနေချိန်၌ ရောဂါသည်များအား နှစ်သိမ့်ရင်း၊ ကုသပေးရင်း ရှိခဲ့သည်ဟု ၀ါနင် ဂါ (Weninger) က ရေးသားထားသည်။ သူကြည့်ရှုခဲ့သော လူနာအများစုမှာ “ကြွက်ပလိပ်” (ကူးစက် ရောဂါ) ကဲ့သို့ဖြစ်ပြီး နိုင်ငံတကာ စီးပွားရေး အချက်အချာကျသော ဗီးနစ်(စ်)တွင် မကြာခဏ ဆို သလို တကြော့ပြန်ဖြစ်ပွားလေ့ရှိသည်။ ၁၅၃၃ တွင် ပုပ်က ကာဂျက်တန်အား နပလီ (Naples) သို့ စေ လွှတ် ခဲ့ရာ ပြောစမှတ်ပြုစရာ တစ်ခုကို တည်ထောင်ခဲ့ ပြန်သည်။ တစ်ပြိုင်တည်းမှာပင် San Paolo Maggiore (စိန်ပေါလ်မဂျီဂျောရေ) သည်လည်း ကက်သလစ် ပြုပြင်ပြောင်းလဲရေး၏ ဗဟို ချက် မဖြစ်လာခဲ့သည်။

          နပလီ(Naples) မြို့၌ရှိနေစဉ် ဆင်းရဲသားများအား “ငွေကြေးအမြတ်ကြီးစား၊ အတိုး ကြီးချ ခံရခြင်း မှ ကာကွယ်ရန်” အမြတ်အစွန်းမရှိသော ကရုဏာသက်သက် ဘဏ်တစ်ခုကို ထူထောင် ခဲ့သေး သည်။ နောက်ဆုံးတွင် ထိုဘဏ်သည် “နပလီဘဏ်” ဖြစ်လာခဲ့သည်။ ထိုမြို့မှာပင် သူသည် အသက် အန္တ ရာယ် စိုးရိမ်ဖွယ်ရာ ဖျားနာခဲ့ပြီး သူ၏ဒုက္ခဝေဒနာများကို နပလီမြို့သားများ နောင်တရ ပြောင်း လဲရေး အ တွက် ပူဇော်ခဲ့သည်။ သူ၏နာကျင်ဒုက္ခများကို ပိုမိုပူဇော် နိုင်ရန် သူ၏အိမ်ရာအဖြစ် အသုံးပြုနေသော ပျဉ်ချပ် ပြားများအပေါ်မှ ရွှေ့ပြောင်းရန် ငြင်းဆန်ခဲ့သည်။ သြဂုတ်လ ၆ ရက် ၁၅၄၇ “သခင်ယေဇူး အဆင်း သ ဏ္ဌာန် ပြောင်းလဲသောပွဲနေ့”တွင် ကွယ်လွန်ခဲ့ပြီး နပလီမြို့ San Paolo Maggiore (သံပေါလု မာ ဂျော် ရေး) ဘုရားကျောင်းတော်ကြီးတွင်း၌ မြှုပ်နှံခဲ့သည်။ အချို့သောမှတ်တမ်းရေးရာများအရ ကာ ဂျက် တန် (Cajetan) သေဆုံးပြီး မကြာခင်မှာပင် ၀ိညာဉ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေး အကြမ်းဖက်၊ သ ဘော ကွဲ လွဲမှုများ ရပ်ဆိုင်းသွားခဲ့ပြီး လူပေါင်းများစွာတို့အား သူ၏သန့်ရှင်းစင်ကြယ်သောဘဝကို သက် သေ တည် ခဲ့သည်။ ၁၆၂၉ တွင် အဋ္ဌမမြောက် အာရ်ဘန် (Urban VIII) က “သန့်ရှင်း စင်ကြယ် သော ပုဂ္ဂိုလ်”အဖြစ် ချီးမြှောက်ခဲ့ပြီး ၁၆၅၆ နပလီမြို့တွင်  ပြင်းထန်စွာရိုက်ခတ်သော ပလပ်ရောဂါကျ ရောက် ချိန်၌ ကာ ဂျက်တန်အား ကိုးစားခြင်းခံခဲ့ရသည်။

          နပလီ (Naple) မြို့ဆေးရုံတစ်ခုရဲ့ ဦးဆောင်သူ သက်သေခံချက်အရ နေ့စဉ် ၆၀၀-၇၀၀ ပလိပ် ရောဂါကြောင့် သေဆုံးနေကြချိန်မှာ “သန့်ရှင်းသော ကာဂျက်တန်”ရဲ့ပွဲနေ့ မစ္ဆားတရား၊ တေးဂီတ၊ အပြစ် ဖြေ ခြင်း တို့နဲ့ ကျင်းပတဲ့နေ့မှာ သေဆုံးသူတစ်ဦးမျှ မရှိဟု မှတ်တမ်းတင်ထားသည်။ အဲဒီအဖြစ်အပျက်ကို ပန်း ချီ အနုပညာနဲ့ ပုံဖော်ပြသထားပါတယ်။ ပလိပ်ရောဂါသည်လည်း မကြာမီပင် မြို့တွင်းမှ လျော့ပါး သွားခဲ့ပါတယ်။

          ကာဂျက်တန်(Cajetan) အား ၁၆၇၁ တွင် ရဟန်းမင်းကြီး ဒဿမမြောက် ကလဲမင်း (Pope Clement X) မှ ရဟန္တာအဆင့်သို့ တင်မြှောက်ခဲ့သည်။ သူသည် အလုပ်လက်မဲ့များ၊ အလုပ်ရှာဖွေသူများ သာမ ကဘဲ အီတလီ၊ အာဂျင်တီးနား၊ ဘရာ(လ်)ဇီး၊ အယ်(လ်)စာ(လ်)ဗာဒေါ (El Salvador) အပါအဝင် မြောက် မြားစွာသော တိုင်းပြည်တို့အား ကာကွယ်မှိုင်းမသော ရဟန္တာဖြစ်သည်။ St. Cajetan ၏အသင်း ဂိုဏ်း၊ သီယေတင်း (The Theatines) တို့ဟာ အသင်းတော်ကို ဆက်လက် အစေခံနေကြပါတယ်။ အမေရိ ကန် ကိုလိုရာဒို (Colorado) ပြည်နယ်မှာ သီယေတင်း (Theatines) တွေဟာ ကျောင်း ထိုင် ရဟန်း များ အနေ နဲ့ အဓိက အစေခံမှုပြုနေကြပါတယ်။

စိန်ကာဂျက်တန်ထံ ဆုတောင်းမေတ္တာ

          ကြီးမြတ်လှသော ရဟန္တာကာဂျက်တန်၊ လူတကာ၏ ချီးမွမ်းခြင်းကိုခံရသော ကူညီထောက် ပံ့ပေး သောဖခင်၊ ကိုယ်တော့်ထံသို့ လာရောက်သူ လိုအပ်သူတိုင်းအား အံ့သြဖွယ်သော အကူအညီတို့ဖြင့် မစပေး ပါသည်။ ယနေ့၌ ကျွန်ုပ်သည် ကိုယ်တော့်ရှေ့၌ရပ်လျက် ကိုယ်တော်၏ လက်တော်၌ ယုံကြည်စွာ အပ်နှံ ထားသော တောင်းခံချက်များကို သခင်ဘုရားထံ၌ ဆက်ကပ်ပေးတော်မူပါ။ တောင်း လျှောက် ထားသော ကျေးဇူးတော်များသည် ကျွန်ုပ်အား ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ဖြောင့် မတ်ခြင်း တရား ကို သိမြင်နိုင်ရန်၊ “ကွင်းလယ်ပြင်မှ ပန်းများအား အလှဆင်ပေးသူ၊ ကောင်းကင်ယံမှ ငှက်များ အားဝ လင် ပြည့် လျှံအောင် ကျွေးမွေးသောသူ” ဘုရားရှင်အား သိမြင်နိုင်ရန် ကျေးဇူးတော်များကို တောင်း လျှောက် ပါ သည်။ အာမင်။

Translated by: Sr. Perpetua Nyein Nyein Loo, SJA (Cyprus)

Photo credit: St. Cajetan. Public domain

https://bit.ly/2Y5nglY

 

 

 

 

 

 

Add new comment

11 + 0 =