ကိုယ်တော်၏ အလိုတော်သည် ပြည့်စုံပါစေသောဝ်​

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်း

ကိုယ်တော်၏ အလိုတော်သည် ပြည့်စုံပါစေသောဝ်​
မတ်လ ၂၀၊ ၂၀၁၉

 

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်းတွင် ကောင်းကင်ဘုံ၌မေတ္တာမှ ကိုယ်တော်၏ အလိုတော်သည် ပြည့်စုံပါစေသောဝ် ​ဟူသောအချက်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ရှင်းပြသင်ကြားခဲ့ပါသည်။

 

ဘုရားသခင်က မသေချာမရေရာ တဲ့အရာမဟုတ်၊ ပဟေဠိ ဖုံးကွယ်ထားတာမဟုတ်ဘူး၊ ကမ္ဘာကြီးရဲ့အနာဂတ်ကို မသိနိုင်အောင်ပြုလုပ်ထားတာမဟုတ်ဘူး၊ ဘုရားသခင်ရဲ့အလိုဆန္ဒကို သခင်ခရစ်တော်ရဲ့စကားတွေမှာ သိရှိနိုင်တယ်၊ ဘုရားရဲ့ အလိုဆန္ဒက ပြောက်သောသူကို ရှာဖွေကယ်တင်ဖို့ဖြစ်တယ်။ ဘုရားသခင်က လူသားအယောက်တိုင်းစီကို ကယ်တင်ပေးဖို့ဖြစ်တဲ့ ဘုရားရဲ့ အလိုဆန္ဒကို ဘယ်လိုမျိုးမှ သံသယမဖြစ်ပါနဲ့။ ဘုရားရှင်က သူရဲ့ ချစ်ခြင်းမေတ္တာ ကြောင်းကျွနု်တော်တို့ရဲ့နှလုံးသားတံခါးကို ခေါက်ပြီး သူစီရောက်ဖို့ ကယ်တင်ခြင်းလမ်းစဉ်ကို လိုက်လျှောက်ဖို့ ဆွဲ​ဆောင်နေတယ်။ ကယ်တင်ခြင်းလက်ဖြင့် ဦးဆောင်ခေါ်ယူဖို့ ကျွနု်ပ်​တို့အယောက်တိုင်းစီရဲ့ အနီးနားမှာ ဘုရားရှင် ရှိနေတယ်၊ လူသားအယောက်တိုင်းစီနှင့် ကမ္ဘာကြီးတစ်ခုလုံးအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းစီမံကိန်​း ကောင်းမွန်စွာ ပြီးမြောက်ပြည့်စုံစေဖို့ ဦးညွတ်ပြီး အစေခံတစ်ယောက်လို ကျွနုပ်တို့ ဆုတောင်းကြတယ်၊ အဲ့ဒီဆုတောင်းခြင်းက ကိုယ်တော်ရဲ့အလိုတော် စီမံကိန်​း ပြီးမြောက်ဖို့ ပါပဲ။

ဘုရားသခင်ရဲ့ အလိုဆန္ဒက သူရဲ့ ချစ်ခြင်းမေတ္တာ မှာ ကျွနု်​ပ်တို့ကို အနှောင်အဖွဲ့ကင်းစွာ လွတ်လပ်နေစေချင်တယ်၊ ကမ္ဘာကြီးပေါ် မှာ ဘုရားရှင်ရဲ့အလိုဆန္ဒနဲ့ဆန့်ကျင်ဖက်ဖြစ်ပျက်နေတဲ့အရာတွေအမြောက်အများ ရှိနေချိန်မှာ ကိုယ်တော်၏ အလိုတော်သည် ပြည့်စုံပါစေသော ဟူသောဆုတောင်းမေတ္တာသည် လောကမကောင်းမူ​တွေကို တွန်းလှန်တိုက်ထုတ်ဖို့ အင်းအားဖြစ်စေသော ဆုတောင်းမေတ္တာ ဖြစ်တယ်။ ကောင်းကင်ဘုံ၌မေတ္တာ ဟာ ကမ္ဘာကြီးကို ချစ်ခြင်းမေတ္တာ ဖြင့်​ ​ပြောင်းလဲဖြစ်စေဖို့ လှုံ​ဆော်ပေးတဲ့ သခင်ခရစ်တော်ရဲ့ အဖခမည်းတော်အပေါ် မှာ ထားတဲ့မေတ္တာ တရားရဲ့ ဆုတောင်းစကားဖြစ်တယ်။

လူသားအားလုံးကယ်တင်ခြင်းခံရဖို့နဲ့၊ ဘုရားသခင်က မကောင်းမူတွေကို ကောင်းမူကုသိုလ်တွေကို ဖြစ်လာဖို့ ပြောင်းလဲ​ပေးနိုင်တယ်ဆိုတာကို ယုံကြည်စွာနဲ့ တို့ဆုတောင်းကြတယ်၊ ကိုယ်တော်အလိုရှိလျင် ဤ ခွက်ကို ကျွနု်​ပ်မှ ဖယ်ရှား​တော်မူပါ သို့​သော် ကျွ​နု်​ပ်၏ အလိုဆန္ဒမဟုတ် ကိုယ်တော်၏ အလိုတော်အတိုင်းဖြစ်ပါစေ အဖ ဟု ဂျက်ဆေမာနေ ဥယျာဉ် မှာ ခရစ်တော်ဆုတောင်းခဲ့တယ်။ ပြင်းထန်စွာ ခံစားရမယ့်​ဒုက္ခကို သိနေသော်လည်း ဘုရားရှင်၏ ချစ်ခြင်းမေတ္တာ ထဲမှာ မိမိဘဝတစ်ခုလုံးကို လွတ်လွတ်လပ်လပ် လုံးဝ နှစ်မြုပ်ပစ်ခဲ့တယ်။ ဘုရားသခင်ရဲ ချစ်ခြင်းမေတ္တာ ဟာ ဘယ်တော့မှ ကျွနု်​ပ်တို့ကို ပျက်​စီးစေဖို့ စွန်ပစ်ထားမှာမဟုတ်ဘူး၊ ဘုရားက ကျွနု်​ပ်တို့အနီးမှာ အထဲမှာ ဘေးမှာ အမြဲရှိနေတယ်၊ မျှှော်လင်ြ့ခင်းထက် ယုံကြည်ခြင်းက ပို​သေချာတယ် ဟုဟောကြားပြီး အတူတကွ ကောင်းကင်ဘုံ၌မေတ္တာ ကို ရွတ်ဆိုခဲ့ကြပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-francis-general-aud...

#pope, #generalaudience, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 6 =