Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကိုယ်တော်မြတ်သည်အလွန်ကွဲရှလွယ်သောကျွန်ုပ်တို့၏အမှတ်တရ များကိုကုသပေးသည်ဟုကိုယ်တော်မြတ်နေ့ပွဲတော်ကြီးမစ္ဆား၌ရဟန်းမင်းကြီးမိန့်ကြား
Pope at Corpus Christi Mass: Eucharist heals our fragile memory
ကိုယ်တော်မြတ်သည်အလွန်ကွဲရှလွယ်သောကျွန်ုပ်တို့၏အမှတ်တရ များကိုကုသပေးသည်ဟုကိုယ်တော်မြတ်နေ့ပွဲတော်ကြီးမစ္ဆား၌ရဟန်းမင်းကြီးမိန့်ကြား
ယမန်နေ့ (ဇွန်လ ၁၄) ရက်နေ့သည် ကိုယ်တော်မြတ်ပွဲတော်ကြီးတနင်္ဂနွေနေ့ဖြစ် သည်။ ရဟန်းမင်းကြီးက ကိုယ် တော်မြတ်သည်ကျွန်ုပ်တို့၏ထိလွယ်၊ ကွဲလွယ်သောအ မှတ်တညများကိုအဘယ်သို့ကုသပေးကြောင်း၊ ကျွန်ုပ်တို့အားလုံးကို ပျော်ရွှင်သောမူကို သယ်ပိုးသောသူများဖြစ်ရန်တိုက်တွန်းနေကြောင်းထောက်ရူခဲ့ပါသည်။ ပွဲတော်၏မစ္ဆားတ ရားကိုစိန့် ပီတာ ဘုရားကျောင်းဆောင်ကြီး၌ပူဇော်ခဲ့သည်။ ထိုမစ္ဆားပူဇော်ခြင်း၌ ဘာသာ တူ (၅၀) ခန့်ပါ၀င်ပူဇော်ခဲ့ကြသည်။ မစားပူဇော်ခြင်း အဆုံးပိုင်း၌ကိုယ်တော်ကောင်းကြီး မင်္ဂလာခံယူခြင်းဖြင့်အဆုံးသတ်ခဲ့ကြသည်။
အမှတ်တညသည်ကျွန်ုပ်တို့၏သမိုင်းကိုပို၍ကျယ်ပြောစေသည်။
ဩ၀ါ ထဲ၌ဘုရားသခင်၏ မရေမတွက်နိုင်သောကောင်းကြီးတော်များကိုအမှတ်ရ ရန်အရေးကြီးကြောင်း၊ အမှတ် တညမရှိခြင်းသည်အပင်၌လိုအပ်သောမြေဆီမြေနစ်များပို့ ပေးသောအမြစ်ကိုမြေကြီးမှနှုတ်လိုက်သကဲ့သို့ဖြစ်သွားမည်။ ထို့ နောက်ညှိုးနွမ်းသွေ့ ခြောက်သွားပြီး၊ လေအဝှေ့ ၌လွင့်ပါရုံသာရှိတော့မည်ဖြစ်သည်။ အမှတ်ရခြင်း သည်ကျွန်ုပ်တို့ကို အင် အားအလွန်ကောင်းသောကွန်ရက်သို့ချိပ်ဆက်ပေးပြီး၊ ပိုမိုကျယ်ပြန့်သောသမိုင်း၏ အစိတ် အပိုင်းအဖြစ်ခံစားလာစေပါသည်။ အမှတ်တညသည် ဘာနှင့်မျှမဆိုင်သောဖာတိဖာတာအရာမဟုတ်။ ကျွန်ုပ်တို့အားဘုရားသခင်နှင့်လည်း ကောင်း၊ အခြားသူ များနှင့်လည်းကောင်းပေါင်းစည်းစေသည်။ ကျွန်ုပ်တို့နှင့်ဘုရားသခင် ၏ဆက် နွယ်မူသည်မျိုးတစ်မျိုးမှတစ်မျိုး ဆီသို့နှုတ် တိုက်လက်ဆင့်ကမ်းလာခဲ့ကြောင်းကိုသမ္မာကျမ်းစာဖော်ပြနေသည်။
ချစ်ခြင်း၏အမှတ်တည
ထိုကွန်ရက်ချိပ်ဆက်မူပြတ်တောက်သွားသောအခါအဘယ်သို့ဖြစ်သွားသနည်း။ ကျွန်ုပ်တို့၏ အမှတ် တညသည် အဘယ်မျှလွယ်ကူစွာမေ့ပျောက်သွားတတ်သည်ကိုဘုရား သခင်ကောင်းစွာသိသည်။ ထို့ကြောင့်ကျွန်ုပ်တို့အား အမှတ်တ ညများချန်ထားပေးခဲ့သည်။ ထိုအမှတ်တညများသည်စကားနှင့်အမှတ်လက္ခဏာများထက်ပို၍စွဲမြဲစေသည်။ ထိုအ မှတ်တ ညကား ‘ဘုရားသခင်သည်စားစရာကိုပေးထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုစားစရာ၏အရသာကိုခံစားဖူးသော ကျွန်ုပ်တို့အနေဖြင့်အလွယ်တကူမေ့ပျောက်သွားမည်မဟုတ်။ သူသည်ကျွန်ုပ်တို့အားမုန့်ကိုပေးထားခဲ့သည်။ ထိုမုန့်သည် အမှန်တကယ် တည်ရှိပြီး၊ အသက်လည်းရှိသည်။ ထို့မုန့်သည်သူ၏ချစ်ခြင်းအနံ့ အသက်စုံပါ၀င်သည်။ ကိုယ်တော်မြတ် သည်အမှတ်ရအောက်မေ့စေရုံသက်သက်မဟုတ်ပါ။ ၄င်းသည်အမှန်တ ကယ်ဖြစ်သည်။ မစ္ဆားတရားပူဇော်ခြင်း ၌ယေဇူး သခင်၏သေခြင်းနှင့်ရှင်ပြန်ထမြောက် ခြင်းသည်ဖော်ပြလျှက်ရှိ၏။
လွှဲချောသောအမှတ်တည
ကျွန်ုပ်တို့၏အမှတ်တညများကိုအားနည်းဖျော့တော့စေသောအကြောင်းတရားသုံး ခုရှိပြီး၊ ထိုအကြောင်းတရားကို ကိုယ်တော်မြတ်ကကုသပေးသည်။ အရေးအကြီးဆုံးမှာ ယေဇူးသခင်၏သွေးတော်အသားတော် ပူဇော်ခြင်းသည်လွဲချော် နေသောအမှတ်တညများ ကိုကုသပေးသည်။ ‘လူအတော်များများသည်မိမိတို့ချစ်ရ၊ ကြင်နာရမည့်သူများမှထိုမေတ္တာအ ကြင်နာမျိုးမရှိခဲ့။ ခါးသီးစိတ်ပျက်ဖွယ်ရာများသာကြုံခဲ့ရသောအမှတ်တညများ ကြောင့်ခံစားချက်အတွေးများ ချွတ်ချော် စေသည်။ ဘုရားသခင်သည်ထိုနာကျင်မူ ထက် ကြီးမားသောချစ် ခြင်းကိုကျွန်ုပ်တို့၏ဘ၀၌ထည့်သွင်းပေးကာကုသပေးသည်။ ကိုယ် တော်မြတ်သည်ခမည်းတော်ဘုရား၏သစွာတည် ကြည်သောချစ်ခြင်းကိုယူဆောင်လာပေးသည်။ ထိုချစ်ခြင်းသည် ကျွန်ုပ်တို့၏အစွန့်ပစ်ခံသည့်ခံစားချက်မျိုးကိုကုစားပေးသည်။ ကျွန်ုပ်တို့၏စိတ်နှလုံးထဲသို့သန့်ရှင်း သော ဝိညာဉ်တော် ၏ နှစ်သိမ့်ခြင်းဖြင့်ဖြည့်ဆည်းပေးသည်။
အကျိုးမပြုသောအမှတ်တည
ကိုယ်တော်မြတ်သည်အကျိုးမပြုသောကျွန်ုပ်တို့၏အမှတ်တညကိုလည်းကုသပေး သည်။ ထိုကုထုံးသည်ကျွန်ုပ်တို့ ၏ပြသာနာနှင့်အမှားကိုသာဆုံမှတ်ပြုထား သည်။ ကျွန်ုပ် တို့သည်ဘုရားသခင်ရှေ့မျက်မှောက်၌တန်ဖိုးရှိသည်။ သူနှင့်အတူ လက်ရည်တစ်ပြင် တည်းစားပွဲတော်၌စားခွင့်ရှိသည်။ ဤသို့ခွင့်ပြုခြင်းမှာဘုရားသခင်သည်ရက်ရော၍သာမ ဟုတ်။ သူ သည် ကျွန်ုပ်တို့ကိုအမှန်တကယ်ချစ်မိနေ၍ဖြစ်သည်။ ကျွန်ုပ်တို့၌ရှိနေသောအလှနှင့် ကောင်းမြတ်ခြင်းကိုသူကိုယ်တိုင်မြင်တွေပြီး၊ ချစ်သောကြောင့်ဖြစ်သည်။ ကိုယ်တော် မြတ်သည်ကျွန်ုပ်တို့အား၀မ်းနည်းခြင်းကိုကာကွယ်ပေးသည်။ အဘယ်ကြောင့် ဆို သော် ကျွန်ုပ်တို့၏အကျိုးမပြုသောအမှတ်တညအားပိုးသတ်ဆေးဖြန်းပေးသည်။ သို့ဖြင့်ကျွန်ုပ် တို့သည်ပြုပြင်ပြောင်း လဲ၍ ဘုရားသခင်ကိုသယ်ဆောင်ပေးသူ၊ ပျော်ရွှင်ခြင်းကိုသယ် ဆောင်ပေးသူများဖြစ်လာသည်။
ပိတ်လှောင်နေသောအမှတ်တည
နောက်ဆုံးအနေဖြင့်ကိုယ်တော်မြတ်သည်ပိတ်လှောင်နေသောကျွန်ုပ်တို့၏ အမှတ်တညကိုကုသပေးသည်။ ကျွန်ုပ် တို့၏ အမှတ် တည၌စွဲထင်နေသောဒဏ်ရာများ သည်ကျွန်ုပ်တို့အားတစ်ပါးသူအပေါ်ကြောက်စိတ် နှင့်သံသယစိတ်ကိုပွား လာစေသည်။ ထို အကျိုးအဆက်ကြောင့်ကျွန်ုပ်တို့သည်တစ်ဦးတည်းထီးထီးကြီးနေထိုင်လာသည်။ ထိုသို့ နေခြင်းဖြင့် ကျွန်ုပ် တို့သည်အထက်ပါအခြေအနေကိုထိန်းသိမ်းနိုင်မည်ဟုမှားယွင်းစွာမျှော်လင့်နေသည်။ ထိုအထင်မှာလက်တွေ့မကျသော အတွေးသက်သက်ဖြစ်နေသည်။ အဘယ် ကြောင့်ဆိုသော်ချစ်ခြင်းမှတစ်ပါးကြောက်စိတ်ကိုမကုစားနိုင်။ အမြစ်ပြတ်မနုတ် ပစ်နိုင်။ ကျွန်ုပ်တို့၏အထဲ၌ပိတ်လှောင်နေမူကိုရုန်းမထွက်နိုင်ပေ။ ယေဇူးသခင်ကျွန်ုပ်တို့ထံသို့ အလွန်နူးညံ့သိမ်မွေ့သော မုန့်အဆင်းသဏ္ဍာန်အောက် ၌ကြွလာသည်။ သူသည်ကျွန်ုပ်တို့ အားဖုံးအုပ်ထားသောအကြေးခွံမာနှင့်တူသောအတ္တကိုရိုက်ခွဲ ပစ်လိုက်သည်။ ကျွန်ုပ်တို့၏ နှလုံးကိုကာစီးပြီး၊ မလှုပ်မရှားနိုင်အောင်ဖြစ်စေ သောအကာကိုလည်းထုခွဲပစ်လိုက်သည်။ သူ့ ကိုယ်သူအလွန်ရိုးရှင်းမုန့်အဆင်းကိုယူသည်။ အသုံးမကျသောအမူကိစွများဖြင့်ကျွန်ုပ် တို့၏အသက်တာကို မဖြုန်းတီး မိရန် တိုက်တွန်းနေပါသည်။ ကိုယ် တော်မြတ်သည်ကျွန်ုပ် တို့၏ ရုပ်၀တ္ထုဆာလောင်မွတ်သိပ်မူကိုအာသာပြေစေသည်။ အစေခံ လိုစိတ်ကိုထွန်းညှိ ပေးသည်။
ဆက်နွယ်သောဝေမျှခြင်း
ရဟန်းမင်းကြီးဖရန်စစ်သည်သူ၏ဩဝါဒကို ‘ကိုယ်တော်မြတ်သည်ကျွန်ုပ်တို့အား အရာအားလုံးနှင့်ချိပ် ဆက်ပေး သည်။ ကိုယ်တော်မြတ်ထဲ၌ ယေဇူးသခင်သည်ကျွန်ုပ်တို့ နှင့်နီးအောင်တိုးလာသည်။ ကျွန်ုပ်တို့လည်းမိမိနှင့်နီးစပ် သူများထံမှရှောင်မပြေးကြပါနှင့်’ ဟုတိုက်တွန်းအဆုံးသတ်ခဲ့ပါသည်။
ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment