ကိုယ်တော်မြတ်စက္ကရ်မင်တူး ပွဲ​တော်နေ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် ဟောကြားသော သြဝါဒ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဦးဆောင်ပူဇော်သော ကိုယ်တော်မြတ်စက္ကရ်မင်တူး ပွဲ​တော်နေ့ မစ္ဆားတရား

ကိုယ်တော်မြတ်စက္ကရ်မင်တူး ပွဲ​တော်နေ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် ဟောကြားသော သြဝါဒ
ဇွန်လ ၂၃၊ ၂၀၁၉

ရောမမြို့Casal Bertone အရပ်၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဦးဆောင်ပူဇော်သော ကိုယ်တော်မြတ်စက္ကရ်မင်တူး ပွဲ​တော်နေ့ မစ္ဆားတရား တွင် ကောင်းကြီးမင်္ဂလာ ပေးကြပါ လိုအပ်နေသောသူများကို ဝေမျှကြပါဟူသော အကြောင်းကို ဟောကြားခဲ့ပါသည်။

တစ်ယောက်နှင့် တစ်ယောက် မင်္ဂလာပေးခြင်းဟာ ကောင်းမြတ်မူ​တွေကို စီးဆင်းစေခြင်းဖြစ်တယ်၊ အချင်းချင်းကူညီရိုင်းပင်ကြခြင်း၊ အထူးသဖြင့် လိုအပ်သူကို ကူညီပေးခြင်းအားဖြင့် မိမိမှာရှိသမျှ အရာတွေကို ပွားများစေကြပါ။ ပြောကြားခြင်း နှင့် ပေးကမ်းခြင်းဟာ တို့ဘဝ မှာ အရေးပါတဲ့အရာဖြစ်တယ် ဒီကနေ့ ကိုယ်တော်မြတ်စက္ကရ်မင် တူး ပွဲ​တော်နေမှာ အဲ့ဒီအချက်ကို ထောက်ရှု့ကြည်ကြပါစို့၊

ပြောကြားခြင်း ပြောဆိုခြင်းဆိုတာ ကောင်းကြီးမင်္ဂလာ ဝေမျှခြင်းကို ဆိုလိုခြင်းဖြစ်တယ်၊ အရာရာအားလုံးကို ကောင်းကြီးမင်္ဂလာ နှင့်စတင်ခြင်း၊ ကောင်းမွန်သောစကားကို ပြောဆိုခြင်းဟာ ကောင်းမွန်သော သမိုင်းတစ်ခုကို ဖော်ဆောင်ခြင်းဖြစ်တယ်။ ကောင်းမွန်စွာပြောဆိုခြင်း ကောင်းကြီးမင်္ဂလာ ပေးခြင်းဟာ မိမိကိုယ်ကိုကိုယ်ထက် တစ်ပါးသူအတွက် ကိုယ်က ကောင်းတာလုပ်ပေးလိုက်ခြင်းပါပဲ။ ။ ကောင်းကြီးမင်္ဂလာ ပေးခြင်းဟာ ချစ်ခြင်းမေတ္တာ နှင့်ပြောဆိုခြင်းဖြစ်တယ်။ ကိုယ်တော်မြတ်စက္ကရ်မင်တူး ဟာ ကောင်းကြီးမင်္ဂလာ ရဲ့ ကျောင်းတော်ကြီးပါပဲ။ ဘုရားကတို့ကို ကောင်းကြီးမင်္ဂလာ တွေပေးသနာခြင်းအားဖြင့် ရှေ့ဆက်လျှောက်လှမ်းနေဖို့ခွန်အားတွေဖြစ်စေတယ်။

အမျက်ဒေါသတွေ၊ စော်ကားပြောဆိုခြင်းတွေ ကို အလွယ်တကူပြုမူနေကြသော သူများအတွက် ဝမ်းနည်းရပါတယ်။ ကိုယ်တော်မြတ်စက္ကရ်မင်တူး ကိုပင်ယူတဲ့အခါမှာ ကောင်းမြတ်မူ ချစ်ခြင်းမေတ္တာ စသည့်ချိုမြမူ​တွေနဲ့ပြည့်ဝစေတာပါ ဒါကြောင့် ကျွနုပ်တို့ ရဲ့ နှလုံးသားတွေ တပါးသူတွေရဲ့ နှလုံးသားတွေကို ခါးသီးမူ​တွေနဲ့မပြည့်ဝပါစေနဲ့။
ငါတို့တတွေဟာ ညည်း​တွားပြစ်တင်ပြောဆိုဖို့ ဖန်းဆင်းခံထားရတာမဟုတ်ဘူး ကောင်းကြီးပေးဖို့၊ ကောင်းခြင်းမင်္ဂလာဝေမျှဖို့ ဖန်ဆင်းခံထားရတာဖြစ်တယ် ဒါကြောင့် ချီးမွမ်းခြင်း၊ ကောင်းမူ​ဝေမျှခြင်းတွေကို နှစ်သက်​မြတ်နိုးရမယ်။

သခင်ခရစ်တော်က လူထောင်ပေါင်းများစွာကို ပေါင်မုန့် နဲ့ငါးအနည်းငယ်ကို ပွားများစေပြီး ကျွေးခဲ့တယ်။ ဒါဟာ ဘုရားရဲ့တန်ခိုးတော်ဖြစ်တယ် မျက်လှည့်ပြတာမဟုတ်ဘူး၊ ဒီနေရာမှာ သခင်ခရစ်တော်က အဖခမည်းတော်​အပေါ်မှာအပြည့်အဝ ယုံကြည်တာကို ဖော်ပြနေတယ်။ အဲ့တာကြောင့် ဒီပါမုန့်ငါးလုံး ငါးနှစ်ကောင်ဟာ ကုန်ခမ်း​မသွားခဲ့ဘူး၊ ပိုလို့သာများပြားသွားစေခဲ့တာ၊ သခင်ခရစ်တော်က တို့ကို ပေးကမ်းတတ်​ဖို့သင်ကြားနေတယ်၊ တို့မှာရှိတဲ့အရာက အကန့်အသတ်​ရှိတယ်၊ ဘုရားသခင်နဲ့ပေါင်းစပ်လိုက်ရင် အကန့်အသတ်​မဲ့ဖြစ်လာတယ်၊ တို့မှာရှိတဲ့အရာလေးတွေကနေ တိုးပွားများပြားတဲ့အသီးအပွင့်တွေဖြစ်လာကြဖို့ ပေးကမ်းတတ်​ကြရမယ်။ ကိုယ်တော်မြတ်စက္ကရ်မင်တူးမှာ ဘုရားကိုတို့တွေ့ရတယ်၊ အဲ့ဒါကိုက တို့ကို ဝေမျှတတ်​ဖို့ အလင်းပေးနေခြင်းပဲဖြစ်တယ်။

သက်​အကြီးရွယ်အိုတွေ အထီးကျန်စွာ အသက်ရှင်နေရတယ်၊ လူငယ်တွေ အသက်ဆက်နေရဖို့ ခြစ်ခြုတ်ကုပ်ကပ်နေကြရတယ် အဲ့ဒါ​တွေက ပျက်စီးခြင်းနှင့် လစ်လှူရှု့ခြင်းရဲ့ရလဒ်တွေဖြစ်တယ်၊ အဲ့ဒီမှာ ချစ်ခြင်းမေတ္တာ နှင့် ဂရုစိုက်မူကို တောင်းတနေသူတွေအများကြီးရှိနေတာကို သတိမူကြပါ။ သခင်ခရစ်တော်က ငါတို့မှာရှိတာလေးတွေနဲ့ အများအကျိုးဖြစ်ထွန်းအောင် အသုံးပြုကြဖို့တိုက်တွန်းနေတယ်။ သခင်ခရစ်တော်က လူတွေခွန်အားဖြစ်စေဖို့ နုတ်တော်ထွက်စကားတွေနဲ့ ကောင်းကြီးပေးခဲ့တယ်၊ ဒါကြောင့်တို့တတွေလည်း တို့ရဲ့ စကားလုံးများအားဖြင့် ကောင်းခြင်းမင်္ဂလာဝေမျှနိုင်သူတွေဖြစ်ရမယ်။ ။

https://www.vaticannews.va/en/pope/news/2019-06/pope-francis-mass-casal-...

#pope, #homily, #corpuschristi, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

12 + 0 =