ကိုဗစ် (၁၉) နှင့် ပတ်သက်၍ ရဟန်းမင်းကြီးညွှန်ကြား

ကိုဗစ် (၁၉) နှင့် ပတ်သက်၍ ရဟန်းမင်းကြီးညွှန်ကြား

ကိုဗစ် (၁၉) နှင့်ပတ်သက်၍ ရဟန်းမင်းကြီးညွှန်ကြား

မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ဦးစီး၍ကိုဗစ် (၁၉) နှင့်ပတ်သက်၍အောက်ခြေပြည်သူများ၏အသံကို နားထောင်၍ ပြည်သူများကိုအဘယ်သို့အထိရောက်ဆုံးကိုင်တွယ်နိုင်မည့်နည်း
လမ်းကိုတိုက်ရိုက်ညွှန်ကြားလျှက်ရှိသည်။ ရဟန်းမင်းကြီးလည်း ကိုဗစ် (၁၉) နှင့်ပတ်သက်၍ကမ္ဘာသူကမ္ဘာသားများကိုညွှန်ကြားပေးလျှက်ရှိသည်။ ထိုညွှန်ကြားချက်၌သာမန်လူများ၊ မိသားစု၊ လူ့အသက်ကို စောင့်ရှောင်ကာကွယ်သောရုံးတော်ကသက်ကြီးရွယ်အိုများအားပိုမိုဂရုစိုက်စောင့် ရှောက် ပေးရန်အခြေအနေဖန်တီးပေးနေသည်။ အထူးသဖြင့် ယခုကဲ့သို့အရေးပေါ်ကပ်ဘေးရောဂါကြေညာထား သောအချိန်မျိုး၌ပိုမိုဂရုစိုက်ရန်အင်္ဂါနေ့ကလူမှုကွန် ရက်ပေါ်တွင်တင်ပေးလိုက်သောစာ စောင်တွင်မြွတ် ကြားထားသည်။ ထိုစာစောင်၌ ကျွန်ုပ်တို့၏ဂရုစိုက်မူနှင့်ကျေးဇူးတရားသည်ယနေ့သက်ကြီးရွယ်အိုများအားသတိ ရမိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ဘ၀၌ ကူဖော်လောင်ဖက်လျှောက်လှမ်းပေးခဲ့သည့်အနစ်နာခံမှုကိုအမိသာသနာတော်ကြီးကအနည်းငယ်သောမိခင်မေတ္တာကို၄င်း တို့တစ်ဦးစီထံသို့ပြန်လည်တုန့်ပြန်ခြင်းဖြစ်သည်။

အထီးကျန်မူ

ကိုဗင် (၁၉) သည်သက်ကြီးရွယ်အိုများအားပြင်းပြင်းထန်ထန်မထိခိုက် ခဲ့သော်လည်း လူသားတို့ အားစောင့်ရှောက်ကာကွယ်သောရုံး တော်မှအထူးဂရုပြုသည်မှာသက်ကြီးရွယ်အိုများ၏အထီးကျန်မူ ကြုံတွေ့ခံစားရမည်ကိုဖြစ်သည်။ အထီးကျန်မှုသည်ရောဂါဖြစ်နိုင်သည်။ သို့သော်ချစ်ခြင်းမေတ္တာ၊ နီးနီး ကပ်ကပ်ရှိမူ၊ ဝိညာဉ်ရေးအင်အားပြည့်၀မူများသည် ထိုအထီးကျန်မူကိုကုစားပေးနိုင်သည်။ အထီး ကျန်မူသည် လက်ရှိကူးစက်ရောဂါကြောင့်ဖြစ်ပေါ်လာရသည်။ ထို့ကြောင့်သက်ကြီးရွယ်အိုများအားစွန့် ပစ်မထားမိစေရန်လူ့ဘ၀စောင့်ရှောက်ကာ ကွယ်ရေး ရုံးတော်မှအတတ်နိုင်ဆုံးအထူးဂရုပြုညွှန်ကြား လုပ်ဆောင်နေခြင်းဖြစ်သည်။ လတ်တလောအခြေအနေ၌ထိုလုပ်ဆောင်မူသည် ဆက်လက်လုပ် ဆောင် နေသည်။

အတူတကွ မျှဝေ ခံစားမှု ကွန်ရက်

ကူးစက်ရောဂါကြောင့်သက်ဆိုင်ရာအာဏာပိုင်၏ထုတ်ပြန်ကြေညာချက်များသည် အိမ်သို့သွား ရောက်လည်ပတ်ခြင်းမပြုနိုင်သော် လည်း လူ့အသက်စောင့်ရှောက်ကာကွယ်ရေးရုံးတော်မှမူအချင်းချင်း အနီးကပ်ရှိနေနိုင်ရန်နည်းလမ်းသစ်များကိုကြိုးစားရှာဖွေပေးနေပါသည်။ အ ဘယ်ကြောင့်ဆိုသော်မိမိ တို့ချစ်ရသူများ၏အနား၌ရှိနေရန်ဖြစ်သည်။ ဤမျှထက်ပို၍လုပ်ဆောင်ရန်တွန်းအားပေးနေသည်။ ၄င်း တို့မှာသက်ကြီး ရွယ်အိုများအတွက်ဆုတောင်းပေးခြင်း၊ အထီးကျန်သည့် ဝေဒနာခံစားနေရာသူများ အားအနား၌ရှိနေအောင်ကြိုးစား၍ ကုသပေးခြင်း၊ အခြား သောအရာများနှင့်အတူတကွချိပ်ဆက​ေဝေမျှ ခံစားခြင်းတို့ဖြစ်သည်။ ကျွန်ုပ်တို့၏လိုအပ်မှု ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေကာကွယ်စောင့် ရှောက် ခံခဲ့ရသကဲ့သို့သက်ကြီးရွယ်အိုများအားလည်းကာကွယ်ပေးရမည်။ သက်ကြီးရွယ်အိုများအား၄င်းတို့ ချည်းအထီးကျန်စွာပစ်မထားရ။ အဘယ်ကြောင့်ဆိုသော်အထီးကျန်သည့်အခြေအနေ၌ကိုရိုနာဗိုင်းရပ်စ် သည်လူ့အသက်ကိုစောလျင်စွာသေစေသည်။

လူနေတိုက်ခန်းများ၌နေထိုင်သူများ

လူနေတိုက်ခန်းများ၌နေထိုင်သူများအားပို၍ဂရုစိုက်ကြရန်ရုံးတော်မှတိုက်တွန်းထားသည်။ အ ဘယ်ကြောင့်ဆိုသော်တစ်ခုခုဖြစ်လျှင် ၄င်းတို့အားကူညီရန်စီစဉ်ထားပေသောအကူများအဘယ်မျှစေတနာရှိစေကာမူ ၄င်းတို့နှင့်
ထိတွေ့ရန်အလွန်ခက်ခဲသည်။ လက်ရှိကျွန်ုပ်တို့ကြု တွေ့နေရသောအခြေအနေအဘယ်မျှခက်ခဲရှုပ်ထွေးစေကာမူအထပ်မြင့်လူနေတိုက်ခန်းများတွင်တစ်ကိုယ်တည်းနေထိုင်သောသက်ကြီးရွယ် အိုများ၊ အထီးကျန်သူများ၊ နေထိုင်မကောင်းသူများကိုကယ်ရန်မှာပထမဦးစားပေးကယ်ထုတ်ရမည့်သူများဖြစ်သည်။ သက်ကြီးရွယ်အိုများသည် လက်ရှိနှင့်အနာဂါတ်၏သာသနာဖြစ်သည်။

မကြောက်ကြနှင့်

ကလေးသူငယ်များနှင့်မြေးများ၊ အကူအညီပေးသူများနှင့်လုပ်အားပေးများအားချစ်သောစိတ်ဖြင့် မြင်တွေ့ရသည်မှာ၄င်းတို့ သည်ပြန် လည်ရှင်သန်လာသည်။ ယေဇူးသခင်၏အသက်မဲ့ခန္တာကိုစျာပန ဝိနည်းများနှင့်အညီမပြင်ဆင်ပေးခဲ့ရ။ အဘယ်ကြောင့်ဆိုသော် ဥပုသ် နေ့စတင်တော့မည်ဖြစ်သည်။ ဥပုသ်နေ့အလွန်ယေဇူးသခင်၏သချိုင်းသို့သွားကြသောအမျိုးသမီးများထံမှသနားကြင်နာတတ်စိတ်ကို မြင်တွေ့ နိုင်သည်။ သို့သော်ထိုအမျိုးသမီးများသည်အဖြစ်အပျက်အမှန်ကိုမျက်ဝါးထင်ထင်မြင် တွေ့လိုက်ရသောအခါထိတ်လန့်သွားကြသကဲ့သို့၊ လက်ရှိရောဂါဆိုးကြီး၏အခြေအနေကြောင့် ထိတ်လန့်ကောင်းထိတ်လန့်သွားပေမည်။ လိုအပ်သောအကာအကွယ်များယူထားဆင်ဆင်ခြင်ခြင်ယူထားပါကထိုမျှကြောက်စရာမလိုဘဲ၊ ယေဇူးသခင်၏ကြင်နာခြင်းကိုပြသနိုင်ပေမည်။ ထို့အတူ အသက်မဲ့နေသောယေဇူးသခင်အား စျာပနဝိနည်းများပြုလုပ်ရန်လိုအပ်သည်ဟုခံစားမိ၍အဘယ်သူမျှမသွားသော် လည်း၄င်းတို့သွားခဲ့သကဲ့သို့ ယနေ့ရဟန်းမင်းကြီးရုံးတော် (dicastery) ကလည်း ဤသို့ပြုလုပ်ခြင်းသည်ရောဂါကူးစက်နိုင်ခြေရှိသော်လည်းအမှန်တကယ် အကူအညီနှင့်ဂရုစိုက်မူလိုအပ်သူများနှင့်ထပ်တ​ေဝေမျှခံစားရန်
လိုအပ်သည်ဟုခံစားရပါသည်။ တစ်နည်းဆိုသော်ယေဇူးသခင်၏သ ချိုင်းသို့သွားကြသောအမျိုးသမီးများအား ထိုနေရာ၌ စောင့်ရှောက်နေသောသိကြားမင်းမိန့်ကြားသကဲ့သို့ မကြောက်နှင့်လာ၍ကြည့်ကြဟုဖိတ်ခေါ်ခဲ့သကဲ့ သို့ကျွန်ုပ်တို့လည်းယုံကြည်စွာဖြင့် အကူအ ညီလိုအပ်နေသူများအားသွားရောက်ကြည့်ရှပေးရမည်။

ဆုတောင်းရန်ဖိတ်ခေါ်နေ

ရဟန်းမင်းကြီး၏ရုံးတော် (dicastery) မှစာစောင်၌ ကမ္ဘာပေါ်ရှိသက်ကြီးရွယ်အိုများ၊ အဖိုး အဖွားများအတွက်ဆုတောင်းပေးရန်၊ သူတို့အနီးအပါးသွားနိုင်လျှင်သွား၍အတူတကွဆုတောင်းရန်၊ မသွားရောက်နိုင်လျှင်ဆုတောင်းခြင်း၌ လည်းကောင်းတို့အားသတိရဆုတောင်းပေးရန်၊ ဖြစ်နိုင်လျှင် ပိုမိုလက်တွေ့ကျကျဖော်ဆောင်ခြင်းဖြင့်သက်ကြီးရွယ်အိုများသည်အထီးကျန်ခြင်းမှလွှတ်ကင်းအောင် ကြိုးစားလုပ်ဆောင်ရန်မှာ ကမ္ဘာသူကမ္ဘာသားတိုင်းအားဖိတ်ခေါ်တိုက်တွန်းရင်းနိဂုံးချုပ်ထားပါသည်။

ဘာသာပြန်
ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3e9J59l

 

Add new comment

1 + 3 =