ကားတိုင်အောင်မြင်ခြင်းပွဲ အမှတ်တရအဖြစ် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ လက်ဝါးကားတိုင် အခု လေးသောင်း ဘာသာဝင်များနှင့် ကြွရောက်လာသည့် လူထုပရိတ်သတ်အား ဝေပေး

လက်ဝါးတိုင် အခု လေးသောင်း အား ဆုတောင်းစာနှင့်တွဲလျက် တနင်္ဂနွေနေ့ အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် ဘာသာဝင်များနှင့် ကြွရောက်လာသည့် လူထုပရိတ်သတ်အား ဝေပေးခဲ့ပါသည်။

ကားတိုင်အောင်မြင်ခြင်းပွဲ အမှတ်တရအဖြစ် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ လက်ဝါးကားတိုင် အခု လေးသောင်း ဘာသာဝင်များနှင့် ကြွရောက်လာသည့် လူထုပရိတ်သတ်အား ဝေပေး
စက်တင်ဘာလ ၁၆၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-angelus-cru...

#pope, #angelus, #beopened, #help, #peterkm,
Photo credits to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ပြီးခဲ့သော စက်တင်ဘာလ ၁၄ ရက် သောကြာနေ့ကကျင်ပခဲ့သော ကားတိုင်အောင်မြင်ခြင်းပွဲ အမှတ်တရအဖြစ် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ငွေဖြင့်ပြုလုပ်ထားသော လက်ဝါးတိုင် အခု လေးသောင်း အား ဆုတောင်းစာနှင့်တွဲလျက် တနင်္ဂနွေနေ့ အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် ဘာသာဝင်များနှင့် ကြွရောက်လာသည့် လူထုပရိတ်သတ်အား ဝေပေးခဲ့ပါသည်။
လက်ဝါးတိုင် သည် ဘုရားသခင်၏ အဆုံးမဲ့ ချစ်ခြင်းမေတ္တာကို သခင်ခရစ်တော်၌ ဖော်ပြသော အမှတ်အသား ဖြစ်ကြောင်း၊ ယင်းလက်ဝါးကာတိုင်အမှတ်အသားကို သင်တို့၏ သားသမီးများ အဖိုးအဖွားများ သင်တို့မိသားစုအခန်းတွင် တရိုတသေထားရှိကြရန်၊ လက်ဝါးကားတိုင်သည် သာမန်အမှတ်အသားတခုမဟုတ်၊ တရားဘာဝနာထောက်ရှုရန်၊ ဆုတောင်းမှုပြုရန် ဘာသာရေးအမှတ်အသားတခုဖြစ်ကြောင်း၊ သေးငယ်သော လက်ဆောင်ဖြစ်သော်လည်း တန်ဖိုးမဖြတ်နိုင်သော ဘုရား၏ ချစ်ခြင်းမေတ္တာကို ဖော်ပြနေသော အမှတ်အသားတစ်ခုဖြစ်ကြောင်း၊ ပြောကြားခဲ့ပါသည်။

 

Add new comment

7 + 2 =