ကာဒီနယ်အသစ်များအား “ဘုရားသခင်၏ လမ်းတော်၌နေရန်” တိုက်တွန်း

ကာဒီနယ်အသစ်များအား “ဘုရားသခင်၏ လမ်းတော်၌နေရန်” တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး “ဖရန့်စစ်” သည် ကာဒီနယ်အသစ်များအား “ဘုရားသခင်၏ လမ်းတော်၌နေရန်” တိုက်တွန်းခဲ့သည်။

ပုပ်ရဟန်းမင်းကြီး “ဖရန်စစ်” သည် စနေနေ့တွင် အသစ်တင်မြောက်ခဲ့သော ကာဒီနယ်များအား “ဘုရားသခင်၏ လမ်းတော်သို့ ခရီးသွားခြင်းမှ လမ်းလွဲမသွားရန်” တိုက်တွန်းခဲ့သည်။ အဆိုပါ ကာဒီနယ်များဝတ်ဆင်သော အနီရောင်အဝတ်အစားမှာ “သွေး” ၏ သင်္ကေတဖြစ်၍ သူက “လောကလူသားအဘို့ လောကီရေးရာ ထင်ပေါ်ကျော်ကြားခြင်း၏ ‌အရောင်ဖြစ်လာနိုင်ကြောင်း” မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး “ဖရန့်စစ်” သည် စနေနေ့တွင် ကမ္ဘာ့ ၈ နိုင်ငံမှလာကြသော ကာဒီနယ် အသစ် ၁၃ ပါးကို တင်မြောက်ရာမှ ၇ ကြိမ်မြောက် သူ၏ ပုပ်ရဟန်းမင်းဆက်ခံရာကာလ၏ အများနှင့် ဆိုင်ရာ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည်။ သူသည် ယေဇူးအား ဂျေရုဆလင်သို့ ချဉ်းကပ်စဉ် သူ၏ နှိမ့်ချခြင်း၊ ဒုက္ခခံထမ်းခြင်း၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပြောသော “ရှင်မာကု” ဧဝံဂေလိကျမ်းမှ စာပိုဒ်ကို မှတ်ချက်ပေးခဲ့သည်။ ထိုစဉ် “ယာကုပ်” နှင့် “ယောဟန်” သည် သခင်ယေဇူး ဘုန်းတော်ဂုဏ်တော် စံစားသောအခါ အခွင့်ထူးတစ်ခုပေးရန် တောင်းခံခဲ့သော် သခင်ယေဇူးက ထိုညီအစ်ကိုနှစ်ဦးအား သူတို့သည် သခင်ခရစ်တော်ကဲ့သို့ အခြားသူများ၏ အစေခံများဖြစ်ရန်နှင့် သူခံထမ်းမည့် ဒုက္ခဝေဒနာကို ခံထမ်းရန် အသင့်ရှိဖို့ မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက မိန့်ကြားထားသည်မှာ “ဂျေရုဆလင်မြို့သို့ သွားသောလမ်းသည် ခရစ်တော်နှင့်အတူ ခရီးသွားသော ယေဇူး၏ ပါစကား နက်နဲရာအချက် ဖြစ်သည့် အသက်နှင့်ကယ်တင်ခြင်းလမ်းဖြစ်သည်။ လက်ဝါးကပ်တိုင်နှင့် ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့သမိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ “ယနေ့” ဖြစ်သော်လည်း ကျွန်ုပ်တို့အနာဂတ်ခရီး၏ ရည်မှန်းချက်လည်း ဖြစ်သည်။ “ယေဇူးသည် မိမိတပည့်တော်များ၏ အံ့အားသင့်ခြင်းနှင့်၊ ကြောက်ရွံ့ခြင်းကို လှစ်လျူရှုမထားသည့်အပြင် သူတို့လမ်းခရီး၌ ကြုံရမည့် ဒုက္ခအခက်အခဲများကြား သူနှင့်အတူ ရှိနေနိုင်ရန် ပြင်ဆင်ပေးခဲ့သည်”။

“ယေဇူး၏လမ်းတော်ကို ထိန်းသိမ်းခြင်း”

“ဂျိမ်းစ်” နှင့် “ဂျွန်” က သူသည် “ယေဇူး၏ လမ်းမဟုတ်ဘဲ အခြားလမ်းမကို လိုချင်သည်။ ကျွန်ုပ်တို့ အားလုံးသည်လည်း ယေဇူးသခင်ကို ချစ်ကြ၍ နောက်‌တော်သို့ လိုက်ချင်ကြသည်။ ကျွန်ုပ်တို့ခန္ဓာကိုယ်သည် တို့သူနှင့်အတူ ရှိနိုင်သော်လည်း စိတ်နှလုံးသားသည် ဝေးသောအရပ်သို့ လျှောက်သွားတတ်သည်။ “ရဟန်းတို့ဘဝ၌ အကျင့်ပျက်ခြစားမှု အမျိုးအစားများစွာ” ကို စဉ်းစားကာ သွေး၏အရောင်ဖြစ်သော ကာဒီနယ်တို့၏ သင်္ကန်းအနီရောင်သည် လောကစိတ်ဓာတ်အရ လောကီရေးရာ “ထင်ပေါ်ကျော်ကြားခြင်း” ၏အရောင် ဖြစ်လာနိုင်သည်။ ထိုကဲ့သို့သောပုဂ္ဂိုလ်သည် လူများနှင့်ရင်းနှီးသော အသင်းခေါင်းဆောင်မဟုတ်တော့ဘဲ မိမိအလိုသာ “ထင်ပေါ်ကျော်ကြားမှု” မျှသာဖြစ်သည်ကို ခံစားရလိမ့်မယ်။ သင်တစ်ဦးတစ်ယောက်သာလျှင် ထင်ပေါ်ကျော်ကြားသည်ဟူ၍လည်း ခံစားလိမ့်မည်။ ထိုသို့ ခံစားရခြင်းသည် သခင်ဘုရား၏ လမ်းတော်မှ ဝေးကွာသွားခြင်းကြောင့် ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်မှာ “သခင်ယေဇူးနှင့် တပည့်တော်တို့၏လမ်းသည် မဆုံစည်းနိုင်ကြောင်း၊ “သခင်ယေဇူး တပါးတည်းသာလျှင် လက်ဝါးကပ်တိုင်နှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် လမ်းလွဲသွားသော သူ၏ သူငယ်ချင်းများကို ကယ်တင်နိုင်သည်”။ ပုပ်ရဟန်းမင်းကြီးနှင့် ကာဒီနယ်များဖြစ်ကြ‌သော ကျွန်ုပ်တို့သည် ဤအမှန်တရားကို သုံးသပ်လျက် မိမိကိုယ်ကို တွေ့မြင်ရမည်ဖြစ်သည်။ ၎င်းသည် ထက်သောဓားဖြစ်၍ ထိရှစေပြီး၊ နာကျင်ခြင်းကို ဖြစ်စေသည်။ သို့သော် ၎င်းသည် ကျွန်ုပ်တို့အား ကုသခြင်းပေး၍၊ လွတ်မြောက်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ဖြစ်စေသည်။ ပြောင်းလဲခြင်းဆိုသည်မှာ “ဘုရားရှင်၏ လမ်းတော်မှ လွဲသွားခြင်းမှတဆင့် ဘုရားသခင့်လမ်းတော်သို့ ခရီးပြုခြင်းကို ဆိုလိုသည်”။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3mucVtd

Add new comment

7 + 11 =