ကလေးအနာဂတ်အတွက် မိဘ နှင့် ဆရာလက်တွဲပါ

ကက်သလစ်အသင်းတော် သွန်သင်ချက်နှင့်အညီ မိသားစုများအရေး၊ ကလေးငယ်များပညာရေးများကို လုပ်ဆောင်နေသော အီတလီ မိသားစုများအသင်း

ကလေးအနာဂတ်အတွက် မိဘ နှင့် ဆရာလက်တွဲပါ
စက်တင်ဘာလ ၇၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-parents.html

#parent, #teacher, #pope, #meet, #children, #education, #peterkm,
Photo credits to VATICANNEWS
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာလ ၇ သောကြာနေ့ ရဟန်​းမင်းကြီး ဆဌမမြောက် ပေါလ် ခန်းမတွင် ကက်သလစ်အသင်းတော် သွန်သင်ချက်နှင့်အညီ မိသားစုများအရေး၊ ကလေးငယ်များပညာရေးများကို လုပ်ဆောင်နေသော အီတလီ မိသားစုများအသင်း နှစ် ၅၀ ပြည့်ကျင်းပသောပွဲတက်ရောက်လာသူများအား မိဘ နှင့် ဆရာ လက်တွဲအလုပ်လုပ်ကြရန် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ပြောကြားခဲ့ပါသည်။
ကလေးငယ်အနာဂတ်အတွက် မိဘ နှင့်ဆရာ လက်တွဲလုပ်ကိုင်သော စနစ်သည် အရေးကြီးသည်​။ သို့သော် သတိထားစရာ တချို့မှာ မိဘတို့သည် ဆရာများ အခန်းကဏ္ဍ ကို အသိအမှတ်ပြုမှုအားနည်းကြသည်​။ စာသင်ကျောင်း ဆရာ ဆရာမ များအပေါ် မလိုအပ်ဘဲ မိဘတို့၏လွှမ်းမိုးမှုများပြီးပူပေါင်းလုပ်ဆောင်မှုမဟုတ်သော အရာများကြောင့် ကလေးငယ်များကို ထိခိုက်စေနိုင်​သည်​။ ထို့အတွက် အတူတကွပူတွဲးလုပ်ဆောင်ဖို့လိုကြောင်းပြောကြားခဲ့ပါသည်။
အီတလီ မိသားစုများအသင်း၏ လုပ်ဆောင်နေမှုများကိုလည်း ချီးကျူးပြောကြားခဲ့ပါသည်။
ဆရာ ဆရာမများသာမရှိလျှင် ယနေ့ခေတ်၏ အပြောင်းလဲ မြန်ဆန်မှုအောက်တွင် မိဘများ ကလေးသူငယ်များကို မည်သို့ မည်ပုံပညာ​ပေးကြမည်နည်း၊ အလွန်အင်မတန် စွန့်စားရပါလိမ့်မည်။
စာသင်ကျောင်းသည် မိဘ အစား​နေရာမဟုတ်။ မိဘဆရာ ပေါင်းစည်းရာ ပြည့်စုံစေသောနေရာဖြစ်ပါသည်။ သို့အတွက် မိဘဆရာ အပြန်အလှန် ဆက်သွယ်မှုများ အတူတကွ လက်တွဲလုပ်ဆောင်မှုများ​သော ကလေးငယ်များအနာဂတ်အတွက် အလွန်အရေးပါသော အချက်ဖြစ်သည်​။ ယင်းကဲ့သို့ ဆက်သွယ်ဆက်ဆံရေး အတူတကွလုပ်ဆောင်ရေး မရှိလျှင် လူ့အဖွဲ့အစည်းပင် ပျောက်ကွယ်နိုင်၍ မိဘဆရာ နှစ်ဦး နှစ်ဖက်ယုံကြည်မှု့ဖြင့် ကလေးငယ်များအနာဂတ်ကို ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းခဲ့ပါသည်။
ဗာတီကန်းသတင်းဌာနမှ ကောက်နုတ်​​ဖော်ပြပါသည်။

 

Add new comment

3 + 17 =