ကလေးငယ်များကို ကယ်တင်ပါ၊ ကလေးငါးယောက်မှာ တစ်ယောက်ဟာ စစ်ပွဲများ၏ ဒဏ်ကိုခံစားနေကြရပါတယ်

စစ်မက်ဖြစ်ပွားနေသော ဒေသတွင် နေထိုင်နေကြရသော ကလေးငယ်များ

ကလေးငယ်များကို ကယ်တင်ပါ၊ ကလေးငါးယောက်မှာ တစ်ယောက်ဟာ စစ်ပွဲများ၏ ဒဏ်ကိုခံစားနေကြရပါတယ်
မတ်လ ၁၅၊ ၂၀၁၉

နိုင်ငံတကာ ဥပဒေများကို လိုက်နာသော အရပ်ဒေသများတွင်ဖြစ်ပေါ်နေသော ပဋိပက္ခများ ကြောင့် ဒုက္ခရောက်ကြရသည့် ကလေးငယ်များအရေအတွက်မှာ နှစ်စဉ်တိုးပွားလာနေကြောင်း ကမ္ဘာကလေးငယ်များကယ်တင်ရေး ကရုဏာ အဖွဲ့အစည်းမှ ဖော်ပြထားပါသည်။

 

ကမ္ဘာစစ်ကြီးဟာ ပုံစံတစ်​မျိုးနဲ့ဖြစ်ပေါ်တိုက်ခိုက်နေလျက်​ ယင်အ ပတိပက္ခများ ကြောင့် မြောက်များလှစွာသော ကလေးငယ်များသည်​ ဓါးစာခံ များဖြစ်နေရကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ မကြာခဏ ကမ္ဘာကြီးကို သတိပေးနေသည်​။ ယင်းဖြစ်ပျက်နေမူများကို ကမ္ဘာ့ကလေးငယ်များကယ်တင်ရေး ကရုဏာ အဖွဲ့အစည်းမှ နှစ်ပေါင်းနှစ်ဆယ်ကျော်​ ကြာ တိုက်ပွဲများကြား စစ်မက်ဖြစ်ပွားနေသောဒေသများမှ ကလေးငယ်များ၏ အခြေအနေများကို ထုတ်ဖော်ပြသပေးလိုက်ပါသည်။ ကလေးငယ်များအပေါ်တိုက်ခိုက်နေသော စစ်ပွဲများရပ်ကြပါ ၂၁ ရာစု ပြသနာများမှ ကလေးငယ်များကို ကာကွယ်ကြပါ ဟူသော ခေါင်းစဉ်ဖြင့် ၂၀၁၇ နှစ် စစ်မက်ဖြစ်ပွားနေသော နယ်​များတွင်နေထိုင်နေကြရသော ကလေးငယ်များ သန်းပေါင်း ၄၂၀ သန်းရှိကြောင်း နှင့် ယခုနှစ်တွင် သန်းပေါင်းသုံးဆယ်ခန့် ထပ်တိုးလာကြောင်း ကလေးငါးယောက်မှာ တစ်ယောက်ဟာ စစ်ပွဲများ၏ ဒဏ်ကိုခံစားနေကြရကြောင်း ဗာတီကန် လက်ထောက်သတင်းထောက် Keyan Salarkia မှ ဖော်ပြထားပါသည်။

 

စစ်မက်ဖြစ်ပွားနေသော ဒေသတွင် နေထိုင်နေကြရသော ကလေးငယ်များ၏ အခြေအနေသည် စွန့်စားရုန်း​ကန် အသက်ရှင်နေရသော အခြေအနေများနှင့်ကြုံတွေ့​နေရကြောင်း၊ စစ်မက်ဖြစ်ပွားနေသောနိုင်ငံဆယ်နိုင်ငံ စစ်တမ်းကောက်ယူခဲ့ရာ လွန်ခဲ့သော ငါးနှစ်အတွင်းမှာ စစ်ပွဲ​ကြောင့် ကလေးငယ် ပေါင်း ၅ သိန်းခန့်သေဆုံးခဲ့ရကြောင်း၊ တိကျ​သော သတင်းများအရ စစ်ပွဲများကြောင့် အသက် ငါးနှစ်ပင်မပြည့်သောကလေးငယ် ရှစ်သိန်း ခုနှစ်သောင်း သေဆုံးခဲ့ပြီး၊ စစ်ပွဲဒဏ်ကြောင့် ဒဏ်ရရသောကလေးသူငယ်များလည်း ပိုမိုတိုးပွားလာကြောင်း Salarkia မှ ဖော်ပြထားပါသည်။

 

ရီမင်၊ ဆီးရီးယား၊ တောင်ဆူတန်၊ နိုင်ဂျီးရီးယား၊ အာဖဂန်နစ်စတန်၊ အလယ်ပိုင်း အာဖရိက၊ ကွန်ဂို၊ အီရတ်၊ မာလီ၊ ဆိုမားလီးယား နိုင်ငံဆယ်နိုင်ငံကို အတင်းအဓမ္မ သွေး​ဆောင်ဖြားယောင်းခြင်း၊ လိမ်မူအကြမ်းဖက်ခြင်း၊ လက်နက်ကိုင် သောင်းကြမ်းသော နိုင်ငံများ အနီရောင်ဒေသ အဖြစ် ကုလသမ္မဂ မှ သတိပေးထားပါသည်။

 

~ နိုင်ငံတကာဥပဒေများကို လိုက်နာကြဖို့၊ စာသင်ကျောင်းများ ဆေးရုံးဆေးခန်းများ ကိုဗုံးကြဲတိုက်ခိုက်မူများ မပြုလုပ်ကြရန်​

~ အကူအညီအကာကွယ် အခွင့်အလမ်းများကို စိတ်ထင်ရာလျှောက်ပြီး မငြင်းပယ်ကြရန်​

~ တာဝန်ခံမူ တာဝန်ယူမူရှိကြရန်​နှင့် ​အကြမ်းဖက်တိုက်ခိုက်ခံရသော နေရာများတွင်၊ တရားမျှတစွာ စီရင်ဆုံးဖြတ်ကြရန်​

~ စစ်မက်ဖြစ်ပွားနေသော ဒေသတွင် နေထိုင်နေရသော ကလေးငယ်များအတွက် နည်းလမ်းသစ်များ ရှာဖွေကူညီကယ်ဆယ်ကုသပေးကြရန်​

စသည့်အချက်များကို ကမာ့္ဘခေါင်းဆောင်များ နှင့် ဥပဒေပြု ပုဂ္ဂိုလ် များတက်ရောက်သော ဂျာမနီနိုင်ငံ မြူးနစ် လုံခြုံ​ရေးကောင်စီ အစည်းအဝေးတွင် ဗာတီကန် လက်ထောက်သတင်းထောက် Keyan Salarkia မှ တင်ပြ ဆွေးနွေးခဲ့ပါသည်။

 

https://www.vaticannews.va/en/world/news/2019-02/save-the-children-confl...

#savechildren, #war, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

7 + 3 =