ကရုဏာရေးလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းမဟုတ်

၂၁ ကြိမ်မြောက် နိုင်ငံတကာ ကရုဏာ​ရေးအဖွဲ့အစည်း ညီလာခံတွင် မေလ ၂၇ တနင်္လာနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် အမှာစကားပြော

ကရုဏာရေးလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းမဟုတ်
မေလ ၂၇၊ ၂၀၁၉

လေးနှစ်တစ်ကြိမ် တိုးတက်မူ့များ စမ်းစစ်ခြင်း၊ ပေါ်လစီ အသစ်များဖြည့်စွက်ပြင်ဆင်ခြင်း၊ ကရုဏာ​ရေးအဖွဲ့အစည်းများ မဟာမိတ်ဖွဲံလုပ်ကိုင်ခြင်း နှင့် နောက် လေး နှစ်အတွက် ကြိုတင် စီမာန်ကိန်းစွဲခြင်းများ ပြုလုပ်ရန် ကိုယ်စလှယ် အဖွဲ့ဝင် သုံးရာတက်ရောက်ပြီး လွန်ခဲ့သော အပတ်ကတည်းက (တစ်ခုတည်းသော အဖွဲ့အစည်း တစ်ခုတည်းသော မိသားစု) ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်လျှက်ရှိသည့် ၂၁ ကြိမ်မြောက် နိုင်ငံတကာ ကရုဏာ​ရေးအဖွဲ့အစည်း ညီလာခံတွင် မေလ ၂၇ တနင်္လာနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် အမှာစကားပြောကြားခဲ့ပါသည်။

ကရုဏာရေးလုပ်ငန်း၊ ကရုဏာထား သနားကြင်နာခြင်းဆိုတာ ဘုရားသခင်စီကနေ အစပြုလာတဲ့အရာဖြစ်တယ်၊ သူရဲ့အနှစ်သာရဟာ လည်း ဘုရားစီကလာခြင်းဖြစ်တယ်၊ အဲ့တာကြောင့်ကရုုဏာရေးလုပ်တဲ့နေရာမှာ၊ ပေးကမ်းကူညီတဲ့နေရာမှာ ကိုယ်စိတ်နှလုံး တည်ငြိမ်သွားအောင် (ငါစိတ်ချမ်းသာခြင်လို့ ပေးတာ)မျိုး မဖြစ်ဖို့ ဘုရားကို ချစ်လို့ လူကို ချစ်လို့ ပေးခြင်းမျိုး ဖြစ်ရမယ်။ ကရုဏာ​ရေး လုပ်ငန်းကို ဝန်ဆောင်မှု တစ်ခုလို့သာ မြင်မယ်ဆိုရင် အသင်းတော်ကြီးဟာ ထောက်ပံရေးပစ္စည်း ပေးဝေသည့် ဌာနတစ်ခု၊ လူမူ့ကူညီရေး အသင်းတစ်လောက်သာဖြစ်နေလိမ့်မယ် ဆိုတာ သတိထားပါ။

ပြည့်ဝသော ဖွံဖြိုးတိုးတက်မူ့ ဆိုတဲ့အရာက ခွဲခြားဆက်ဆံခံရမူ့များ၊ အလေအလွင့်ဖြစ်စေသော အလေ့အထများကို တိုက်ဖျက်သည့် ဖြေဆေးတစ်ခုကဲ့သို့ အသုံးပြုကြရမယ်၊ ဆင်ရဲသားများဟာလည်း ဘုရား၏ ရွေပုံသဏ္ဍန်တော်နှင့် ဖန်ဆင်းခံထားရသော တို့လိုလူသားများပြဲဖစ်တယ်ဆိုတာကို အခြေခံထားပါ။ ဆင်းရဲသားများကို နှိမ်ချခြိုးနှိမ်ခြင်းဟာ သင်တို့ရဲ့ ဘာသာတရား ဝိညာဉ်ရေးရာ မပြည့်စုံမူ့ကို ဖော်ပြနေတယ်ဆိုတာသတိထားပါ။ သူတို့ဘုရားသခင်ကို လိုအပ်တယ် အဲ့တာကြောင့် ဘုရားရားရှင်ရဲ့ကောင်းကြီးမင်္ဂလာများ၊ ချစ်ခင်ရင်းနှီးမူ့များ၊ သူ၏ နုှတ်​ကပတ်တော်များကို တို့က ဝေမျှပေးကြရမယ်။

သခင်ခရစ်တော်၌ တလုံးတဝတည်းရှိခြင်းမှာ သာသနာတော်၏ ကရုနာရေးလုပ်ငန်းဟာ တည်ငြိမ်ခိုင်မာလာမယ်၊ အတူတကွလျှောက်လှမ်းလာနိုင်တယ် ပြီးတော့ ပိုမိုသက်ဝင်လှုပ် ရှာလာတယ်။ အသင်းတော်ရဲ့ ကူညီထောက်ပံ့ခြင်း ကရုနာလုပ်ငန်းဟာ အဲ့ဒီနည်​းလမ်းအားဖြင့် သာသနာတော်ရဲ့ အနှစ်သာရ နှင့် နှလုံးသားကို ဖော်ဆောင်သော မြင်တွေ့နိုင်သည့် စည်းလုံးခြင်းအမှတ် လက္ခဏာ တစ်ရပ်အဖြစ်လာတယ်။

ဆင်းရဲသားများ နှင့် အပြန်အလှန် ရင်းနှီးကြွမ်းဝင်မူ့မရှိပဲ သင့်ရဲ့ ကရုနာရေးလုပ်ငန်းဟာ ရှင်သန်လို့မရပါဘူး၊ ဒါ့အပြင် အဲ့ဒီ ကရုနာရေး လုပ်တဲ့နေရာမှာ ကိုယ်စိတ်နှလုံး သုံးပါးလုံးပါဝင်နေရမယ်၊ ကရုဏာရေးကို အခြေခံပြပြီး လှည့်ဖြားကောက်ကျစ်တက်သော၊ သူတော်ကောင်းယောင်ဆောင်လုပ်သော ကရုဏာရေးအလှုရှင်တွေနဲ့၊ အကျိူးအမြတ်ကြည့်သည့် အဖွဲ့အစည်းများ နဲ့ လုပ်ကိုင်တဲ့သူတွေ ကို သတိထားကြဖို့၊ ကရုဏာရေးလုပ်တယ်ဆိုတာ ဘုရားရှင်ရဲ့ ကရုဏာတရားကို အတုယူနိုင်ရအောင် အလင်းပေးတဲ့ ပါရမီတစ်ခုကို ပြင်းပြစွာ ဆာလောင်သော ဆန္ဒတစ်ခုဖြစ်တယ်။

ကရုဏာရေးလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းမဟုတ်ဘူး၊ ကရုဏာရေးအကြောင်းတွေ အများကြီးပြောပြီး စည်​းစိမ်ယစ်မူးနေကြသူတွေ၊ ကြရုဏာရေးအကြောင်းပြ အစည်းဝေးတွေဖန်တီးပြီး ငွေတွေဖြုံးတည်းနေသူတွေ တွေရဲ့ လူမြင်မကောင်းသော လုပ်ရပ်များအတွက် သတိပေးခဲ့ပါသည်။ ကရုဏာရေးလုပ်ငန်းဟာ အတွေးအခေါ်တစ်ခုမဟုတ်၊ တရားရှိသည့်ဟုခံစားစေသော ခံစားချက်လည်းမဟုတ်၊ ဆင်းရဲသားတွေမှာ သခင်ခရစ်တော်ကို တွေ့ကြုံခံစားရစေသော အဖြစ်အခြေအနေတစ်ခုဖြစ်တယ်ဆိုတာကို သတိရှိကြဖို့ ၂၁ ကြိမ်မြောက် နိုင်ငံတကာ ကရုနာရေးအဖွဲ့အစည်း ညီလာခံတွင် မေလ ၂၇ တနင်္လာနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အမှာစကားပြေားကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-to-caritas-internat...

#pope, #caritas, #charity, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

5 + 3 =