ကယ်တင်ခြင်းသမိုင်း၌ ကျွန်ုပ်တို့၏ ကညာစင်မာရီယား၏ အခန်းကဏ္ဍ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် ကယ်တင်ခြင်းသမိုင်း၌ ကျွန်ုပ်တို့၏ ကညာစင်မာရီယား၏ အခန်းကဏ္ဍနှင့် မယ် တော်မှ သားတော်ယေဇူး၏ "ကယ်တင်ခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင်ခြင်း" ဟူ၍ ဖော်ပြသော ဂုဏ်ပုဒ်၏ အသုံးအနှုန်းကို ရှင်းပြခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက“ မေရီသည် မိခင်တစ်ယောက်ဖြစ်သောကြောင့် သူမသည် ကျွန်ုပ်တို့ကို ကူညီ၍ ကာကွယ်ပေး သည်။" ဟူ၍ မိန့်ကြားခဲ့သည်။

မယ်တော်သည် နတ်ဘုရားမ မဟုတ်။ ကယ်တင်ရှင်လည်း မဟုတ်ခဲ့ပေ။ သို့သော် ကျွန်ုပ်တို့အတွက် မိခင်တစ်ဦးအဖြစ် ရပ်တည်ပေးသည်။ သားသမီးများသည် မိမိတို့မိခင်အား ချစ်စဖွယ် ဂုဏ်ပုဒ်များဖြင့် ဖွဲ့နွဲ့၍ ခေါ်ဆိုတတ်သကဲ့သို့ ခရစ် ယာန်တို့သည်လည်း မယ် တော် မာရီယားအား လှပ သော ဂုဏ်ပုဒ်များကိုပေးကြသည်မှာ အမှန်ပင်ဖြစ်သည်။

သားဖြစ်သူသည် သူအလွန်ချစ်ရသော မိခင်အား လှပ သောစကားလုံးများဖြင့် မည်မျှပင် ခေါ်ဆိုမည်နည်း။ မည် သို့ပင် ဖွဲ့နွဲ့လိမ့်မည်နည်း။ သို့ သော် ကျွန်ုပ်တို့သတိထားရမည်မှာ အသင်းတော်နှင့် ရဟ န္တာများမှ မယ်တော်အား ခေါ်ဆိုသောအရာများသည်သခင်ခရစ်တော်၏ တစ်ခုတည်းသော ထူးခြားသောကယ်တင်ခြင်းမှ သွေဖယ်၍မရပါ။

သခင်ခရစ်တော်သည် တစ်ဦးတည်းသောရွေးနှုတ်သော သ ခင်ဖြစ်သည်။ ထိုသို့ မယ်တော်အား ဂုဏ်ပြုခြင်းသည် ပုံကြီးချဲ့ဖွဲ့နွဲ့ထားသော်လည်း ၄င်းတို့သည် သားဖြစ်သူက မိခင်အပေါ် ထားရှိသော သူ၏ ချစ်ခြင်းမေတ္တာကို ဖော်ပြရာ၌ ခေါ်ဆို‌သော အရာများဖြစ် သည်။ သို့သော် ချစ်ခြင်းမေ တ္တာသည် ကျွန်ုပ်တို့ကို ပိုမိုကျယ်ပြန့်သော အရာများကို လုပ်ဆောင်ရန် လမ်းညွှန်သဖြင့် ၎င်းတို့သည် ချစ်ခြင်းမေတ္တာမှဆင်းသက်လာကြသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မယ်တော်သည်သခင်ယေဇူးကို ကာလ်ဝါရီတောင်ပေါ်၌ သားတော်ယေဇူးနှင့်အတူ လိုက်ပါခဲ့ပုံကို ပြန်လည် မြွက် ကြားခဲ့သည်။ ထိုနည်းတူစွာ၊ မယ်ရီသည်ရောဂါကူးစက်ခံနေရချိန်တွင် တစ်ဦးတည်းသေဆုံးသွားကြသူများနှင့် အတူလိုက်ပါပေးသည်။

မေရီသည် ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်းကျွန်ုပ်တို့နှင့်အတူ ရှိနေပြီး ချစ်ခင်ရသော မိတ်ဆွေ၊ ဆွေမျိုးသားခြင်းများနှင့် ဝေးနေရသည့် သူများ၊ လူ့ဘဝခရီးကို အထီး ကျန်စွာ ဖြတ်သန်းနေရသူများနှင့် အတူ နီးကပ်စွာ ရှိနေ သည်။ ထိုသူတို့နှင့်အတူ မယ်ရီသည် မိခင်တစ်ဦးပမာ ရပ် တည်နေခဲ့ပြီး သူမထံသို့ တောင်းသည့်ဆုသည် မည်သည့်အခါမျှ အလဟဿ မဖြစ်ခဲ့ပေ။

ရဟန်းမင်းကြီးသည် ပိုလန်နိုင်ငံရှိယုံကြည်သူများနှင့် တွေ့ဆုံရာ၌ နှုတ်ခွန်းဆက်မိန့်ကြားသောအခါ ပိုလန်နိုင်ငံတွင် လူထုနှင့် ဘာသာရေးနေ့များ မည်သို့ ကျင်းပခဲ့ပုံကို ဖော်ပြခဲ့သည်။

ကမ္ဘာတဝှမ်းလုံးတွင် လူ့ဘ၀ ၏ တန်ဖိုးသည် ဘဝ၏ အဆင့်တိုင်း၊ အခြေအနေတိုင်း ၌ လူတို့၏ အသိတရား၊ မိ သားစု၊ အသင်းတော်နှင့်လူ့အ ဖွဲ့အစည်းတို့တွင် အသစ်ပြန် လည်ဖြစ်ပေါ်လာရန် ဆု တောင်းကြပါ။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် မကြာသေးမီက နိုင်ဂျီးရီးယား၌ တိုက်ခိုက်မှုအတွင်း အသတ်ခံရသည့် လူ ၁၃၀ ကျော်နှင့် သြစတြေးလျ၌ အ ကြီးအကျယ်ရေကြီးမှုများ၊ စသည့် ဒုက္ခဆင်းရဲခြင်းများ သည် သူ့အား စိတ်ထိခိုက်စေခဲ့ကြောင်း နှင့် ထိုသူတို့အတွက် အောက်မေ့သတိရဆုတောင်းပေးလျက်ရှိကြောင်း မိန့်ကြားခဲ့ပါသည်။

ဘာသာပြန်-Sr.Lucy Ciang,SJA

Photo courtesy of: Rome Reports/Google Images

https://bit.ly/2OX98Jt

Add new comment

14 + 2 =