ကယ်တင်ခြင်းဆိုတာ ဘုရားပေးတဲ့လက်ဆောင် ဝယ်ယူရတဲ့အရာမဟုတ်

အပတ်စဉ်တွေဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း

ကယ်တင်ခြင်းဆိုတာ ဘုရားပေးတဲ့လက်ဆောင် ဝယ်ယူရတဲ့အရာမဟုတ်
မေလ ၂၉၊ ၂၀၁၉

အပတ်စဉ်တွေဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်းတွင် တမန်တော်ဝတ္ထုအကြောင်းကို အခြေခံပြီး ယုံကြည်သူတို့၏ အသက်တာ၌ ဝိညာဉ်တော်ဘုရားနှင့် နုတ်​ကပတ်တော် တို့သည် အဓိက ဇာတ်ဆောင်များဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဟောကြားခဲ့ပါသည်။

နုတ်​ကပတ်တော် သတင်းကောင်းဝေမျှသူတွေရဲ ယုံကြည်ခြင်းကို သက်သေခံခြင်း၊ ထိုသူတို့အား သန့်ရှင်းသော ဝိညာဉ်တော်ဘုရားမှ အလင်းကျေးဇူးများ သွန်းလောင်းချပေးပုံ နှစ်ခုအကြားကြီးမားသော ဆက်နွယ်မူ့နှင့် နုတ်ကပတ်တော် ပျံနှံသွားပုံအကြောင်းများကို ဒီတမန်တော်ဝတ္ထုမှာ ဖော်ပြထားတာကို တွေ့ရမယ်။ ဝိညာဉ်တော်ဘုရား နှင့် နုတ်ကပတ်တော်တို့ဟာ ဒီတမန်တော်ဝတ္ထုရဲ့ အဓိက ဇတ်ဆောင်တွေဖြစ်တယ်။ နုတ်​ကပတ်တော်မျိုးစေ့ဟာ ကြားနာသူတွေရဲ့နှလုံးသားမြေပြင်မှာကြဲချပေးတယ် သို့သော် ကြဲချသူ၏ အပြောအဟော​ကောင်းခြင်းကြောင့် အဓိကမဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ လုပ်ဆောင်မူ​ကြောင့်သာ ရှင်သန်ကြီးထွားလာကြခြင်းဖြစ်တယ်။

သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ကျေးဇူးတော်က ကိုနဲ့ထိုက်တန်လို့လည်းမဟုတ်၊ ကိုယ်လုပ်ယူလိုရတဲ့အရာလည်းမဟုတ်ပါဘူး။ အဲ့တာက ဘုရားက အလကားသက်သက်ပေးတဲ့လက်ဆောင်ဖြစ်တယ်။ ဘုရားက အရာရာအားလုံးကို တို့အတွက် အလကားပေးထားတာဖြစ်တယ်။
ကယ်တင်ခြင်းဆိုတာ ဘုရားပေးတဲ့လက်ဆောင် ဝယ်ယူရတဲ့အရာမဟုတ်ဘူး။ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းခံကြရမယ်ဆိုတဲ့ အဖဘုရားသခင်ရဲ့ကတိတော်ကို မယ်တော်နဲ့ တပည့်​တော်ကြီးတွေ စောင့်မျှော်နေခဲ့ကြသလို တို့တတွေစောင့်မျှော်နေကြရမယ်။

မယ်တော်နဲ့ တပည်တော်ကြီးတွေက စိတ်အားထက်သန်စွာ ဆုတောင်းပြီးတော့​မျှော်လင့်နေခဲ့ကြတယ် အဲ့လိုဆုတောင်းခြင်းက သူတို့ကို တလုံးတဝတည်းဖြစ်စေပြီး နှောက်ယှက်ခြင်းတွေ သံသယတွေကို ကျော်လွှားနိုင်စေခဲ့ပြီး သူတို့ရဲ့နှလုံးသားတွေကို စည်းလုံးခြင်းမှာ ပွင့်လင်းလာစေခဲ့တယ်။

ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်​သူမြတ်မှ မေလ ၃၀ ရက်နေ့ဟာ သခင်ခရစ်တော် ကောင်းကင်ဘုံ တက်ကြွတော်​မူသော ပွဲ​နေ့ဖြစ်တယ် ဆိုတာသတိရကြပါ။ သခင်ခရစ်တော် မကြာခဏပြောကြားခဲ့တယ် ငါသင်တို့ကို မိဘမဲ့များကဲ့သို့ပစ်ထားမည်မဟုတ် ငါသင်တို့စီသို့ပြန်လာမည်၊ ကျွနု်ပ်တို့တတွေဟာ သခင်ခရစ်တော် ရဲ့ မိတ်ဆွေများဖြစ်ကြလျှင် ကျွနု်ပ်တို့တတွေဘယ်သောအခါမျှ ပစ်ထားခြင်းခံရသည် ဟု ခံစားရမှာမဟုတ်ဘူး သူဟာကျွနု်ပ်တို့နဲ့ အမြဲရှိနေတယ်ဆိုတာကို သိရှိခံစားနေကြရမှာဖြစ်ပါတယ် ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-at-audience-salvati...

#pope, #generalaudience, #actoftheapostles, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 12 =