ကယ်လွန်သွားသောဝိညဉ်များအတွက် ဆုတောင်းရာနေ့ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် သြဝါဒ

Laurentino သင်္ချိုင်း၌ ရဟန်းမင်းကြီး ဦးဆောင်၍ ကွယ်လွန်သူများအတွက် ငရဲငယ်မှာခံစားနေရသောဝိညဉ်များအတွက် မစ္ဆားတရား ပူဇော်ပေး
ကယ်လွန်သွားသောဝိညဉ်များအတွက် ဆုတောင်းရာနေ့ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် သြဝါဒ
နိုဝင်ဘာ ၂၊ ၂၀၁၈

နိုဝင်ဘာ ၂ ရက် ကွယ်လွန်သူများအတွက် ဆုတောင်းပေးရသောနေ့တွင် ရောမမြို့စံတော်ချိန် ညနေ ၄ နာရီတွင် ရောမမြို့တောင်ဖက် ၁၃ ကီလိုမီတာ အကွာရှိ Laurentino သင်္ချိုင်း၌ ရဟန်းမင်းကြီး ဦးဆောင်၍ ကွယ်လွန်သူများအတွက် ငရဲငယ်မှာခံစားနေရသောဝိညဉ်များအတွက် မစ္ဆားတရား ပူဇော်ပေးခဲ့ပါသည်။
ယနေ့ဟာ ကျွနုပ်တို့ ဘဝ မူလအစ ကို ပြန်လည်အောက်မေ့ရာနေ့တစ်နြေ့ဖစ်သလို၊ ဘုရား၏ ချစ်ခြင်းမေတ္တာ ကို မျှော်လင့်နေကြသော ကျနုပ်တို့၏ မျော်လင့်ချက်ကိုဖော်ဆောင်ပေးရာ နေ့တနေ့လည်းဖြစ်ပါသည်။
ခရစ်ယာန်အသက်တာအသက်ရှင်ခြင်းမှာ ဘဝအတွက် အလင်း၊ မျှော်လင့်ချက် နှင့် အမှတ်တရ ဆိုသည် အချက်သုံးချက်ကို အခြေခံ၍ ဟောကြားခဲ့ပါသည်။
ဘဝအတွက် အလင်းဆိုတာ သခင်ခရစ်တော်သွန်သင်ခဲ့တဲ့ စိတ်နှလုံးဖြူစင်ခင်း၊ နှိမ်ချခြင်း၊ နှုးညံ့သိမ်မွေခြင်း သနားကြင်နာခြင်း စသည့် မင်္ဂလာ တရားတော်တွေဟာ လမ်းမှန်သို့ အလင်းပြပေးတဲ့ ဘဝရဲ့ အလင်းရောင်တွေဖြစ်တယ်၊
မိသားစုအမှတ်တရများ၊ ဘဝအမှတ်တရ တွေကို မမေ့မပျောက်သိမ်းထားတတ်ကြပါတယ်။ ယင်းအချက်က လူသားတွေအတွက် မျှော်လင့်ချက်တစ်ခု ရှိနေတယ်ဆိုတဲ့အရာကိုဖော်ဆောင်းပေးနေတယ်။ လက်ရှိအသက်ရှင်နေတဲ့ဘဝကို သုံးသပ်နေထိုင်အသက်ရှင်သလို ရှေ့အနာဂတ်ကိုလည်း ကြိုတင်ထောက်ရှု့ထားရမယ်။ ချစ်ခြင်းမေတ္တာ အပြည့်နဲ့ စောင့်မျှော်နေသော ဘုရားသခင်ဆီကို ပြန်သွားရမယ် ဆိုတဲ့ အသိ၊ သူပြပေးသော မင်္ဂလာ တရားတော် အလင်းများနဲ့ မျှော်လင့်ချက်တွေရှင်သန်နေရမယ်။ ထို့အတွက် ဘုရားသခင် သင်တို့အပေါ် ကျေးဇူးတော်များ သွန်းလောင်းချပေးသနားပါစေ။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-at-all-souls-mass-today-is-a-day-of-hope.html

#allsoulsday, #pope, #vatican, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

12 + 2 =