ကမ္ဘာ့ ခေါ်တော်မူခြင်းနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် အမှာစကား

Pope at World Youth Day in Panama. (ANSA)

ကမ္ဘာ့ ခေါ်တော်မူခြင်းနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် အမှာစကား
မတ်လ ၉၊ ၂၀၁၉

ကျွနု်​ပ် တို့ဘဝထဲမှာ ဘုရားရှင်၏ ချစ်ခြင်း​မေတ္တာ စီမံကိန်းကိုဖြည့်ဆည်းရန်၊ ဘုရားသခင်ကျွနု်​ပ်တို့အတွက်ရွေးချယ်ပေးသော လမ်းကြောင်းကိုအပြည့်ဝလျှောက်လှမ်းနိုင်ရန် ခွန်အားကျေးဇူးများရရှိရန် ကက်သလစ်ခရစ်ယာန် များဆုတောင်းကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ကမ္ဘာ့ ခေါ်တော်မူခြင်းနေ့တွင် တိုက်တွန်းခဲ့ပါသည်။ ကမ္ဘာ့ ခေါ်တော်မူခြင်းနေ့ ဆုတောင်ခြင်းများပြုလုပ်ကြရန် မေလ ၁၂၊ ၂၀၁၉ ကောင်းသောသိုးထိန်း တနင်္ဂနွေနေ့ လေးပတ်မြောက် အီစတာ တနင်္ဂနွေနေ့ ကို သတ်မှတ်ထားပါသည်။ ကမ္ဘာ့ ခေါ်တော်မူခြင်းနေ့ ခေါင်းစည်း (ဘုရားရှင်၏ ကတိတော်ကိုရဲရင်စွာ ရယူနိုင်သော ခွန်အား) အဖြစ်သတ်မှတ်ထားပါသည်။

♥ စွန့်စားခြင်းနှင့် ကတိတော်

ဘုရားသခင်၏ ကတိတော်ကို သယ်ဆောင်သူများအဖြစ်ဘုရားသခင် ကျွနု်​ပ်တို့ကို မည်သို့ပြုပြင်ပေးကြောင်းနှင် တချိန်တည်းမှာပဲ သူနှင့်သူအတွက် ရဲရင်စွာ စွန့်စားရဲသော ခွန်အားသတ္တိကို တောင်းဆို နေကြောင်း ရဟန်းမင်းကြီး၏ အမှာစကားတွင် ထောက်ရှု့ထားပါသည်။ စီမွန်၊ အန္ဒြေးယ၊ ယာကုပ်နှင့်ယောဟန် တို့ဟာ တံငါသည်တွေဖြစ်ပြီး ငါးဖမ်းလို့ရမရ သေချာ အတိအကျမပြောနိုင်သောဘဝ တွေမှာရှင်သန်နေကြသူတွေဖြစ်တယ်။ တစ်ခါတလေ ငါးအများကြီးရမယ်၊ တစ်ခါတလေ ပင်လယ်ထဲမှာ မုန်တိုင်မိမယ်၊ ငါးတစ်ကောင်မှမရတဲ့ အချိန်အတွေရှိမယ်။ အဲ့ဒီ မသေချာမရေရာတဲ့ဘဝထဲမှာ ဖြတ်သန်းနေရတဲ့သူတွေကို​ခေါ်ပြီး လူကိုဖမ်းသော တံငါသည်များဖြစ်စေရမည်လို့ ကတိပေးခဲ့တယ်၊ အဲ့ဒီလိုပဲ မသေချာမရေရာ လျှောက်လှမ်းနေတဲ့ လူဘဝထဲမှာ ကိုယ့်နဲ့ ပေါင်းဖက်မယ့်​ဘဝအဖော်ကို တွေ့တဲ့အချိန်၊ သူတော်စင်​ဘဝ ဆွဲ​ဆောင်ခံရမှု လေးတွေ ဘုရား ကတိပေးထားတဲ့ ပျော်ရွင်မူကို တွေလိုက်ရချိန် တို့ဘဝမှာ အံ့သြဝမ်းသာခဲ့ရတယ်။

♥ ဘုရား၏ ခေါ်တော်မူခြင်း၊ လမ်းညွှန်မူသက်သက်မဟုတ်

ဘဝ အခက်အခဲ​တွေက လွတ်မြောက်ဖို့ လမ်းညွန်ချက်သက်သက်မဟုတ် ဘုရားရဲ့ခေါ်တော်မူခြင်းဟာ ကြီးမားတဲ့အရာတွေမှာ တာဝန်ယူဖို့ ၊ သူနဲ့အတူ တွေကြုံခံစားဖို့ ချစ်ခြင်းမေတ္တာ တရားနဲ့အစပြုခေါ်တော်မူခြင်းဖြစ်တယ်၊ မြောက်များလှ စွာသော ငါးတွေကိုဖမ်း​ဖို့ ကြီးမားတဲ့ပင်လယ်ပြင်ကြီးကို ကျွနုပ်တို့မျက်စိရှေ့မှောက်မှာ ချပေးလိုက်ခြင်းပါပဲ။ ဘုရားရဲ့ကတိတော်ကို လက်ခံဖို့ စိန်ခေါ်မူ​တွေကိုရင်ဆိုင်ပြီး မိမိဘဝတစ်ခုလုံးပေးဆပ်လုပ်တောင်ဖို့ စွန့်စားစွာဆုံးဖြတ်ရဲရမည့် သတ္တိလည်း ရှိဖို့လိုအပ်ပါတယ်။ ဘုရားရဲ့ခေါ်တော်မူခြင်းကို ဆက်လျှောက်ဖို့ သေးငယ်တဲ့အရာလေးတွေကို ဘေးဖယ်ထားနိုင်ခဲ့ရမယ်။

♥ ခရစ်ယာန် အသက်တာအတွက် ခေါ်တော်မူခြင်း

ဆေးကြောခြင်းမင်္ဂလာအားဖြင့် ခရစ်ယာန်တိုင်းဟာ ခရစ်ယာန်အသက်တာ ရှင်သန်ဖို့ခေါ်ခြင်းခံရတယ်။ ခရစ်ယာန် အသက်တာဟာ ညီကိုယ်နှမစိတ်နဲ့ဝေမျှခြင်း၊ ဆုတောင်းခြင်း၊ နုတ်​ကပတ်တော်ထောက်ရှု့ခြင်း၊ စက္ကရမင်းတူး များခံယူခြင်း၊ ကျေးဇူးတော် နှင့် ဝတ်ပြုကိုးကွယ်ခြင်းတို့မှ ပေါက်ဖွားကြီးပြင်လာခြင်း ဖြစ်တယ်။ ခရစ်ယာန်အသက်တာ ရှင်သန်နေထိုင်ခြင်းဟာ ဘုရားသခင်၏ နိုင်ငံတော် ချစ်ခြင်းမေတ္တာ နိုင်ငံတော် ဒီလောကမှာ တည်ဆောက်နေမူတွင် ပါဝင်ခြင်းဖြစ်တယ်။ ဘုရားသခင်ရဲ့ကတိတော်ကိုသယ်ဆောင်သူများ ဆိုတာ ဘုရားရဲ့ကတိတော်များဖြစ်တဲ့ ကောင်းမြတ်ခြင်း၊ ချစ်ခြင်မေတ္တာ၊ တရားမျှတခြင်းတို့ကို မိမိအတွက်မဟုတ် မိမိနေထိုင်ရာလုအဖွဲ့အစည်းထဲမှာ ရှင်​သန်ကြီးထွားစေခြင်းဖြစ်တယ်၊ ဒါဟာကောင်းကင်နိုင်ငံတော် တည်ဆောက်ခြင်းပါပဲ။

♥ ဘုရားခေါ်သံကို နားကန်းသူကဲ့သို့ မနေပါနဲ့

ရဟန်းဘဝ၊ သူတော်စင်​ဘဝ ခေါ်တော်မူခြင်းနှင့် စပ်လျှင်းပြီး လောကီးရေးရာ လွှမ်းမိုးမူပြင်းထန်နေတဲ့ခေတ်ကြီးမှာ အရာရာကို နောက်ချန်ထားခဲ့ပြီး ဘုရားသခင်နောက်ကို လိုက်နိုင်ဖို့က ကြီးမားတဲ့ စွန့်စားဆုံးဖြတ်ရတဲ့ အချက်တစ်ခုပါပဲ။ ။ ဘုရားသခင်အတွက် ပေးဆပ် စွန့်စားခြင်းထက်ပျော်စရာ​ကောင်းတဲ့ အသက်ရှင်မူ မရှိနိုင်သောကြောင့်လူငယ်များ ဘုရားသခင်ရဲ့ခေါ်သံ ကိုကြားတဲ့အချိန်မှာ နားကန်းသူတွေကဲသို့ မနေကြဖို့ တိုက်တွန်းပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖိုဆိုတာလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒါကြောင့် လူငယ်တွေရဲ့ ဘဝအမှန် ခေါ်တော်မူခြင်းအမှန်ကိုစမ်းစစ်တဲ့နေရာမှာ လူငယ်တာဝန်ခံဘုန်းတော်ကြီးတွေသာမက၊ ဘာသာရေးလုပ်ဆောင်သူတွေ ကူညီပေးကြရမယ်။ လူငယ်ရေးရာလှုပ်ရှားမှု့များ၊ ခေါ်တော်မူခြင်းမြင့်တင်ရေးလုပ်ငန်းများ ကို ဆုတောင်းခြင်း၊ နုတ်​ကပတ်တော် ထောက်ရှုဆင်ခြင်ခြင်း၊ ကိုယ်တော်မြတ်ကိုးကွယ်ခြင်း၊ ဝိညာဉ်ရေးရာ အတူတကွလမ်းညွှန်လျှောက်လှမ်းခြင်း၊ ဘုရားရဲ့ စီမံကိန်းကိုရှာဖွေးပေးခြင်းတို့နဲ့ လုပ်ဆောင်ကြရမှာဖြစ်တယ်။ အမိမယ်တော်သခင်မကဲ့သို ဘုရားရဲ့ စီမံကိန်းကို ကြောက်ရွံမူမရှိပါဝင်လုပ်ဆောင်ကြဖို့ တိုက်တွန်းအားပေးပါသည်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-message-wor...

#pope, #encourage, #vocation, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

10 + 9 =