ကမ္ဘာ့​သောက်​သုံး​ရေ နေ့ လူတိုင်း သန်းရှင်းသော ရေလုံလောက်စွာရရှိရေး

A young woman carries a jug of water (ANSA)

ကမ္ဘာ့​သောက်​သုံး​ရေ နေ့ လူတိုင်း သန်းရှင်းသော ရေလုံလောက်စွာရရှိရေး
မတ်လ ၂၂၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် နှင့် ကုလသမ္မဂ စားသောက်ရေးနှင့် ထွန်ရက်စိုက်ပျိုးရေး အထွေထွေ တာဝန်ခံ Jose Graziano da Silva တို့မှ မတ်လ ၂၂ ရက်နေ့ကို့ ကမ္ဘာ့ လူသားတို့အတွက် မရှိမဖြစ်လိုအပ်သော​​သောက်​သုံး ရေ နေ့အဖြစ်သတ်မှတ်ထားပါသည်။ လူသားတို့ရရှိရမည့် အခြေခံလူ့အခွင့်အရေးဖြစ်သော မရှိမဖြစ်လိုအပ်သည့် တန်ဖိုးရှိသော ရေ ကို လုံလောက်စွာရရှိခြင်းမရှိသော ရေပြတ်လပ်မူ ဘေးဒုက္ခ ကြုံတွေ့နေရသော နိုင်ငံများ အထူးသဖြင့် ဆင်းရဲ​သော နိုင်ငံများ၏ ဒုက္ခသည် လူသားထုအတွက် စိန်ခေါ်မူတစ်ခု ဖြစ်နေသည်​။

ရေသည် လူသားတို့ နှင့် သတ္တဝါအပေါင်း အသက်ရှင်သန်ရေး သဘာဝပတ်ဝန်းကျင် ရှင်သန်ရေး အတွက် မရှိမဖြစ် လိုအပ်သော အရာဖြစ်ကြောင်းသည်​။ ရေ ခမ်​းခြောက်မူ ဟာ နေရာတော်တော်များများမှာ ဖြစ်ပေါ်လာနေတာကြောင့် ရေကို ကောင်းမွန်စွာ စီမန်ခန့်​ခွဲသုံးစွဲသင့်ပြီး လူတို့၏ အခြေခံ ရပိုင်ခွင့်ဖြစ်သော ရေကို လူတိုင်းရနိုင်ရန် စီစဉ်ဖို့လိုအပ်​သည်​။
အနာဂတ် ရင်းနှီးမြုပ်​နှံမူအဖြစ် ရေ ကို ကောင်းမွန်စွာသုံးစွဲကြဖို့ နှင့် ရေထိန်း​သိမ်းမူနည်းလမ်းများကိူ ပညာပေးခြင်းမျ​ားပြုလုပ်ခြင်းဖြင့် လူသားတိုင်း ကောင်းမွန်သော ရေကို ရရှိနိုင်ဖို့ နှင့် အနာဂတ်မျိုးဆက်သစ်များ ပိုမို သတိရှိလာရန် ယခုကတည်းက သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းခြင်း​အသိပညာများပေးဖို့ လိုအပ်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း ရေကို ကြာရှည်​
်စွာ ဆက်လက်ထိမ်းသိမ်း အသုံးပြုနိုင်ရန် လိုအပ်သော အထောက်အပံများ ကူညီပေးကြဖို့၊ ရေ ကိုလူသုံးကုန်ပစ္စည်းအဖြစ် စျေးကွက်တွင် အသုံးပြုလာမူကို ကျော်လွှားနိုင်ရန် ကြိုးစားအားထုတ်ဖို့လိုအပ်ကြောင်း၊ လူမူဖွံဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သော ရေ၏ တန်ဖိုးကို နားလည်ကြဖို့ လိုအပ်ကြောင်း ရေရှားပါးလာမူဟာ လူသားထုတစ်ရပ်လုံးအတွက် စိန်ခေါ်မူတစ်​ရပ်ဖြစ်ကြောင်းသတိထားကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သတိပေးပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-message-wor...

#pope, #world, #water, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

17 + 0 =