ကမ္ဘာ့အမျိုးသမီးများနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် အမှာစကား

ငြိမ်းချမ်းခြင်း၊ ချစ်ခြင်းမေတ္တာ ဖြင့်ကမ္ဘာကြီးကို တည်ဆောက်ကြသော အမျိုးသမီးများ

ကမ္ဘာ့အမျိုးသမီးများနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် အမှာစကား
မတ်လ ၈၊ ၂၀၁၉

ငြိမ်းချမ်းခြင်း၊ ချစ်ခြင်းမေတ္တာ ဖြင့်ကမ္ဘာကြီးကို တည်ဆောက်ကြသော အမျိုးသမီးများ

အမျိုးသမီးများသည် ကမ္ဘာကြီးကိုလှပအောင်ပြုလုပ်ကြပြီး ယင်းအလှတရားကို ဆက်လက်ထိန်​း​သိမ်းပေးနေကြကြောင်း၊ အမျိုးသမီးများသည် ကျေးဇူးတော်ကို ပွေ့ဖက်သယ်ဆောင်လာပြီး အနစ်နာခံလုပ်ဆောင်သူများဖြစ်ကြကြောင်း၊ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းခြင်းနှင့် လူသားထုကြီးကို တည်ဆောက်ကြသော အမျိုးသမီးများ၏ ပါဝင်လုပ်ဆောင်မူကို ကမ္ဘာ့အမျိုးသမီးများနေ့တွင် ချီးကျူးပြောကြားခဲ့ပါသည်။

♥ အမျိုးသမီးများ၊ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းခြင်း နှင့် မိသားစု
လူသားထုကြီးကို မိသားစုအဖြစ် ဖန်တီးခြင်းဟူသော အမျိုးသမီးများ၏ အခန်းကဏ္ဍ ကို ပြောကြားရာတွင် ငြိမ်းချမ်းခြင်းသည် မိခင်၏ ချစ်ခြင်းမေတ္တာ နှင့် နူးညံ့သိမ်မွေ့မူ့မှ ထွန်းလင်းတောက်ပလာကြောင်း၊ အမျိုးသမီးတွေကိုမြင်တဲ့အခါမှာ ငြိမ်းချမ်းခြင်းတရားဟာ တကယ်အသက်ဝင်လာတယ်၊ သူတို့တွေဟာ ကမ္ဘာကြီး အတွက် ချစ်ခြင်းမေတ္တာ ရဲ့ မျော်လင့်ချက်တွေဖြစ်တယ်။ လူ့အဖွဲ့အစည်းတိုင်းကို ငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာ ပြည့်ဝသော မိသာစု ပုံစံတည်ဆောက်ကြဖို့၊ အနာဂတ်ကာလရဲ့ အရေးကြီးမူ့နဲ့ငြိမ်းချမ်းမူကို တကယ်လိုလားတယ်ဆိုရင် အမျိုးသမီးတွေကို နေရာပေးကြဖို့ မတ်လ ၈ ရက် ၂၀၁၉ အမေရိကန် ဂျူးလူမျိုးများ အဖွဲ့အစည်း ကိုယ်စလှယ် ၄၀ ဦး နှင့် ဗာတီကန်၌တွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ တိုက်တွန်းခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-american-je...

#pope, #worldwomen'sday, #encourage, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

1 + 5 =