Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကမ္ဘာ့လူငယ်များနေ့ ၂၀၂၀ - ပုပ်ရဟန်းမင်းကြီးသည် အရဲစွန့်လျှက် ကမ္ဘာကြီးကို ပြောင်းလဲကြရန် လူငယ်များအား ဖိတ်ခေါ်ခြင်း
ကမ္ဘာ့လူငယ်များနေ့ ၂၀၂၀ - ပုပ်ရဟန်းမင်းကြီးသည် အရဲစွန့်လျှက် ကမ္ဘာကြီးကို ပြောင်းလဲကြရန် လူငယ်များအား ဖိတ်ခေါ်ခြင်း
ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်သည် လူငယ်များအားမိမိတို့၏ စိတ်အားအစွမ်းရှိသမျှဖြင့် စိတ်ကူးအိမ်မက်များဖြင့် သာသနာြပုတမန်တော်များဖြစ်ကြရန် ဖိတ်ခေါ်ထားပါသည်။
လေဒီယာ အိုကိန်း
လာမည့် ၂နှစ်အကြာတွင် ၂၀၂၂ လစ်ပွန်းတွင်ကျင်းပမည့် ကမ္ဘာ့လူငယ်ပွဲတော်ကို ပြင်ဆင်နေချိန် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် သည် လူငယ်များအား ၂၀၂၀ နှင့် ၂၀၂၁ နှစ်များတွင် ကျင်းပသော သာသနာ (Diocese) ၏ရည်ရွယ်ဦးတည်ချက် များကို သုံးသပ်ထောက်ရှုကြရန် မိန့်မြွတ်တော်မူသည်။
၂၀၂ဝနှစ်တွင် “နိုးထလော့”
ယခုနှစ်၏ သတင်းစကားကို ဦးတည်လျှက် အခန်း ၅ခန်းခွဲပြီး ရဟန်းမင်းအရှင်သူမြတ်မိန့်ဆိုသည်မှာ လူငယ်များသည် မိမိတို့၏ အစွမ်းအစများ၊ မျှော်လင့်ချက်များ၊ စိတ်ကူးစိတ်သန်းများ နှင့်စိတ်အားထက်သန်မှု အားနည်းသူတို့အတွက် မျှော်လင့်ခြင်း ရှိပါသည်ဟူ၍ဆိုသည်။
ထိုမျှော်လ့င်ခြင်းမှာ ခရစ်တော်ပင်ဖြစ်ကြောင်းကို ပုပ်ရဟန်းမင်းအရှင်သူမြတ်က “သေလွန်သူသားငယ်ရှေ့ရပ်နေသော မုဆိုးမ ကဲ့သို့ ရှင်ပြန်ထမြောက်သော ကိုယ်တော်ရှင်၏ တန်ခိုးတော်ဖြင့် အချင်းလူငယ် သင့်အားငါဆိုသည်မှာ နိုးထလော့” သမ္မာကျမ်းစာမှ ယင်းစာပုဒ်ကို အသင်းတော်၏ ဖွင့်ဆိုချက်မှာ “ကာလေလိနယ် နာအိမ်မြို့သို့ ခရစ်တော်ကြွဝင်တော်မူသည့်အခါ မုဆိုးမ၏ တစ်ဦးတည်းသော သား၏ သေလွန်ပြီးနောက် ဇာပန အခန်းအနား စီတန်းလျှက်လာနေသည်ကို မြင်တော်မူ၏။ ယေဇူးသည် ဝမ်းနည်းပူဆွေးသော ထိုအမျိုးသမီးကို သနားတော်မူ၍သေလွန်သွားသောသားအား တန်ခိုးတော်ဖြင့် အသက်ရှင်ပြန်စေတော်မူသည်။”
နာကျင်ခြင်းနှင့် သေခြင်းတရား
ပထမဦးစွာ ပုပ်ရဟန်းမင်း အရှင်သူမြတ်သည် ခရစ်တော်ဘုရား၏ နာကျင်ခြင်းနှင့် သေခြင်းတရားအပေါ် ရှုမြင်မှုကို ထောက်ရှု စေသည်။ လူအုပ်ကြားထဲတွင် ဝမ်းနည်းပူဆွေးနေသည့် အမျိုးသမီး၏ နာကျင်မှုကို မြင်တွေ့ကြောင်း မီးမောင်းထိုးပြထားသည်။ အသက်သစ်ကိုပေးသော တန်ခိုးတော်ကို မြင်တွေ့စေသည်။
ပုပ်ရဟန်းမင်းအရှင်သူမြတ်သည် လက်တွေ့ဘဝဖြစ်ရပ်များတွင် မြင်လျှက်နှင့် မပါဝင်ခဲ့သည့် ဖြစ်ရပ်များမည်မျှရှိနေသနည်း ဟူ၍ သုံးသပ်စေပါသည်။ ဒုက္ခအခက်အခဲဖြစ်ရပ်များကို မျက်မြင်ကိုယ်တွေ့ရှိပါလျှက်နှင့် အကူအညီပေးမည့်အစား လက်ကိုင်ဖုန်းဖြင့် ဓါတ်ရိုက်ခြင်းကို ဦးစွာပြုတတ်ကြကြောင်း ကိုလည်းမိန့်မှာတော်မူသည်။
အရှင်သူမြတ် မိန့်မြွတ်တော်မူသည်မှာ “သေခြင်း” အရာကား မျှော်လင့်ခြင်းကင်းမဲ့ခြင်းကို ဆိုလိုသည်။ လူတချို့မူကား အပေါ်ယံ မကာသနတို့ဖြင့် မိမိတို့၏ ဘဝ၊ အချိန်များကို ဖြုန်းတီးလျှက် အသက်ရှင်နေသယောင်နှင့် အတွင်းစိတ်တွင်သေဆုံးနေသူများ ဖြစ်သည်ဟု မိန့်တော်မူသည်။
“အခြေအနေဆိုးခြင်းမကောင်းမှု” နှင့်ပတ်သက်၍ အရှင်သူမြတ်မိန့်ကြားသည်မှာ သူတပါးအား အကူအညီပေးသည့်အခါ တန်ဖိုး မထားခြင်း၊ ဆုံးရှုံးမှုကဲ့သို့ ခံစားနိုင်ပါသည်။ သို့သော် ထိုဆုံးရှုံးမှုကဲ့သို့ဖြစ်သည့်အရာမှာ လူ့ဘဝ၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်၍ ကျေးဇူးတော်များစွာ သယ်ဆောင်လာနိုင်သည်။
သနားကြင်နာတတ်သော နှလုံးသား
ဒုတိယအပိုင်းတွင် အရှင်သူမြတ် ဖရန်စစ်သည် လူငယ်များအား သနားကြင်နာစိတ်ရှိရန်၊ ထိုမွန်မြတ်သောစိတ်ကို မပြောက်ပြက် စေရန် ခွန်အားပေးထားသည်။ “ဝမ်းနည်းပူဆွေးသူများနှင့်အတူ ထပ်တူခံစားပါလျှင် စစ်မှန်သောမျော်ရွှင်ခြင်း ချမ်းသာကို ရလိမ့်မည်” ဟုအရှင်သူမြတ်ဖရန်စစ်က မိန့်မှာထားပါသည်။ မျက်မှောက်ကာလတွင် အခွင့်အရေးများစွာနှင့်အတူ ကြမ်းတမ်း ခက်ထန်ခြင်းတို့၏ လောင်းရိပ်များစွာကို တွေ့ရသည်။ ထိုနာကျင်မှုများကို ထပ်တူခံစားလိုက်ပါက ကမ္ဘာလောကသို့ မျှော်လင့်ခြင်းသတင်းကောင်းသယ်ဆောင်သူဖြစ်လာပါလိမ့်မည်။ ဟု မိန့်မြွတ်တော်မူသည်။
ဘုရားသခင်နှင့် နီးစပ်ခြင်းအသက်တာ
ရှေ့သို့တိုး၍ “ထိတော်မူခြင်း” နှင့်ပတ်သက်၍ အရှင်သူမြတ် မိန့်မှာရာတွင် ယေဇူးသခင်သည် နီးစပ်သော အတူတကွ ရှိနေခြင်း အဖြစ်ကို ရှင်လုကာကျမ်းတွင် တွေ့ရခြင်းဖြစ်သည်။ ယေဇူးရှင်၏ လူသေ၏ အခေါင်းတလားကို ထိခြင်းသည် လှုပ်ရှားအသက်ဝင်နေခြင်းကို ဖေါ်ပြနေကြောင်း အသက်ရှင်ခြင်းကို ပေါ်လွင်စေသည် ဟုဆိုသည်။ ဆက်လက်၍ မိန့်မှာသည်မှာ ဘုရားရှင်၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာကို ခံစားရပါလျှင် အထူးသဖြင့် သက်ရှိသတ္တဝါအပေါင်း၊ ဆာလောင်မွတ်သိတ်နေသူများနှင့် ဖျားနာသူများ စားစရာ ဝတ်စရာ ချို့တဲ့သူများ၊ ချုပ်နှောင်ခံရသူများ ထံသို့ ခရစ်တော်ရှင် ပြုခဲ့ သကဲ့သို့ သူတို့နှင့် နီးကပ်စွာ သင်သည်လည်း ရောက်ရှိပေလိမ့်မည်။
နှုတ်တော်ထွက်စကား၏ အသက်ပေးခြင်း ဟူသည်
အဆုံးတွင် ပုပ်ရဟန်းမင်းအရှင်သူမြတ်သည် ဘဝခရီးလမ်းတွင် မပါဝင်သောသူသည် လမ်းချော်တိမ်မှောက်ခြင်းမရှိသူဖြစ် သည့်အပြင် ရှေ့သို့ခရီးဆက်လျှောက်နိုုင်သူများမဟုတ်ကြပါ။ ဟူ၍ ရေးသားမိန့်မြွတ်တော်မူခဲ့သည်။
ဤဘဝသည် ဖန်ဆင်းခြင်းကိုစိတ်ကူးခံစားမှုသာမက အမှန်တကယ် အသစ်တဖန်ပြုနေခြင်း၊ ဖွားမြင်နေခြင်းဖြစ်သည်။ ဟုဆိုသည် လူငယ်များအားစာလုံးစကား အသစ်များထက် ပိုမိုနက်ရှိုင်းစွာ မိန့်တော်မူသည်မှာ ယေဇူးသည် သဘာဝကျကျ နေထိုင်လုပ်ဆောင်ခဲ့သည်။ အတိုင်းအဆမရှိ နက်ရှိုင်းသော အသက်ပေးနှုတ်တော်ထွက်စကားဖြစ်၍ သေဆုံးခြင်းကို ရှင်သန်ခြင်းသို့ ခေါ်ဆောင်သည်။
စိတ်ကူးအိပ်မက် ထားရှိရန်
နောက်ဆုံးအခန်းတွင်မူ “အသက်သစ်ကို ရှင်ပြန်ထမြောက်ခြင်းဖြင့် ရှင်သန်ခြင်း” ဟု ပုပ်ရဟန်းမင်းအရှင်သူမြတ်က သမ္မာကျမ်းစာ ဧဝံဂေလိကျမ်းပိုဒ်မှ ကောက်နှုတ်လျှက် လူငယ်သည် စကားပြောလေ၏။ ဟုဆိုသည်။
သခင်ယေဇူး၏ ထိုသို့သော တို့ထိခြင်းနှင့် အသက်ပြန်ရှင်စေခြင်း တို့ကို အရှင်သူမြတ်ရဟန်းမင်းဖရန်စစ်သည် “ယခုချက်ခြင်း ထ၍စကားပြောကာ ကြောက်ရွံခြင်းကင်းစွာ မိမိတို့၏ စိတ်ကူးအိပ်မက် လိုအင်ဆန္ဒများ၊ တောင့်တမှုများကို ဖေါ်ပြကြရန် မိန့်မြွတ်တော်မူသည်။
ကျွန်ပ်တို့သည် တခါတရံ အချင်းချင်း ထိတွေ့နေကြသော်လည်း ဆက်သွယ်ခြင်းမရှိြ့ပေ။ ခေတ်မှီနည်းပညာများကို လွန်ကျူးစွာ အသုံးပြုခြင်းသည် ဖန်သားပြင်ပေါ်သို့ ကျွန်ပ်တို့၏ အာရုံများကို ဖမ်းချုပ်ထားသည်။
အရှင်သူမြတ်၏ စာချွန်တော်တွင် ကျွန်ပ်သည် သင်တို့နှင့် အတူရှိလိုပါသည်။ ပြောင်းလဲနေသောသဘာဝအတွက် ခရစ်တော်၏ မိန့်မှာချက်အတိုင်း နိုးထကြပါစို့။ ဖြစ်ရပ်အခြေအနေမှန်ကို လက်ခံလျှက် ပါရမီများ ဆောက်တည်ကြပါစို့” ဟုရေးသားထားသည်။
“နိုးထခြင်း” ဦးတည်ချက်စိတ်ကူးထားခြင်း၊ စွန့်စားခြင်း၊ လောကကြီး၏ ပြောင်းလဲမှုအတွက် ဆက်ကပ်ပါဝင်ခြင်း၊ မျှော်လခင့်ခြင်းများ ပြန်လည်အသက်ဝင်စေခြင်း၊ အထက်ကောင်းကင်၊ ကြယ်တာရာနှင့် သဘာဝပတ်ဝန်း ကျင်တို့ကို မြင်တွေ့နိုးထကြရန် ဖိတ်ခေါ်ထားသည်။
ပုပ်ရဟန်းမင်းအရှင်သူမြတ်သည် လူငယ်များအား မိမိတို့၏ ခွန်အား စိတ်ကူးများကို ရက်ရောလွတ်လပ်စွာ ပေးဆက်ကြကာ ယင်းတို့ဖြင့် အသင်တော်နှင့် လောကတစ်ခွင်အား လှပသောသစ်လွင်သော နုပျိုသောစိတ်ထားများဖြင့် လူသားထုတစ်ရပ်ကို
တည်ဆောက်ကြလျှက်…… သင်တို့၏ အသံကို ကြားစေကြလော။” ဟု မိန့်မြွတ်တော်မူသည်။
၂၀၂၀ ကမ္ဘာ့လူငယ်များနေ့ အထိန်းအမှတ် ဧပြီလ ၅ရက်၊ မေတ္တာပန်းတနင်္ဂနွေနေ့
Diocesan World Youth Day 2020 is marked on Palm Sunday, April 5
ဘာသာပြန်ဆိုသူ
Sr.Marie Therese Phe Ling Yah, SJA
Add new comment