ကမ္ဘာ့မိသားစုများ အစည်းအဝေး အပိတ် မစ္ဆားတရားတော်မြတ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ မိန့်ကြားချက်  

ကမ္ဘာ့မိသားစုများ အစည်းအဝေး အပိတ် မစ္ဆားတရားတော်မြတ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ မိန့်ကြားချက်  

၂၀၂၂ ဇွန်လ (၂၅)ရက်နေ့ 

 

လက်ထပ်ဖို့ အားအင်သတ္တိ လိုအပ်တာကြောင့်မိသားစု ချစ်ခြင်း စွန့်စားရာမှာ ရဲရင့်ပြတ်သား ရပါမယ်။ လက်မထပ်ရဲကြတဲ့ လူငယ်တွေ အများကြီး ရှိနေတာကို ကျွနိုပ်တို့ တွေ့မြင်နေရပါတယ်။ 

မိခင်တစ်ယောက်က တစ်ခုခု လုပ်ပေးပါလို့ ကျွန်ုပ်ကို မကြာခဏ လာပြောပြပါတယ်။ သူမရဲ့သား အသက် (၃၇)နှစ်တောင် ရှိနေပေမဲ့ လက်မထပ်ချင်သေးဘူး ဖြစ်နေတယ်။ အမေကြီး သင့်သားရဲ့အဝတ်အစား လျှော်ဖွတ်မီး ပူတိုက် ပေးနေတာတွေ မလုပ်ပေးနဲ့၊ ရပ်လိုက်ပါ။ သားကို သူ့ဟာသူလုပ်တတ်ပြီး သူ့ရဲ့အသိုက်ကိုစွန့်ခွါ ထွက်သွားအောင် လုပ်ပေးပါလို့ ကျွန်ုပ်တုံ့ပြန် ခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မိသားစု ချစ်ခြင်းက သားသမီးတွေ သူတို့ဘာသာ ပျံသန်းနိုင်အောင် တွန်းအားပေးပါတယ်။ မိသားစု ချစ်ခြင်းက အမြဲတမ်း လွတ်လပ်စေရမယ်၊ ပိုင်ဆိုင်ဖို့ ဖြစ်စေတာမျိုး မဟုတ်ရဘူး။ မိသားစုတိုင်းက ခက်ခဲကျပ်တည်းချိန်ကို တွေ့ကြုံ ကြရတယ်၊ ဒါကြောင့် အခက်အခဲတွေ့ကြုံနေချိန်မှာ အမေ့ဆီကိုပဲ ပြန်တော့မယ်လို့ လွယ်လွယ်ကူကူ မပြောကြပါနဲ့။ 

အဲဒီလို အခက်အခဲတွေနဲ့ အရဲစွန့်ပြီး ရှေ့ဆက် သွားလိုက်ပါ။ မိသားစုမှာ ခက်ခဲချိန်ရှိမယ်၊ ကျပ်တည်းချိန်ရှိမယ်၊ ဒါပေမဲ့ အမြဲတမ်း ရှေ့ဆက် လျှောက်လှမ်းသွားပါ။ သင့်ဇနီး၊ သင့်ယောက်ျားဆီကနေ အစပိုင်းမှာ ဖြစ်ပေါ်လာ ခဲ့တဲ့ သင့်ရဲ့ ခံစားချက် ချစ်ခြင်းမေတ္တာ ရှိပါတယ်၊ အဲလိုခံစားချက်ကို သင့်နှလုံးအတွင်းကနေ ပေါ်ထွက်လာ အောင်ချစ်ခြင်း မေတ္တာကို ပြန်လည်ရှာဖွေ ဖော်ထုတ်လိုက်ပါ။ 

ဒီလို ချစ်ခြင်း မေတ္တာက ခက်ခဲကျပ်တည်းချိန်တွေမှာအများကြီး အထောက်အကူ ပေးပါလိမ့်မယ်။ အမိအသင်း တော်ကြီးက သင့်နဲ့အတူ ရှိနေသလို၊ အသင်းတော်က သင့်အထဲမှာလည်း ရှိနေပါတယ်။ 

တကယ်တော့ အမိအသင်းတော်ဟာ နာဇရက်မြို့ကမိသားစုလေးကနေ မွေးဖွားဖြစ်တည်လာခဲ့တာ ဖြစ်ပါတယ်။ ခက်ခဲတဲ့ အချိန်တွေမှာ သင့်မိသားစု စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းများ ခံစားရအောင် ဘုရားရှင်ကူညီပေးပြီး သစ္စာရှိစွာ ထိန်းသိမ်းခြင်းဖြင့် လူတိုင်းကို ဘုရားရဲ့ချစ်ခြင်းမေတ္တာ ပြသပြီး ကောင်းမွန်တဲ့ ဘုံအသက်တာ ရရှိစေပါတယ်။ 

 

Source: Catholic News Service 

 

 ✍️Thang Ha, SJ 

Add new comment

1 + 11 =