ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုနေ့၌ ပုပ်ရဟန်းမင်းကြီး: "ဆင်းရဲသားသည် ကျွန်ုပ်တို့အား ထာဝရ ၀င်ငွေကို အာမခံပေး၏"

ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုနေ့၌ ပုပ်ရဟန်းမင်းကြီး: "ဆင်းရဲသားသည် ကျွန်ုပ်တို့အား ထာဝရ ၀င်ငွေကို အာမခံပေး၏"

ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုနေ့၌ ပုပ်ရဟန်းမင်းကြီး: "ဆင်းရဲသားသည် ကျွန်ုပ်တို့အား ထာဝရ ၀င်ငွေကို အာမခံပေး၏"

ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" အရှင်သူမြတ်သည် "ကမ္ဘာ့ဆင်းရဲနွမ်းပါးမှု‌နေ့" ကို အသိ အမှတ်ပြုသောအားဖြင့် ခရစ် ယာန်များ အကူအညီ လိုအပ်နေသူများ၏ကိုယ်စား ဆု တောင်းခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် ဧဝံဂေလိတရားတော်မြတ်ကို သက်သေခံကြရန် နှိုး ဆော်တိုက်တွန်းခဲ့ပါသည်။

"ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုနေ့" ကို ၂၀၁၆ ခုနှစ်တွင် ပုပ်ရဟန်း မင်းကြီး "ဖရန့်စစ်" က စတင်တည်ထောင်ခဲ့ပြီး ၃၃ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့၌ နှစ်စဉ်ကျင်းပ‌လေ့ရှိသည်။

ယခုနှစ်သည် ၄ ​​ကြိမ်မြောက် ပြည့်ခဲ့ပြီဖြစ်၍ “ဆင်းရဲသားများထံသို့ သင်၏လက်ကို ဆန့်လော့” ဟူသော ခေါင်းစဉ်အောက်၌ လှုပ်ရှားစောင့်ကြည့်မည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး "ဖရန်စစ်" သည် ၎င်း‌နေ့ကို အသိအမှတ် ပြုသောအားဖြင့် "စိန့်ပီတာ" ဘုရားကျောင်းတော်ကြီး၌ မစ္ဆားတရားတော်မြတ်ကို ကျင်း ပရာ၌ တနင်္ဂနွေနေ့ ဧဝံဂေလိကျမ်းဖြစ်သော (ရှင်မာတေဦး - ၂၅:၁၄-၃၀) ထောက်ရှုချက်ကို ပြန်လည်မျှဝေခဲ့သည်။ ထိုကျမ်းစာတော်မြတ်၌ "သခင်‌ ယေဇူး" သည် "မိမိ၏ လုပ် သားများတတ်နိုင်သည့်အစွမ်းအစပေါ်မူတည်၍ ပစ္စည်းဥစ္စာအပ်နှံထားခဲ့သော သခင်၏ ပုံဥပမာကို ပြောပြခဲ့သည်။"

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ထိုပုံဥပမာသည် ကျွန်ုပ်တို့ဘဝ၏ အစ၊အလယ် နှင့် အဆုံးတို့အား ပေါ်လွင်အောင် အလင်းပေးခဲ့သည်ဟု မိန့်ကြားခဲ့သည်။

အစ - အစွမ်းအစနှင့် အပ်နှင်းထားခြင်း"အရာအားလုံး တို့ သည် ကြီးမြတ်သောကောင်းမှုဖြင့် စတင်ခဲ့သည်။"

ပုပ်ရဟန်းမင်းကြီးကပြောကြားသည်မှာ "ကျွန်ုပ်တို့၏ ဘ၀များသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့်စတင်ခဲ့ပြီး၊ ထိုအချိန်တွင် ကျွန်ုပ်တို့သည် တစ်ဦးချင်းစီအား မတူညီသောစွမ်းရည်များ အပ်နှင်းခဲ့သည်။ ကျွန်ုပ်တို့သည် ကြီး မြတ်သော ဓနဥစ္စာကို ပိုင်ဆိုင်ထားခြင်းသည် ကျွန်ုပ်တို့ပိုင် ဆိုင်သည့် ဖြစ်တည်မှုအပေါ် မူတည်သည်။ ထိုပိုင်ဆိုင်မှုမှာ ကျွန်ုပ်တို့ လက်ခံရရှိထားသော အသက်၊ ကျွန်ုပ်တို့အ တွင်း၌ရှိသော ကောင်းမြတ်ခြင်း၊ ဘုရားသခင်၏ ပုံသ ဏ္ဌာန်တော်နှင့်အညီ ကျွန်ုပ်တို့ကို ဖန်ဆင်းခြင်းအားဖြင့်ကျွန်ုပ် တို့အား ဘုရားသခင်ပေးထားသော စွဲမြဲ‌သော အလှတရားဖြစ်သည်။

''အကယ်၍သာ ... ''
ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" က ကျွန်တော်တို့ဘဝ၌ မရှိသည့် ပိုမိုကောင်း‌သောအလုပ် (သို့မဟုတ်) ပိုမိုများပြားသောပိုက်ဆံ စသည့် အရာများကိုသာ မြင်နေတတ်သော ဖြား ယောင်းသွေးဆောင်ခြင်းတို့ကို ဆန့်ကျင်၍ သတိပေးခဲ့သည်။

“အကယ်၍သာ” ဟူသော စကားလုံးသည် ထင်ယောင် ထင်မှားဖြစ်စေ‌သော စကား လုံးဖြစ်၍ ကျွန်ုပ်တို့၏ စွမ်းရည်များကို တန်ဖိုးမထားခြင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ အသုံးချခြင်းတို့မှ တားဆီးစေသည်။ ဘုရားရှင်သည် ကျွန်ုပ်တို့အား အတိတ်ကိုတောင့်တခြင်းမရှိဘဲ သူ၏ ပြန်လာချိန်ကို လုံ့လဝီရိယရှိရှိစောင့်၍ လက်ရှိအချိန်ကို အပြည့်အ၀ အသုံးချရန် တောင်းဆိုသည်” ဟူ၍ မိန့်ကြားခဲ့သည်။

"ကျွန်ုပ်တို့..."

ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" သည် ပုံဥပမာ၏ ဗဟိုအချက်နဲ့ “အစေခံများ၏ လုပ်အားဖြစ်သော ၀န်ဆောင်မှု" ဟူ သော ကျွန်ုပ်တို့၏ ဘဝအ ကြောင်းကို ပြန်လည်သုံးသပ်ခဲ့သည်။ ၀န်ဆောင်မှုသည် ကျွန်ုပ်တို့၏ အရည်အချင်းများကို အသီးအပွင့် အကျိုး အမြတ်ဖြစ်စေပြီး ကျွန်ုပ်တို့ ၏ဘဝကို အဓိပ္ပာယ်ရှိစေ သည်။ "အစေခံရန် အသက်မရှင်သောသူတို့သည် ဤဘဝ ၌ အနည်းငယ်မျှသာ ‌အစေခံသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဧဝံဂေလိကျမ်းတွင် "ယုံကြည်သူအစေခံများသည် စွန့်စား၍ အသက်ရှင်သင့်‌ ကြောင်း" ကို ရှင်းရှင်း လင်းလင်း ဖော်ပြထားကြောင်း မိန့်ကြားသည်။ ကောင်းသောအစေခံများသည် မိမိတို့ပိုင် ဆိုင်ရာများကို တွယ်တာခြင်းမရှိဘဲ သူတို့၏စွမ်းရည်ကို ကောင်းမွန်စွာအသုံးချပြီး ကြောက်ရွံ့ခြင်းမရှိဘဲ သတိအလွန်ရှိသောသူများ ဖြစ် သည်။

"အကယ်၍ ကောင်းမြတ်ခြင်းကို မရင်းနှီးလျှင်လက်လွှတ်ဆုံးရှုံးနိုင်ပြီး၊ လူ့ဘဝအသက်တာ၏ ကြီးကျယ်ခမ်းနားမှုကို ကျွန်ုပ်တို့ မည်မျှကယ်တင်သည်ကို မတိုင်းတာ။ သို့သော် ကျွန်ုပ်တို့ မည်မျှအသီးအပွင့် ဖြစ်စေသည်အပေါ် တိုင်း တာခြင်းဖြစ်သည်”

"ကောင်းသောအကျင့်ကို ကျင့်ခြင်းထက်ပစ္စည်းဥစ္စာများ စုဆောင်းခြင်းကို အဓိကထားသောဘဝသည် အချည်းနှီးသက်သက် ဖြစ်သည်" ဟု မိန့်ကြားခဲ့သည်။ ကျွန်ုပ်တို့ လက် ဆောင်များရနိုင်ခြင်း၏ အ ကြောင်းအရင်းသည် "ကျွန်ုပ်တို့ကိုယ်တိုင်သည် တစ်ပါးသူအတွက်သာ လက်ဆောင်များဖြစ်ရန် ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်”

"ဆင်းရဲ‌သော ဘဏ်လုပ်ငန်းရှင်များ"

ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" က "ဘုရားသခင်က ကျွန်ုပ်တို့ကို အစေခံဖို့ အခွင့်ပေးတဲ့အ တိုင်း၊ ကျွန်ုပ်တို့ ဘယ်လိုအစေခံကြမလဲ?" ဟူ၍ မေးခွန်းထုတ်ခဲ့သည်။

သခင်ယေဇူး၏ ပုံဥပမာအရ "သခင်သည် ယုံကြည်မှုကင်းမဲ့၍ ဥစ္စာကို မြေမြှုပ်သော အ‌ စေခံအား အတိုးရစေရန်သူ၏ ငွေများကို ဘဏ်လုပ်ငန်းရှင်များထံတွင် ရင်းနှီးမြှုပ်နှံသင့်‌ကြောင်း" ပြောခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်မှာ..."ထိုဘဏ်လုပ်ငန်းရှင်များသည် ဆင်းရဲသူများ ဖြစ်သည်။ ဆင်းရဲသားသည် ကျွန်တော်တို့ကို ထာဝရတည်မြဲသော ၀င်ငွေကို အာမ ခံချက်‌ ပေးသည်။ ယခုလက်ရှိအချိန်မှာပင် သူတို့သည်ကျွန်ုပ် တို့ကို ချစ်ခြင်းမေတ္တာ ကြွယ်ဝလာအောင် ကူညီပေးသည်။ အဆိုးဆုံး‌သော ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန် လိုအပ်သည်မှာ ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာ ဆင်းရဲနွမ်းပါးခြင်း ဖြစ်သည်။

ယုံကြည်သူခရစ်ယာန်များ သည် ကျွန်ုပ်တို့ လိုအပ်သည့်အရာများကို တောင်းဆိုနေမည့်အစား ဆင်းရဲနွမ်းပါးသူ များထံသို့ ကျွန်ုပ်တို့၏ လက်ကို ဆုပ်ကိုင်ရုံမျှဖြင့် ကျွန်ုပ်တို့၏ စွမ်းရည်များကို တိုးပွားအောင် ပြုလုပ်နိုင်သည်။

"အဆုံး - အောင်မြင်ခြင်းနှင့် ချစ်ခြင်းမေတ္တာ"

ပုပ်ရဟန်းမင်းကြီး "ဖရန့်စစ်" က သခင်ယေဇူး၏ ပုံဥပမာသည် ကျွန်ုပ်တို့ဘဝ၏ အဆုံးနှင့်ပတ်သက်၍ ထောက်ရှုချက်ပေးခဲ့သည်။

ကျွန်ုပ်တို့၏ဘ၀များ ကုန်ဆုံးပြီးနောက် အမှန်တရားကို ဖော်ထုတ်ပြသသော အခါ ..“‌ချစ်ခြင်းမေတ္တာ - ကျွန်ုပ်တို့ပေးခဲ့သော ချစ်ခြင်းမေတ္တာသည် စစ်မှန်သော ကြွယ်ဝချမ်းသာမှုအဖြစ် ထင်ရှား‌နေစဉ်၊ အောင်မြင်မှု၊ အာဏာနှင့် ငွေသည် ဘဝကို အဓိပ္ပာယ်ရှိစေသည် ဆိုသည့် အတွေးနှင့်အတူ ဤလောက ၏ ဟန်ဆောင်မှုသည် မှေးမှိန်သွားလိမ့်မည်။ အကယ်၍ ဆင်းရဲနွမ်းပါး‌သောဘ၀ကို မရှင်သန်လိုလျှင် ဆင်းရဲနွမ်း ပါးသူများ၌ သခင်ယေဇူးကို မြင်တွေ့ရဖို့၊ ဆင်းရဲသားများအား ကူညီခြင်းအားဖြင့် သခင်ယေဇူးကို အစေခံနိုင်ရန် ကျေးဇူးတော်ကို တောင်းကြပါစို့” ဟူ၍ မြွက်ကြားခဲ့သည်။

"မကြာသေးမှီက ကိုယ်ကျိုးစွန့်ဝန်ဆောင်မှု ပုံဥပမာ"

နောက်ဆုံးတွင် ပုပ်ရဟန်း မင်းကြီး အရှင်သူမြတ်သည် လွန်ခဲ့သည့် ၂ လက ဆင်းရဲ သားများအား အမှုဆောင်နေစဉ်၊ အသတ်ခံခဲ့ရသည့် အီတလီဘုန်းတော်ကြီးကို သတိပြန်မူစေခဲ့သည်။

"ဖာသာရ် ရောဘတ်တိုမာလ်ဂျီစီနီ (Fr. Roberto Malgesini)" သည် "ကိုမော" ၏ အီတလီလူမျိုးများ၏မြို့ရှိ "စိန့် ရော့ခ် (Rocco)" စီရင်စုနယ်တွင် အသတ်ခံခဲ့ရသည်။ သူ့ကို သတ်ဖြတ်ခဲ့သူမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိသူ တူနီးရှားလူမျိုးတစ်ဦး ဖြစ်ပြီး၊ "ဖာသာ ရောဘတ်တို" ကိုယ်တိုင် ကူညီခဲ့သူတစ်ဦး ဖြစ်သည်။ ၎င်းဘုန်းကြီးမှာ သီအိုရီတွေကို စိတ်မဝင်စားသူဖြစ်‌ကြောင်း၊ သူသည် ဆင်းရဲ နွမ်းပါးသူများ၌ သခင်ယေဇူးကို ရိုးရိုးသားသား တွေ့မြင်သူဖြစ်ပြီး၊ ထိုသူတို့ကို အစေခံမှု ပြုခြင်းအားဖြင့် ဘဝ၏ အဓိ ပ္ပာယ်ကို ရှာ‌ဖွေတွေ့မြင်ခဲ့သူ ဖြစ်သည်။ သူသည် နှစ်သိမ့်မှုကိုပေးသော ဘုရားရှင်၏ နာမတော်အားဖြင့် ဆင်းရဲ သားများ၏ မျက်ရည်များကို သူ၏ နူးညံ့သိမ်မွေ့ခြင်းအား ဖြင့် ခန်းခြောက်စေခဲ့သူ ဖြစ် သည်။

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် မိမိဘဝကို ဆင်းရဲ သားများ၌သာ ပုံအပ်ခဲ့သော ဘုန်းတော်ကြီး "ရောဘတ်တို" ကို ချီးမွှမ်းရာ၌ "သူ့နေ့ရက်၏ အစသည် ဘုရားရှင်ထံမှ ဆုကျေးဇူးတော်များ လက်ခံရရှိရန် ဆုတောင်းပဌနာပြုခြင်းဖြစ်ပြီး၊ သူ့နေ့ရက်ရှင်သန်ရခြင်း၏ အဓိက ရည် ရွယ်ချက်မှာ သူခံစားရရှိခဲ့သော ချစ်ခြင်းမေတ္တာကို အသီး အပွင့်များ ဖြစ်ထွန်းစေရန် ဖြစ်ပြီး သူ့ဘဝ၏ နောက် ဆုံး အချိန်၌ ဧဝံဂေလိတရား‌ တော်ကို ရှင်းလင်းစွာသက် သေ ခံနိုင်ခဲ့သူဖြစ်သည်” ဟူ၍ ပြောကြားရင်း၊ အတုယူထိုက်သူ သစ္စာရှိ‌သော ဘုရား၏ အစေခံအဖြစ် သတ်မှတ်ကာ ဩဝါဒတရားတော်မြတ်ကို အဆုံးသတ်ခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA
https://bit.ly/3kBSXuy

Add new comment

3 + 15 =