Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကမ္ဘာ့ငြိမ်းချမ်းအတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် တိုက်တွန်း
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့ ကမ္ဘာ့ငြိမ်းချမ်းအတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် တိုက်တွန်း ခဲ့ပါတယ။
ကမ္ဘာတစ်ဝန်းလုံးက တချို့ရက်စက်တဲ့ စစ်ဖြစ်ပွါးနေတဲ့ နေရာ တွေမှာ ဒုက္ခခံစားနေရသူတွေကို ကျွန်ုပ်တို့ သတိရကြပါစို့။ အထူးသဖြင့် အစ္စရေး၊ ပါလက်စတိုင်းနဲ့ ယူကရိန်းတို့မှာပါ။
နှစ်သစ်အစမှာ ငြိမ်းချမ်းစေဖို့ ကျွန်ုပ်တို့ ကောင်းမွန်တဲ့ဆန္ဒပြုခဲ့ကြ ပေမယ့်လည်း စစ်လက်နက်တွေနဲ့ သတ်ဖြတ်ခြင်းနဲ့ ဖျက်စီးနေကြတယ်။ စစ်ပွဲဟာ ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘဲ အဆောက်အဦးနဲ့ မြို့ရွာတွေ ဖျက်ဆီးပြီး ပြည်သူတွေ သေဆုံးစေလို့ ဒီလိုပဋိပက္ခမျိုး ကိုင်တွယ်တဲ့ အာဏာရှိသူတွေ ပြန်သုံးနိုင်ကြဖို့ ဆုတောင်း ကြပါစို့။
တစ်နည်းအားဖြင့် ယနေ့ စစ်တိုက်ခြင်းဟာ လူသားထု တစ်ရပ်လုံးကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်။
စစ်ပွဲက လူသားထုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်း ကျွန်ုပ်တို့ သတိရ ကြပါစို့။
လူတိုင်းက ငြိမ်းချမ်းရေး လိုအပ်နေတယ်။
ကမ္ဘာကြီးက ငြိမ်းချမ်းရေး လိုအပ်နေပါတယ်။
ထန်းဟာ, SJ
Ref: Catholic News Service
#PopeFrancis #War #Peace #Prayer
Add new comment